Facebook က သူ့ရဲ့ Mobile App တွေကို အသုံးပြုနေချိန်မှာ ခလုတ်တွေကို
နှိပ်လိုက်ရင် အသံမြည်အောင် ပြုလုပ်ပေးထားပါတယ်။ News Feed ရဲ့ ထိပ်ဆုံးကနေ
လက်နဲ့ အောက်ကို ပွတ်ဆွဲပြီး Update လုပ်ရင်၊ Like Button နဲ့ Comment
Button တို့ကို နှိပ်ရင် အသံမြည်မှာ ဖြစ်ပြီး ဒါတွေကို In-App Sound လို့
ခေါ်ပါတယ်။ အဲဒီအသံတွေကို မကြားချင်သူများကတော့ Disable ပြုလုပ်နိုင်ပါတယ်။
iOS
iOS Device ပိုင်ရှင်များအတွက် ညာဘက်အောက်ထောင့်မှ More ခလုတ်ကို နှိပ်ပြီး အောက်ကို ဆင်းသွားပါ။ Settings ကို နှိပ်ပြီး Sounds ကို တစ်ချက်နှိပ်ပါ။ In-App Sound မှာ Off လုပ်ပေးပါ။

Android
Android Device များမှာတော့ ညာဘက်အပေါ်ထောင့်မှ Menu ခလုတ်ကို နှိပ်ပါ။ အောက်ကို ဆင်းသွားပြီး App Settings ထဲဝင်ပါ။ Sounds ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။

အခုဆိုရင်တော့ Facebook ရဲ့ In-App Sound တွေကို ပိတ်ပြီးပြီ ဖြစ်တဲ့ အတွက် အသံတိတ်ဆိတ်စွာနဲ့ Facebook ကို အသုံးပြုနိုင်ပါပြီ။

www.pyaephyo.com