မကြာခင်မှာ အင်တာနက်ဒေတာအများကြီးကုန်မှာ ပူစရာမလိုဘဲ Messenger ကို အချိန်ပြည့်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Facebook ဟာ အင်တာနက်ဒေတာအသုံးပြုမှုချွေတာပေးမယ့် Data Saver လုပ်ဆောင်ချက်ကို Messenger Android beta ဗားရှင်းမှာ စမ်းသပ်နေပြီဖြစ်ပြီး၊ မကြာခင် တရားဝင်ထုတ်ပေးသွားဖွယ်ရှိပါတယ်။
Data Saver မဖွင့်ထားဘူးဆိုရင် ကိုယ့်ဆီပို့လိုက်တဲ့ဖိုင်တိုင်းကို ဖိုင်ဆိုက်ဘယ်လောက်ရှိရှိ၊ ကိုယ်တကယ်ကြည့်ချင်ချင်၊ မကြည့်ချင်ချင် Messenger က အလိုလိုဒေါင်းလုဒ်ဆွဲမှာပါ။ ဒါပေမယ့် Data Saver ဖွင့်လိုက်တဲ့အခါမှာတော့ ကိုယ်ကြည့်ချင်တဲ့ ဓာတ်ပုံတစ်ပုံ (သို့) ဗီဒီယိုတစ်ခုကိုပဲ ကလစ်နှိပ်ကာ ကြည့်နိုင်မှာဖြစ်ပါတယ်။ သာမန် text စာသားတွေကတော့ ပုံမှန်အတိုင်းပါပဲ။
Data Saver ကို SIM အင်တာနက်လိုင်းနဲ့ သုံးနေတဲ့အခါမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Wi-Fi နဲ့ သုံးမယ်ဆိုရင်တော့ သုံးနိုင်မှာမဟုတ်ပါဘူး။
ဒီ့အပြင် Data Saver ကနေ အင်တာနက်ဒေတာဘယ်လောက်ချွေတာပေးထားလဲဆိုတာကိုပါ ပြသပေးမယ့် counter လေးလည်းပါရှိပြီး၊ အစကနေ ပြန်မှတ်ခိုင်းထားလို့လည်းရတာကြောင့် လစဉ်အင်တာနက်အစီအစဉ်နဲ့ သုံးသူတွေအတွက် တော်တော်အသုံးဝင်မှာဖြစ်ပါတယ်။
ယခု update ကို လက်ရှိမှာ Facebook က စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးပြီး၊ တရားဝင်ရယူနိုင်ခြင်းမရှိသေးပါဘူး။ စမ်းသပ်အသုံးပြုချင်ရင်တော့ Google Play beta program ဒါမှမဟုတ် အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

Facebook Messenger 93.0.0.9.69 beta
www.pyaephyo.com