10/19/2016

♪ သင့်​ရဲ့ ကွန်​ပျူတာမှာ C:\ က default drive ဖြစ်​​နေရတဲ့အ​ကြောင်းရင်း ♫


သင် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ‘C’ က default drive ဖြစ်နေတာကိုသတိပြုမိမှာပါ။ ဘာကြောင့်ဒီလိုဖြစ်ရ လဲ? `C´ ကပဲ default drive ဖြစ်ပြီး ‘A’ နဲ့ ‘B’ က မဖြစ်တာလဲ? ‘C’ drive အပြင် ‘D’ နဲ့ ‘E’ ရှိပြီး USB ထိုးလိုက်ရင် ‘F’ နဲ့ ‘G’ စသဖြင့် နာမည်ပေးပြီးသားတွေ့ရပါတယ်။ဒါဆို ‘A’ နဲ့ ‘B’ ကဘယ်မှာလဲ?



အရင်သုံးတဲ့သူတွေကတော့ ဘာကြောင့်လဲသိနိုင်ပေမယ့် computer ကို စသုံးမယ့်သူဆိုရင်တော့ ဒီမေးခွန်းတွေက စိတ်ရှုပ်စရာပါပဲ။ အဖြေကတော့ ကွန်ပျူတာတွေကို တိုးတက်အောင်လုပ်နေတဲ့အချိန်တွေတုန်းက ကွန်ပျူတာတွေမှာ ဖိုင်တွေသိမ်းဖို့ internal drive ကသိပ်မကြီးပါဘူး။ အဲ့ဒီအစား floppy disk တွေပါလာပါတယ်။ Floppy disk drive ကိုတော့ ‘A’ drive လို့ခေါ်ပြီး ဆိုဒ် 5 1/4 လက်မ နဲ့ 3 1/2 လက်မ ဆိုပြီး နှစ်မျိုးလာပါတယ်။ 5 1/4 လက်မ အရွယ် floppy disk ကိုတော့ ‘A’ drive လို့ခေါ်ပြီး 3 1/4 လက်မအရွယ် floppy disk ကိုတော့ ‘B’ drive လို့ခေါ်ပါတယ်။



အဲ့ဒီနောက်မှာ Hard Disk drive ထွက်လာပါတယ်။ သူ့ကိုတော့ ‘C’ drive လို့ခေါ်ပြီး ကွန်ပျူတာရဲ့ operating system (OS) ကိုသိမ်းဆည်းဖို့ဖြစ်ပါတယ်။



ကွန်ပျူတာ field မှာတော့ Hard Disk တွေက ဈေးပေါလာပြီး storage များများသိမ်းလို့ရပါတယ်။ ကွန်ပျူတာတီထွင်သူတွေရဲ့ Floppy disk တွေကို အသုံးပြုမှု ကျဆင်းလာပြီး မတွင်ကျယ်တော့ပါဘူး။ ‘A’ နဲ့ ‘B’ drive တွေကတော့ ပျောက်ကွယ်သွားပြီး ‘C’ drive ပဲ လက်ရှိကျန်နေပါတယ်။ ကွန်ပျူတာတွေရဲ့ Operating system ကို ‘C’ drive မှာတင်ထားတဲ့အတွက် ‘C’ က default drive ဖြစ်နေတာပါ။

သင့်ရဲ့ Hard Disk drive နဲ့ တခြား external drive တွေကို နာမည်အစဉ်လိုက်ထားချင်ရင်တော့ ကွန်ပျူတာရဲ့ Administrative rights မှာ ဝင်ပြောင်းလို့ရပါတယ်။ဒါကတော့ သင့်ရဲ့ ကွန်ပျူတာမှာ ‘C’ drive က default ဖြစ်နေရတဲ့ အကြောင်းရင်းတွေပါပဲ။


Nwe Oo Thant (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com