Windows Version တစ်ဆင့်ပြီးတစ်ဆင့်တက်လာသည်နှင့်အမျှ OS
၏ဖိုင်အရွယ်အစားကြီးလာသည်။ ထို့အတူ အခြား Third party app တို့ကလည်း ကြာလေ
ဖိုင်အရွယ်အစားကြီးလေဖြစ်သည်။ Photoshop လို Software မျိုးမှာ
ပိုဆိုးသည်။ Software များသာမကပါ browser များကလည်းစွမ်းဆောင်ရည်
အလွန်မြင့်မားလာသည်ဖြစ်၍ မင်မိုရီအလွန်စားလာပါသည်။ ယနေ့ခေတ် 4 GB RAM သည်
မူလကဆိုလျှင် အလွန်များ ကောင်းများပါလိမ့်မည်။ သို့သော် Software များကို
အပြိုင်ဖွင့်သုံးသည့်အခါ 64 bit version များ သုံးသည့်အခါ နည်းများနေသလားဟု
စဉ်းစားမိပါသည်။
မင်မိုရီအလွန်စားသော browser တို့၏မင်မိုရီအသုံးကို ကြပ်မတ်ထိန်းသိမ်းကြည့်ကြပါမည်။ Browser များအနက်အသုံးအများဆုံးမှာ Chrome နှင့် Firefox browser များဖြစ်သဖြင့် ယင်းတို့ကို ဦးစားပေး၍ ပြောပါမည်။ ပထမဦးစွာ Chrome browser ကို ကြည့်ပါမည်။ Chrome browser သည် extension အများအပြား ထည့်သုံးလျှင်သော်လည်းကောင်း၊ tabs အများအပြားဖွင့်ထားပြီး ကြာကြာသုံးလျှင်သော်လည်းကောင်း မင်မိုရီအလွန်စားသည်ဟု နာမည်ကြီးသည်။ ကံကောင်းသည့်ကိစ္စမှာနောက်ပိုင်းထွက် Chrome browser တို့တွင် task manager အသင့်ပါလာခြင်းဖြစ်ပါသည်။
Task manager ပါဝင်လာခြင်း၏ ကောင်းကျိုးမှာ မည်သည့် tab နှင့် extension တို့က မင်မိုရီအများစုအား စားသုံးနိုင်သည်ကို သိခွင့်ရခြင်းပင်။ ထိုသို့သိရသဖြင့် မင်မိုရီအလွန်အကျွံစားနေသော အရာများကိုရွေးချယ်ပြီး ရပ်ဆိုင်းခွင့်ရလာပါသည်။ Task manager ကိုခေါ်ယူရန်အတွက် Shift နှင့် Esc ကို browser ဖွင့်ထားခိုက်တွင် တွဲ၍နှိပ်ပါ။ ယင်းသည် Window ငယ်တစ်ခုဖြင့် ဖွင့်လာပါမည်။ Memory heading ကို ရွေးချယ်ကလစ် နှိပ်ခြင်းဖြင့် RAM အများဆုံး စားသောအရာတို့ကို ကြီးစဉ်ငယ်လိုက်တန်းစီ၍ ပြသ ပါမည်။ ယင်းထဲမှ မိမိပိတ်လိုသော task တစ်ခုကိုရွေးပါ။ ပြီးလျှင် End process button ကိုနှိပ်ပြီး ပိတ်လိုက်ပါ။
Chrome browser သုံးထားသော memory ထဲမှအချို့လွတ်ထွက်လာစေရန် about : memory ကိုလည်း အသုံးပြုနိုင်သည်။ Chrome ၏ task manager ထဲတွင် stats for nerds ပါသည်။ ယင်းက Chrome ၏ about memory page ကိုလှမ်း၍ချိတ်ဆက်ပေးပါသည်။ ယင်းနေရာသို့တိုက်ရိုက်ရောက်ရှိလိုသည်ဟုဆိုလျှင် အင်တာနက်လိပ်စာရိုက်ထည့်သောနေရာ၌ about : memory ဟုရိုက်ထည့်ပြီး enter ခေါက်ပါ။ Chrome ထဲရှိ memory အသုံးနှင့်ပတ်သက်သောသတင်းအချက်များကိုလာ၍ပြပါမည်။ ထိုထဲတွင် မိမိ install လုပ်ထားသော extension များက RAM မည်မျှစားသုံးနေသည် ဟူသောသတင်းအချက်အလက်လည်းပါဝင်ပါမည်။ Extension တို့အနက်တွင် Adblock plus သည် မင်မိုရီအစားဆုံးဖြစ်ကြောင်း တွေ့ရပါမည်။
Browser သုံးသည့်အခါ မိမိက အသစ်ဖွင့်သဖြင့်ဖြစ်စေ သက်ဆိုင်ရာ Website က လမ်းလွှဲပြီးပို့သဖြင့်ဖြစ်စေ tab တစ်ခုထက်မကရှိနေတတ်ပါသည်။ သို့ရာတွင် tab တိုင်းသည် အလုပ်လုပ်နေမည်မဟုတ်ပါ။ ယင်းတို့အထဲတွင် idle ဖြစ်နေသော tab များလည်းရှိပါသည်။ ယင်းတို့ထဲမှ idle ဖြစ်သော tab တို့ကိုရှင်းပစ် ခြင်းဖြင့်လည်း မင်မိုရီအစားသက်သာနိုင်ပါသည်။ Tab များလွန်းခြင်းသည် မိမိကြည့်လိုသော web page တစ်ခုအား ပြန်ရှာရာတွင်လည်း အခက်အခဲတွေ့စေပါသည်။
အလုပ်မလုပ်ဘဲငြိမ်နေသော tab များကိုရှင်းလင်းရန်အတွက် One Tab ကို သုံးနိုင်သည်။ ယင်းကို www.one-tab-com မှ download ချယူနိုင်ပါသည်။ Chrome နှင့် Firefox နှစ်မျိုးစလုံးအတွက်သုံးနိုင်သော add-on ဖြစ် ပါသည်။ ယင်းက ပွင့်နေသော tab အားလုံးကို စုစည်းပြီး တစ်ခုတည်းသော tab အောက်တွင် စာရင်းတစ်ခုဖြင့် ပြသပေးပါသည်။ Tab တစ်ခု တည်းအောက်သို့ဆွဲသွင်းလိုက်သဖြင့် မင်မိုရီအစားသက်သာစေသည့်ပြင် website အားလုံးကို တစ်နေရာတည်းမှနေ၍ ပိုမိုလွယ်ကူစွာစီမံခန့် ခွဲလာနိုင်ပါသည်။ One Tab ကိုသုံးခြင်း ကြောင့် မင်မိုရီစားသုံးမှုကို ၉၅ ရာခိုင်နှုန်းအထိ သက်သာစေသည်ဟု အဆိုရှိပါသည်။ လက်တွေ့အသုံးပြုရာ တွင် ယင်းရာခိုင်နှုန်းအထိမရရှိသော်လည်း မင်မိုရီစားခြင်းမှ သိသိသာသာ လျော့နည်းစေပါသည်။
Chrome က မင်မိုရီအသုံးပြုခြင်းကို သိသာစွာလျော့နည်းစေမည့် extension များထဲတွင် The Great Suspender လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ယင်းကို www.bit.ly/gt suspend 357 မှနေ၍ download ချပြီး အသုံးပြုနိုင်ပါသည်။ Chrome ၏ မင်မိုရီစားသုံးမှုကို ထိရောက်စွာလျှော့ချနိုင်ရန် ယင်းကို ဒီဇိုင်းဆွဲထားပါသည်။ ယင်းက မင်မိုရီစားသုံးမှုလျော့နည်းစေပြီး မင်မိုရီအလွတ်များပေါ်လာစေရန်အတွက် ပွင့်နေသော tab များကို park and suspend အဖြစ် တစ်လှည့်စီပြုလုပ်ပါသည်။ သုံးနေသည့် tab ကို မင်မိုရီပေါ်တင်ပေးလိုက် မသုံးဘဲထားသည်ကို မင်မိုရီမှ ဖြုတ်ချလိုက် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
The Great Suspender သည် အချိန်သတ်မှတ်ချက်တစ်ခုဖြင့် tab များကို auto-suspend ပြုလုပ်စေရန်လည်း စီစဉ်ပေးနိုင်ပါသည်။ ထို့ပြင် မိမိအထိအခိုက်မခံလိုသော tab များကို White list တွင် ထည့်သွင်းပြီး Suspend ပြုလုပ်ခြင်းမှ ရှောင်ရှားနိုင်စေပါသည်။ ဤ extension သည် သက်ဆိုင်ရာ website တစ်ခု သို့မဟုတ် web service တစ်ခု ဥပမာ Gmail အားအလျင်အမြန်သွားရောက်လိုပါက အထူး အသုံးတည့်ပါသည်။
မင်မိုရီအစားသက်သာစေသောနောက်ထပ်နည်းလမ်းတစ်ခုမှ ကြော်ငြာပိတ်ပင်တားဆီးသော ad blocker များထဲမှ မင်မိုရီအစား နည်းသော ပေါ့ပေါ့ပါးပါး ad blocker တစ်ခုကို ရွေးချယ်အသုံးပြုခြင်း ဖြစ်ပါသည်။ Ad block Plus သည် မင်မိုရီအလွန်စားသည့်အတွက် ပေါ့ပေါ့ပါးပါး Adfender လို blocker တစ်ခုအား အသုံးပြုနိုင် သည်။ ယင်းကို www. Adfender.com မှနေ၍ download ချပြီးအသုံးပြုနိုင်သည်။ Qblock သည်လည်း မင်မိုရီအစားသက်သာသော ad blocker တစ်ခုဖြစ်သည်။ ယင်းကို www.bit.ly / ublock 357 မှ download ချပြီး အသုံးပြုနိုင်သည်။ ယင်းတို့သည် Adblock Plus နှင့်အသုံးပြုသော filter တူသော်လည်း မင်မိုရီများများစားစား သုံးခြင်းမရှိပါ။
Chrome ကဲ့သို့ပင် လူသုံးများပြီး မင်မိုရီစားသုံးမှုများသည်မှာ Firefox browser ဖြစ်ပါသည်။ ဤ browser သည် ကြာကြာပွင့်ပြီး active ဖြစ်လေလေ မင်မိုရီစားသုံးမှုများလေလေဖြစ်သည်။ Firefox ၏ မင်မိုရီစားသုံးမှု ကို လျှော့ချနိုင်မည့်အကောင်းဆုံးနည်းလမ်းမှာ browser restart လုပ်ခြင်းဖြစ်သည်။ တစ်နည်းပြောရရင် ဖွင့်ထားသည်မှာကြာပြီဖြစ်သော Firefox အားပိတ်ချပြီး ပြန်ဖွင့်ခြင်းဖြစ်ပါသည်။ သို့သော် တခုတ်တရ သတိထားစောင့်ကြည့်ပြီး ပြုလုပ်ရမည့်အလုပ်ဖြစ်ပါသည်။ အလိုအလျောက်ပြုလုပ်မှုကိုအလိုရှိလျှင် Memory Restart ကို အသုံးပြုနိုင်သည်။ ယင်းကို www.bit.ly/memoryrestart 357 မှ download ချပြီး အသုံးပြုနိုင်သည်။ အလွယ်တကူယူသုံးနိုင်သော add-on တစ်ခုဖြစ်ပြီး ယင်းက browser ၏မင်မိုရီစားသုံးမှုကို မိမိကိုယ်စား စောင့်ကြည့်ပေးပါမည်။
မင်မိုရီစားသုံးမှု အလွန်များလာသည့်အခါ မိမိ အားသတိပေးပါမည်။ ထိုအခါတွင်ကလစ်တစ်ချက်နှိပ်ရုံဖြင့် browser restart ပြုလုပ်နိုင်ပါမည်။ ထို့ပြင် ဤ add-on ကိုသုံး၍ သတ်မှတ်ထားသည့် မင်မိုရီအသုံးပြုမှု အဆင့်တစ်ခုကို ကျော်လွန်သွားသည့်အခါ Firefox အားအလိုအလျှောက် restart ကျသွားစေရန်စီစဉ်ဆောင်ရွက်နိုင်ပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

www.pyaephyo.com