10/15/2016

♪ နည်းပညာလောကထဲက အံ့အားသင့်ဖွယ်ရာ ဗဟုသုတများ ♫


IT လို့ အလွယ်ခေါ်တဲ့ Information Technogly ခေတ်ကြီးထဲမှာ နည်းပညာအသစ်အဆန်းတွေ တိုးတက် ထွန်းကားလာတဲ့အလျောက် လူသားတွေအနေနဲ့ ၄င်းတို့ရဲ့ နေ့စဉ်ဘဝတွေကို နည်းပညာ ပစ္စည်းတွေ အသုံးမပြုဘဲ နေထိုင်ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုလိုဖြစ်နေပါပြီ။

နည်းပညာပစ္စည်းတွေကို အသုံးများလာနဲ့ အမျှ နည်းပညာအကြောင်းကို နှံ့နှံ့စပ်စပ် သိချင်တဲ့သူတွေ လည်းများပြားလာတာကိုတွေ့ရပါတယ်။ နည်းပညာတွေစတင် လာခဲ့တဲ့အချိန်ကာလကစလို့ အခုအချိန်ထိ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အံ့အားသင့်ဖွယ် ကောင်းခဲ့တဲ့ ကျရှုံးမှုတွေ ၊ အလွဲအချော်တွေ ၊ အောင်မြင်မှုတွေနဲ့ ဗဟုသုတရဖွယ် အချက်အလက်တွေ အများအပြားရှိခဲ့ပါတယ်။ အဲ့ဒါတွေထဲက စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတ အချက်အလက်လေးတွေကို ထုတ်နုတ် ဖော်ပြပေး လိုက်ပါတယ်။

2

စာစီစာရိုက်သူတစ်ယောက်ရဲ့လက်ချောင်းတွေဟာ ပျှမ်းမျှအားဖြင့် နေ့စဉ် (၁၂.၆) မိုင်စာ လှုပ်ရှားပါတယ်။ ဒီအကွာအဝေးဟွာ မာရသွန် ပြိုင်ပွဲရဲ့ တစ်ဝက်တိတိရှိပါတယ်။

32

လူတစ်ယောက်ဟာ သာမန်အားဖြင့် တစ်မိနစ်မှာ အကြိမ်(၂၀) မျက်တောင်ခတ်ပေမယ့်  ကွန်ပျူတာ အသုံးပြုနေသူ တစ်ယောက်ကတော့ ပျှမ်းမျှအားဖြင့် တစ်မိနစ်မှာ (၇) ကြိမ်သာ မျက်တောင်ခတ်ပါတယ်။

41

Microsoft Windows ရဲ့ ဖခင်ကြီးဖြစ်တဲ့ Bill Gates ရဲ့ အိမ်ကို Apple ရဲ့ Mac နဲ့ ဒီဇိုင်းဆွဲ ထားတာဖြစ်ပါတယ်။

52

မိုဘိုင်းဖုန်း နဲ့ ပထမဦးဆုံး ဖုန်း ခေါ်ဆိုမူကို (၁၉၇၃)ခုနှစ် ဧပြီလ (၃)ရက်နေ့မှာ Motorola ရဲ့ လက်ဦးတီထွင်သူ Martin Cooper ကခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ Martin Cooper ဟာ “father of the cellphone” လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။

US မှာ ပထမဦးဆုံး မူပိုင်ခွင့်တင်ခဲ့တဲ့ ကွန်ပျူတာဂိမ်းနှစ်ခုကတော့ (၁၉၈၀) မှာထွက်ရှိခဲ့တဲ့ Lunar Lander နဲ့ Asteroids တို့ဖြစ်ပြီး Atari 2600 ဂိမ်းစက်နဲ့ ဆော့ကစားရတာဖြစ်ပါတယ်။ ထူးခြားတာက Atari 2600 ဂိမ်းစက်ကို (၁၉၇၇) ခုနှစ် အောက်တိုဘာလ (၁၄) ရက် (ဒီကနေ့) မှာပဲဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ပထမဦးဆုံး ဂိမ်းစက်ဖြစ်တဲ့ Atari 2600 ဂိမ်းစက်အကြောင်းအပြည့်အစုံ ကို ဒီ Link မှာဖတ်ရှုနိုင်ဖို့ 

82

Radio တွေကို တီထွင်အပြီးမှာ အသုံးပြုသူ သန်း(၅၀) ရဖို့ (၃၈) နှစ်ကြာပြီး TV တွေကတော့ (၁၃) နှစ်သာကြာခဲ့ပါတယ်။ အင်တာနက်ပေါ်ပေါက်လာတဲ့အခါ အသုံးပြုသူ သန်း(၅၀) ပြည့်ဖို့ (၄) နှစ်စောင့်ခဲ့ရပေမယ့် Facebook ကတော့ (၂) နှစ်ပဲကြာခဲ့ပါတယ်။

18kx87ru9c3brjpg

ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းကတော့ IBM Simon ဖြစ်ပြီး (၁၉၉၃) ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။  IBM ကုမ္ပဏီ ရဲ့ လက်ရာဖြစ်တဲ့ ဒီ စမတ်ဖုန်းမှာ Touchscreen ၊ ပြက္ခဒိန် နဲ့ Fax Feature တွေ ပါဝင်ခဲ့ပါတယ်။

nokia-1100

ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအနေနဲ့ (၂၀၀၃) ခုနှစ်က ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ခဲ့တဲ့ Nokia 1100 ကရပ်တည်ခဲ့ပြီး အံအားသင့်ဖွယ်ကောင်းလောက်တဲ့ ရောင်းအားအဖြစ် အလုံးရေ သန်း(၂၅၀) ရောင်းချခဲ့ရပါတယ်။ စမတ်ဖုန်း လောကမှာတင်မက နည်းပညာလောကတစ်ခုလုံးရဲ့ သမိုင်းမှာပါ အခုချိန်ထိ ရောင်းအားအကောင်းဆုံး Handset အဖြစ်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ (၂၀၁၁) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sony ရဲ့ Playstation 2 ဂိမ်းစက်ဖြစ်ပါတယ်။ အလုံးရေ သန်း(၁၅၀)ကျော် ရောင်းချခဲ့ရပါတယ်။

121-846x423-1

မိနစ်တိုင်းမှာ နာရီ (၁၀၀) ကျော်စာ Video တွေကို Youtube ပေါ် တက်လို့နေပါတယ်။

131

နေ့စဉ် ပို့နေတဲ့ Email ပေါင်း သန်း (၆၀၀၀) ရဲ့ (၉၇) ရာခိုင်နှုန်းက spam အဖြစ် သတ်မှတ်ခံရပါတယ်။ အဲဒီ့အတွက် စောင့်မျှော်နေတဲ့ Email တွေ Inbox ထဲမရောက်ရင် spam box မှာဝင်ရှာသင့်ပါတယ်။

141-300x598

ကမ္ဘာပေါ်မှာ လူသားဦးရေ သန်းပေါင်း (၇၄၀၀) ရှိပါတယ်။ အဲ့အထဲက သန်း (၄၀၀၀) ဟာ မိုးဘိုင်းဖုန်း အသုံးပြုကြပြီး သန်းပေါင်း (၃၅၀၀) သာ သွားပွတ်တံ အသုံးပြုကြပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com