တန်ဖိုးနည်းပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတွေ ထုတ်လုပ်တဲ့ Blu
ဟာ ယခုအခါ Energy စီးရီးနဲ့ ဒေါ်လာ ၁၀၀ တန် Android
ဖုန်းသစ်တစ်မျိုးထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။ Blu Energy X Plus 2
မော်ဒယ်ဟာ မနှစ်က ထုတ်လုပ်ခဲ့တဲ့ Energy X Plus လိုမျိုးပဲ တန်ဖိုးသင့်ပြီး
ဘက်ထရီပမာဏကောင်းမွန်တဲ့လုပ်ဆောင်ချက်အပြင် တခြား
လုပ်ဆောင်ချက်ကောင်ကောင်းတွေ ပါဝင်ပါတယ်။
Blu ဟန်းဆက်အသစ်မျာ 4900 mAh ပါဝင်ပြီး ထုတ်လုပ်သူတွေရဲ့အဆိုအရ သာမန်အသုံးပြုမှုတွေ ကိုပြုလုပ်မယ်ဆိုရင် ၃ရက်အထိ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဘက်ထရီကို အားအမြန်သွင်း နည်းပညာအသုံးပြုထားပြီး Energy X Plus 2 ရဲ့ အဓိကအားသာချက်ဖြစ်တယ်လို့ သိရပါတယ်။

၅.၅လက်မအရွယ်၊ 720 x 1280 pixles ရှိတဲ့ မျက်နှာပြင်ပါဝင်မှာ ဖြစ်ပြီး Blu Energy X Plus 2 ဟာ Quad-core MediaTek MTK6580 Processor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ RAM ပမာဏကတော့ 1GB ဖြစ်ပြီး 8GB Internal Memory ပါဝင်ပါတယ်။ SD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ 8MP ရှိတဲ့ ကျောဘက်ကင်မရာနဲ့၊ 5MP ရှေ့မျက်နှာကင်မရာတွေကို တပ်ဆင်ထားပြီး LED flash, Dual SIM နဲ့ HSPA connectivity တို့ပါဝင်တယ်လို့ သိရပါတယ်။
Blu Energy X Plus 2 ဟာ Android 6.0 Marshmallow နဲ့အလုပ်လုပ်မှာ ဖြစ်ပြီး Android 7.0 Nougat ကို Update လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စမတ်ဖုန်းကို လက်ရှိမှာ ဝယ်ယူနိုင်ပြီဖြစ်ပြီး Amazon ကနေရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ၁၀၇ဒေါ်လာ ရှိမှာဖြစ်ပြီး အရောင်အနေနဲ့ အနက်၊ ရွှေနဲ့ Rose Gold ဆိုပြီး အရောင်သုံးမျိုးရရှိနိုင်မှာပါ။

www.pyaephyo.com