8/12/2016

♪ “ZTE Blade V7 Lite” ♫


ZTE သည် မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍတွင်တာဝါတိုင်များ၏ ၇၀ ရာခိုင်နှုန်း ကိုတည်ဆောက်ထားပြီးMPT, Ooredooတို့နှင့်ပူးပေါင်း လုပ်ဆောင်လျက်ရှိကာအရည်အသွေးမြင့်လိုင်းဆွဲအားအကောင်းဆုံး ဟန်းဆက်များကိုထုတ်လုပ်ဖြန့်ချိလျက်ရှိပါတယ်။ကမ္ဘာ့ဟန်းဆက်ထုတ်လုပ်မှုထိပ်တန်း(၄)နေရာတွင် ရပ်တည်လျက်ရှိပြီးနိုင်ငံပေါင်း(၁၄၀) အနက် ဆက်သွယ်ရေး ကုမ္ပဏီပေါင်း (၅၀၀)နှင့်ချိတ်ဆက်ထားသည့်တစ်ခုတည်း သောကုမ္ပဏီဖြစ်ပါတယ်။လက်ဗွေရာစနစ်အသုံး ပြုနိုင်သော ဖုန်းများဟာ တံဆိပ်အမျိုးမျိုးတွင်ရှိလာကြပါတယ်။အထူးသဖြင့်တန်ဖိုးသင့်တင့်သော ဖုန်းများတွင်ထိုစနစ်ကိုအသုံးပြုနိုင်ခြင်းဟာသုံးစွဲသူများအတွက်များစွာအဆင်ပြေစေပါတယ်။ZTE မှထုတ်လုပ်ထားသောBlade V7 Lite တွင်လည်း လက်ဗွေရာ စနစ်ကိုအသုံးပြုနိုင်ပါမယ်။လက်ဗွေရာဖြင့်ဖုန်းဖွင့်အသုံးပြု နိုင်သလို၊မိမိကြိုက်နှစ်သက်ရာApp (၅)ခုကိုမတူညီသောလက်ဗွေ(၅)ခုဖြင့် သတ်မှတ်၍ဖွင့်နိုင်ပါမယ်။Fingerprint ကိုပွတ်ဆွဲလိုက်ရုံဖြင့်လည်းBack ထွက်နိုင်ပါမယ်။Fingerprint ဖြင့်လည်းဓာတ်ပုံရိုက်နိုင်ပါမယ်။Fingerprint ကိုနှစ်ချက်နှိပ်ပါကScreen Shot ရိုက်နိုင်ပါတယ်။မည်သူမဆို အလွယ်တကူ Fingerprint မှဖုန်းဖွင့်နိုင်ပါတယ်။Contacts, SMS, Picture ဖိုင်တို့ကို Fingerprint ဖြင့်ဝှက်ထားနိုင်ပါတယ်။V7 Lite ရဲ့ဖုန်းကိုယ်ထည်ဟာ ထောင့်ဘက် စွန်းများတွင်အ၀န်းအ၀ိုက်ပုံသဏ္ဌာန်ရှိပါတယ်။ဖုန်းကိုယ်ထည်ရဲ့ အရွယ်အစားပမာဏကတော့143.8×70.2×7.9 mm ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အတွက်IPS LCD Capacitive Touchscreen ကိုအသုံးပြုပေး ထားပါတယ်။SIM card 2 card ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့်SIM ကတ်အရွယ်အစားကတော့Nano SIM ပါ။ဖုန်းရဲ့ မျက်နှာပြင်ဟာ5 inches ရှိသောကြောင့်ရုပ်ရှင်များ၊ဂိမ်းများကိုကြည့်ရှုခံစားတဲ့ အခါတွင်လွတ်လပ်ကျယ်ပြန့်စွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောPixels ပမာဏကတော့ 720×1280 ဖြစ်ပြီး၁လက်မမှာရှိမယ့်Pixel ပမာဏသိပ်သည်းဆကတော့294 ppiပါ။အသံစနစ်ဖြင့်လည်းဖုန်းကိုအသုံးပြုနိုင်ပါသေးတယ်။ကင်မရာVoice Control စနစ်ပါရှိသလိုအသံဖြင့်လည်းစိတ်ချလုံခြုံစွာဖုန်းလော့ဖွင့်နိုင်ခြင်း၊ ဖုန်းခေါ်နိုင်ခြင်းတို့လည်းဆောင်ရွက်နိုင်ပါတယ်။အနောက်ဘက်ကင်မရာဟာအ၀ိုင်းပုံသဏ္ဌာန်ရှိပါ တယ်။ဘေးဘက်တွင်တော့Flash Light ကိုထည့်သွင်း ပေးထားပါတယ်။Pro Mode ပါဝင်သောကြောင့်မိမိစိတ်တိုင်းကျ ကင်မရာ အားချိန်ညှိရိုက်နိုင်ပါတယ်။အလင်းအမှောင်ကို မြင့်မားသောစွမ်းရည်ဖြင့် လည်းချိန်ညှိပေးနိုင်ပါတယ်။၃၆၀º မြင်ကွင်းကျယ်ဓာတ်ပုံများကိုလည်း ပေးစွမ်းတဲ့ဖုန်းပါ။Photo Clear စနစ်ဟာမိမိမလိုချင်သည့်အရာများမပါစေဘဲ ရိုက်ကူးနိုင်ပါတယ်။အဓိကကင်မရာရဲ့စွမ်းရည်မှာ13MP ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့အရှေ့ဘက်တွင်လည်းFlash Light စနစ်ကိုထည့်သွင်း ပေးထားပါတယ်။ဒါကြောင့်Selfieရိုက်ကူးမှုများအတွက်ပြီးပြည့်စုံစေပါတယ်။ အထူးသဖြင့်ညဘက် (သို့) မှောင်သည့်နေရာများတွင်Selfieရိုက်ကူး ပါက အဆင်ပြေစေပါလိမ့်မယ်။ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်ကတော့8MP ဖြစ်ပါ တယ်။ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ1080p ဖြစ်ပြီးနှုန်းမှာတစ်စက္ကန့်ကို30 Frames ဖြစ်ပါတယ်။ဖုန်းများတွင်သုံးစွဲရအဆင်ပြေစေသောGesture စနစ် ကိုလည်းယခုဖုန်းတွင်ထည့်သွင်းပေးထားပါတယ်။MဟုရေးဆွဲပါကMusic လာပြီး၊Oဟုရေးဆွဲလျှင်Music ပိတ်သွားမှာဖြစ်ပါတယ်။ထို့အပြင်V, Z နှစ်မျိုး လုံးတွင်လည်းမိမိကြိုက်နှစ်သက်ရာApp နှစ်မျိုးထားနိုင်ပါတယ်။
Black Screen တွင်ညာဘက်သို့တစ်ချက်ဆွဲလိုက်ပါကသီချင်းကျော်ပြီး ဘယ်ဘက်သို့ဆွဲပါကနောက်ပြန်သွားမှာဖြစ်ပါတယ်။အသံပိုင်းတွင်Ackamys စနစ်ကိုအသုံးပြုထားပါတယ်။Google Service များတရားဝင်ပါရှိပါတယ်။ Google Play Music ပါရှိသောကြောင့်နောက်ဆုံးထွက် မြန်မာသီချင်းများ၊ နိုင်ငံတကာ သီချင်းများကိုအားပါးတရခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။Google Map စနစ်သည်လည်းသွားလာရေးအတွက်များစွာအဆင်ပြေစေပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို2GB ထည့်သွင်းပေးထားပြီးROMကို 16GB ပါရှိအောင်ဆောင်ရွက်ပေးထားပါတယ်။အချက်အလက် အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်Cardslotစနစ်ပါရှိပြီးအများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏမှာ256GB အထိဖြစ်ပါတယ်။ထည့်သွင်းပေးထားသော Chipset မှာ Mediatek MT6735P ဖြစ်ပြီးCPU ရဲ့စွမ်းရည်မှာQuad-Core 1GHz ဖြစ်ပါတယ်။GPUအမျိုးအစားကတော့Mali-T720MP2 ပါ။ အသုံးပြု နိုင်မယ့်OS အမျိုးအစားကတော့Android ဖြစ်ပြီးVersion မှာMarshmallow ဖြစ်ပါတယ်။အားသွင်းအသုံးပြုနိုင်မယ့်ဘက်ထရီအမျိုးအစားကတော့Li-Ion 2500 mAhဖြစ်ပါတယ်။Intelligent Power Saving Mode ကြောင့်Screen Off ထားချိန်တွင်မလိုအပ်သောApp များAuto Off ပေးခြင်းဖြင့်ဘက်ထရီအား ကြာရှည်အသုံးပြုနိုင်ပါတယ်။ဘက်ထရီSaver ပါရှိသောကြောင့်ဖုန်းအား ၁၅ရာခိုင်နှုန်းဖြစ်ချိန်တွင်ယင်းစနစ်ဖွင့်ထားပါကနောက်ထပ်၁၂နာရီအသုံးပြု နိုင်ပါတယ်။ဖုန်းကိုအရောင်ကွဲ များလည်းထုတ်လုပ်ပေးထားပါတယ်။ဈေးနှုန်းတန်ဖိုးမှာ၁၉၉,၀၀၀ိ/-ကျပ်ဝန်းကျင်ရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com