HTC က အမေရိကန်မှာ Desire 530 ကို ရောင်းချပေးလိုက်ပါတယ်။ HTC ရဲ့ ၀က်ဆိုက်ကနေ ရောင်းချပေးနေသလို အမေရိကန် မိုဘိုင်း အော်ပရေတာ တစ်ခု ဖြစ်တဲ့ T-Mobile ကနေလည်း ရောင်းချပေးနေပါတယ်။

HTC Desire 530 ကို ဒေါ်လာ ၁၇၉ သတ်မှတ်ထားပါတယ်။ T-Mobile ကနေ ၀ယ်ယူလျှင်မူ ဒေါ်လာ ၁၅၉.၉၉ ဖြင့် ရရှိမှာ ဖြစ်ပါတယ်။ T-Mobile ကနေ ၂၄ လ အရစ်ကျစနစ်ဖြင့်လည်း ၀ယ်ယူနိုင်ပြီး ကနဦး ပေးသွင်းငွေ မလိုအပ်ဘဲ တစ်လလျှင် ၆.၆၇ ဒေါ်လာ ပေးသွင်းရမှာ ဖြစ်ပါတယ်။