5/10/2017

♪ ဖုန်းသာ ပြောနိုင်မယ့် ဖုန်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/download.jpg?fit=800%2C450&ssl=1

စမတ်ဖုန်းများကို နေရာတိုင်း တွေ့နေကြရပါပြီ။ စမတ်ဖုန်း Apps များကနေ တည်နေရာ လမ်းညွှန်မှုများကို ကြည့်ခြင်း၊ သတင်းအချက်အလက်များ ရှာဖွေခြင်း၊ ကမ္ဘာအ၀န်းမှ လူများနဲ့ ဆက်သွယ်ခြင်း အပါအ၀င် အလုပ်များစွာကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် The Light Phone ကို အသုံးပြုပါ။

The Light Phone မှာ ဖုန်းခေါ်ခြင်းနဲ့ ဖုန်းလက်ခံခြင်းသာ ပြုလုပ်နိုင်ပါတယ်။ အများဆုံး အနေဖြင့် Phone Contacts ၉ ခုသာ သိမ်းနိုင်ပြီး အချိန်ကို ပြသပေးနိုင်ပါတယ်။ သူဟာ ခရက်ဒစ်ကဒ် အရွယ်အစားသာ ရှိတဲ့ အတွက် သေးငယ် ပေါ့ပါးပါတယ်။ Texting , Email နဲ့ အခြားအရာများကို အသုံးပြုလို့ မရပါဘူး။ စမတ်ဖုန်းနဲ့ သူ့ကို Bluetooth ကနေ ချိတ်ဆက်လို့ မရပါဘူး။ သင့်ရဲ့ စမတ်ဖုန်းမှာ The Light Phone ရဲ့ App ကို အင်စတောလုပ်ထားရင်တော့ စမတ်ဖုန်းထံ ၀င်လာတဲ့ Phone Call များကို The Light Phone ထံ လွှဲပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် The Light Phone ရဲ့ ဖုန်းနံပါတ်ကို မှတ်သားစရာ မလိုဘဲ စမတ်ဖုန်းမှ SIM Card ကို ဆက်လက် အသုံးပြုနိုင်ပါတယ်။

The Light Phone ဟာ 2G GSM ကွန်ရက်ကို အသုံးပြုပြီး ၀န်ဆောင်ခအတွက် တစ်လလျှင် ၅ ဒေါ်လာ ပေးဆောင်ရမှာပါ။ ကုမ္ပဏီက ဖုန်းဘက်ထရီ သက်တမ်းဟာ Standby Mode မှာ ၃ ရက် အသုံးခံပါတယ်။ စွမ်းရည်လျှော့ချထားတဲ့ Android OS ထည့်သွင်းထားပါတယ်။ အနက်နဲ့ အဖြူ ထုတ်လုပ်ထားပြီး ဒီဇိုင်း လှပပါတယ်။ ဒေါ်လာ ၁၅၀ ဖြင့် ကြိုတင်မှာယူနိုင်ပြီး မေလကုန်မှာ ရောင်းချမှာပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com