7/04/2016

♪ " Xiaomi Redmi 4 တွင် Helio X20 Chipset ပါဝင်လာမည်ဟုဆို " ♫


Redmi Series စမတ်ဖုန်းများတွင် Android ဈေးကွက်တွင် နေရာရလျက်ရှိပြီး အဓိကအချက်မှာ သင့်တင့်သော ဈေးနှုန်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်ဒီဇိုင်းတို့ကြောင့် ဖြစ်သည်။

Redmi 2 သည် ပြီးခဲ့သော MWC ပွဲတွင် ဒေါ်လာ ၁၀၀ အောက် အကောင်းဆုံးစမတ်ဖုန်းဆုကို ရရှိခဲ့သည်။ Redmi 3 ကိုလည်း မူကွဲ ၃ မျိုးဖြင့် တွေ့နိုင်ပြီး မူရင်း Redmi 3 မှာ Snapdragon 616 chipset, 2GB RAM နှင့် 16GB storage ပါဝင်ပြီး Redmi 3 Pro မှာ 3GB RAM နှင့် 32GB storage နှင့် Fingerprint တို့ ပါဝင်ကြောင်း သိရသည်။ 

Redmi 3s ကိုမူ Snapdragon 430 နှင့် 3GB RAM Fingerprint sensor တို့ဖြင့် ထုတ်လုပ်ထားပေးသည်။ Xiaomi သည် မကြာမီထွက်ရှိလာမည့် Redmi 4 ကိုလည်း ဆွဲဆောင်မှုရှိနိုင်သမျှရှိစေရန် ကြိုးစားထားပြီး ပေါက်ကြားခဲ့သော သတင်းများအရ Media Tek ၏ Helio x 20 chipset deca-core processor အား သုံးစွဲထားသည်ဟု သိရသည်။ 


ယခုအချိန်တွင် အခြားအသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ထိုသတင်းသာမှန်ကန်ခဲ့ပြီး Redmi ဖုန်းများ၏ သမိုင်းကြောင်းအရ ခန့်မှန်းပါက သတ္တုဖြင့်တည်ဆောက်မည်ဟု ယူဆနိုင်ကာ 5 inch ၀န်းကျင် display ပါဝင်မည်ဟု ယူဆနိုင်သည်။ 


Redmi 4 သည် ၂၀၁၇ တွင်မှ တွေ့ကြရမည်ဖြစ်သော်လည်း Xiaomi မှ စတင်စမ်းသပ်လျက်ရှိပြီဟု ယူဆနိုင်ပြီး ယခုကဲ့သို့ သတင်းပေါက်ကြားမှုသည် အံ့အားသင့်စရာ မဟုတ်ခဲ့ပေ။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com