HP ကနေ ကမ္ဘာ့အပါးဆုံး လက်ပ်တော့အဖြစ် နောက်ဆုံး ထွက်ရှိလာတဲ့ Spectre 13 ဖြစ်ပါတယ်။
10.44mm အထူသာရှိတဲ့ Spectre 13 ဟာ 12-inch MacBook နဲ့ 13-inch MacBook နှစ်မျိုးလုံးထက် ပိုမို ပါးလွှာပြီး အလေးချိန်ကလည်း 1.11kg သာ ရှိလို့ 0.92kg ရှိတဲ့ 12-inch MacBook ထက် အနည်းငယ် ပိုလေး ပေမယ့် 1.35kg ရှိတဲ့ 13-inch MacBook ထက်တော့ ပိုပေါ့ပါးနေပါတယ်။
Top-end laptop တစ်လုံးအနေနဲ့ ထွက်ရှိလာတဲ့ ဒီလက်ပ်တော့မှာ လိုဂို တံဆိပ် အသစ်ကို အကောင်းဆုံး ပြုလုပ် ဖန်တီးထားပြီး ကိုယ်ထည် အတွက် ကာဗွန်ဖိုက်ဘာနဲ့ အကြမ်းခံ ပေါ့ပါးတဲ့ အလျူမီနီယံတွေ အသုံးပြုထား ပါတယ်။
13.3-inch full-HD WLED-backlit IPS display ဟာ ရုပ်ထွက်ပိုင်း အကောင်းဆုံး ခံစားနိုင်ဖို့ ထုတ်လုပ်ပေးထားသလို ကိုယ်ထည်အတွက် copper-color အရောင်စပ် နှစ်မျိုးနဲ့ ဆွဲဆောင်မှု ကောင်းကောင်း ဖန်တီး ထားလို့လည်း ဒီဇိုင်းပိုင်းက ၀င့်ဝင့်ကြွားကြွား ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
HP Spectre 13 ရဲ့ full-sized island-style backlit keyboard ကို ကြည့်ရင်လည်း အကောင်းစား အဆင့်မြင့် လက်ပ်တော့ တစ်လုံးမှန်း သိသာနေစေပြီး USB Type-C port သုံးခု ပါဝင်ထားတဲ့အပြင် Bang & Olufsen audio နဲ့ HP speaker နှစ်လုံးကလည်း အသံပိုင်းအတွက် အကောင်းဆုံး ခံစားနိုင်ဖို့ အဆင်သင့် ဖြစ်နေလို့ အကောင်းဆုံး အရည် အသွေးကို ကြိုက်နှစ်သက်သူ တွေရဲ့ ဦးစားပေး ရွေးချယ်မှုဖြစ်ဖို့ HP က ပြင်ဆင် ထားတယ်လို့ ယူဆရ ပါတယ်။
64-bit Windows 10 laptop အမျိုးအစား ဆိုတဲ့အတိုင်း Intel's 6th generation Core i5 / Core i7 processors ကို Intel HD Graphics ၊ SSD storage 512GB ၊ 8GB LPDDR3-1866MHz RAM တွေနဲ့ Spectre 13 ကို အကောင်းဆုံး ထုတ်လုပ်ထားပြီး တစ်ခါ အားသွင်းထားရင် ၉ နာရီခွဲ လောက် အသုံးခံမယ့် 4-cell 38Whr Li-ion battery ကို ထည့်သွင်း ပေးထား ကလည်း စွမ်းဆောင်မှု ပိုမြင့်ပြီး တစ်နေကုန် အသုံးပြုချင်သူတွေ ဦးစားပေး ရွေးချယ်မှု တစ်ခုဖြစ်ဖို့ သေချာနေတဲ့ လက်ပ်တော့ ဖြစ်ပါတယ်။

www.pyaephyo.com