နောက်ဆုံးရရှိထားတဲ့သတင်းတစ်ပုဒ်အရ၊ Xiaomi ရဲ့ Mi 5 ဖုန်းနေရာဆက်ခံမယ့်
Mi 5s ဖုန်းမှာ ၅.၅ လက်မအကျယ်ရှိ၊ full-HD မျက်နှာပြင်ပါဝင်မှာဖြစ်တယ်လို့
သိရပါတယ်။ Mi 5 ဖုန်းတုန်းက ၅.၁၅ လက်မ မျက်နှာပြင်သာရှိတာကြောင့်၊
မျက်နှာပြင်အကျယ် ၀.၃၅ လက်မလောက် ပိုများသွားပြီး၊ စခရင်ကြီးကြီး
ကြိုက်တဲ့လူတွေအတွက် အနေတော်ပါပဲ။
တရုတ်သတင်းရင်းမြစ်တွေကနေရရှိထားတဲ့ သတင်းတွေအရ Mi 5s ဖုန်းအပြင်၊ Mi Note 2 ဖုန်းပါ ဒီနှစ်ထဲ ထွက်ရှိဖို့ရှိပြီး၊ အဆိုပါဖုန်းနှစ်ခုစလုံးမှာ ၅.၅ လက်မအကျယ်မျက်နှာပြင်အပြင်၊ Apple ရဲ့ 3D Touch နည်းပညာလိုမျိုး ဖိအားသိမျက်နှာပြင်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒီ့အပြင် ဖုန်းနှစ်မျိုးလုံးမှာ Qualcomm ရဲ့ အသံနှုန်းလွန်လက်ဗွေရာဆန်ဆာ၊ ကျောကင်မရာနှစ်လုံးတွဲ၊ RAM 6GB တို့ ပါဝင်လာမယ်လို့ သိရပါတယ်။
Mi 5s နဲ့အတူထွက်ရှိမယ့် Mi Note 2 ကို ရိုးရိုး၊ 64GB ပရီမီယမ်မော်ဒယ်၊ 128GB ပရီမီယမ်မော်ဒယ်ဆိုပြီး သုံးမျိုး ထုတ်သွားမှာဖြစ်ပါတယ်။

www.pyaephyo.com