7/06/2016

♪ Windows 10 အတွက် VLC Media Player ထွက်ရှိလာ ♫


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က Video LAN သည် Windows 10 အတွက် VLC beta ဗားရှင်း app ကိုဖြန့်ချိလိုက်ပြီ ဖြစ်သည်။ အဆိုပါ Windows 10 app သစ်တွင်  ရင်းနှီးကျွမ်းဝင်ပြီးသား feature များ ပါဝင်သည်။ VLC ၏ iOS နှင့် Android ဗားရှင်းများမှ လူအများ နှစ်သက်သည့် အရာများအပြင် အပိုထပ်ဆောင်း feature များလည်း ပါဝင်လာသည်။

“VLC က ယခင်ကလိုပဲ format အများအပြားကို ထောက်ပံ့ပေးထားပါတယ်” ဟု VideoLAN ဥက္ကဋ္ဌ ဂျင်ဘတ်တစ်ကမ့်က ပြောကြားခဲ့သည်။ ၎င်းတွင် ဗီဒီယိုစီမံ ခန့်ခွဲမှုအတွက် subtitles, chapters နှင့် audio/video synchronization စသည့် media library တစ်ခုပါဝင်သည်။

ယခု app ၏ထူးခြားမှုမှာ Windows 10 feature များဖြစ်သော Cortana voice commands, Live Tiles, Start menu တွင် artists နှင့် albums ကို pin ပြုလုပ်ခြင်းနှင့် Continuum  အထောက်အပံ့များ ပါဝင်လာသည်။ အဆိုပါ feature များကို Lumia 950 သို့မဟုတ် Lumia 950XL ထုတ်ကုန်နှင့် တွဲဖက်၍ အသုံးပြုနိုင်သည်။

“ကျွန်တော်တို့အနေနဲ့ DirectX 11.1 လိုမျိုး Windows 10 အတွက် ရည်ရွယ်တဲ့ နည်းပညာအချို့ကို အသုံးပြုထားပါတယ်။ ဒါကြောင့် Windows Phone ရဲ့ ဘက်ထရီသက်တမ်းကို အဆင့်မြှင့်တင် ပေးနိုင်တဲ့အပြင် 4K playback ကိုလည်း ပြေပြစ်စွာ ကြည့်နိုင်ပါတယ်” ဟု ကမ့်ကပြောကြားခဲ့သည်။

ထို app သည် Windows 10 desktop, tablet နှင့် မိုဘိုင်း ထုတ်ကုန်များတွင် အသုံးပြုနိုင်သည်။ VLC app သစ်ကို မကြာမီတွင် Windows 8.1, Windows RT 8.1 နှင့် Windows Phone 8.1 ထုတ်ကုန်များအတွက် ဖြန့်ချိပေးသွားမည် ဖြစ်သည်။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com