Microsoft က ကယ်လီဖိုးနီးယားမှာ ခရီးသွား အေဂျင်စီထောင်ထားတဲ့ Teri
Goldstein ကို လျော်ကြေး ဒေါ်လာ ၁ သောင်း ပေးလိုက်ရပါတယ်။
အဲဒီအမျိုးသမီးရဲ့ ကွန်ပြူတာမှာ Windows 10 ဟာ သူမ မသိဘဲ အလိုအလျှောက် Install လုပ်သွားတာ ဖြစ်ပြီး အဲဒီနောက်မှာ စက်ဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ အဲဒီအတွက် သူမက Microsoft ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမှုမှာ အမျိုးသမီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Microsoft က ၀င်းဒိုးကွန်ပြူတာများမှာ Windows 10 ကို အဆင့်မြှင့်ဖို့ တိုက်တွန်းတဲ့ စာသားများကို အမြဲ ပြသပေးနေပါတယ်။ Windows 10 ကိုလည်း အင်တာနက်ကနေ တစ်ဆင့် အဆင့်မြှင့်နိုင်အောင် ပြုလုပ်ပေးနေပါတယ်။

www.pyaephyo.com