7/11/2016

♪ ပထမဆုံးရောင်းချတဲ့ရက်မှာတင် အလုံးရေ ၂၅ သိန်းကျော် ရောင်းချခဲ့ရတဲ့ Vivo X7 စမတ်ဖုန်း ♫



ဂျူလိုင်လ ၇ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ Vivo X7 ဖုန်းဟာ ပထမဆုံးရောင်းချတဲ့ရက်မှာတင် အလုံးရေ ၂၅၀,၀၀၀ သိန်းကျော် ရောင်းချခဲ့ရတယ်လို့ သိရှိရပါတယ်။

LG G5 ဖုန်းဟာ ပထမဆုံးတစ်လမှာ အလုံးရေ ၁.၆ သန်းသာ ရောင်းချခဲ့ရပေမယ့်၊ Vivo X7 ကတော့ ပထမရက်မှာတင် တစ်သန်းရဲ့ လေးပုံတစ်ပုံကျော်ရောင်းချခဲ့ရတာဖြစ်ပါတယ်။

ဒီ့အပြင် Vivo ကုမ္ပဏီဟာ ကုန်ပစ္စည်းထုတ်လုပ်မှုဟာလည်း တစ်နှစ်ထက်တစ်နှစ် ၄၀ ရာခိုင်နှုန်း ပိုတိုးတက်လာသလို၊ ကမ္ဘာ့မိုဘိုင်းဈေးကွက်မှာလည်း နံပါတ်ငါးနေရာအထိ ရောက်ရှိခဲ့ပါတယ်။

Vivo X7 စမတ်ဖုန်းဟာ မိတ်ဆက်ပြီးနောက် တစ်ပတ်အတွင်းမှာ ကြိုတင်မှာယူမှု တစ်သိန်းအထိ ရှိထားတာကြောင့်၊ အရောင်းနှုန်းဟာ ထပ်မံမြင့်တက်လာဖွယ်ရှိနေပါတယ်။

၃၇၅ ဒေါ်လာဈေးရှိတဲ့ Vivo X7 စမတ်ဖုန်းဟာ ၅.၂ လက်မအရွယ် full-HD မျက်နှာပြင်၊ 1.8 GHz Snapdagon 652 SoC ၊ RAM 4GB နဲ့ ဖုန်း storage 64GB တို့ ပါရှိပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်တဲ့ dual-SIM ဖုန်းဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 13 MP ကျောကင်မရာနဲ့ 16MP ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 3000mAh ဘက်ထရီဖြစ်ပြီး၊ နောက်ဆုံးပေါ်စမတ်ဖုန်းတွေအတိုင်း လက်ဗွေရာဆန်ဆာကတော့ မရှိမဖြစ်ပါဝင်ပါတယ်။

ဒီထက်စခရင်ပိုကြီးပြီး၊ ဘက်ထရီလည်းပိုများတဲ့ Vivo X7 Plus ဖုန်းကိုတော့ ဂျူလိုင်လ ၁၅ ရက်နေ့မှ စတင်ရောင်းချမှာဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com