7/05/2016

♪ “မိုဘိုင်းဖုန်းတွေပေါ်က Touchscreen ဆိုတာ” ♫


ယနေ့အချိန်မှာစမတ်ဖုန်းတွေဟာသေးငယ်တဲ့ မျက်နှာပြင်တွေကနေကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင် အရွယ်အစားဘက်ကိုလုံးဝကူးပြောင်းလာပါပြီ။ ကျွန်တော်တို့စမတ်ဖုန်းတွေစကိုင်စဉ် ဟိုးကနဦးအစလောက်က မြင်ခဲ့ရတဲ့ ၃.၅လက်မအရွယ်စမတ်ဖုန်းလေးတွေဟာပုံပြင်တစ်ခုအနေနဲ့သာကျန်ရစ်ခဲ့ တော့မှာပါ။လက်ရှိအချိန်ထိထွက်ထားသမျှနောက်ဆုံးပေါ်စမတ်ဖုန်းတွေ ကိုကြည့်လိုက်တဲ့အခါမှာ၎.၅လက်မကနေ၅လက်မကျော်၆လက်မနီးနီးရှိတာတွေကိုသာ မြင်တွေ့ရပါတော့တယ်။နောက်ဆုံးအနေနဲ့ပြောင်းလဲမှု တစ်ခုကို ကြည့်မယ်ဆိုရင်အရင်က၄လက်မ၀န်းကျင်ဖုန်းတွေထုတ်လုပ်ခြင်းမှာသာ ရပ်တန့်နေခဲ့တဲ့apple ဟာသူတို့ရဲ့မျိုးဆက်သစ်iPhone အသစ်ထုတ်လုပ်မှုမှာ တော့၎လက်မဆိုတာကိုလုံးဝမေ့ပစ်လိုက်ပါပြီ။ပြီးတော့သူတို့ရဲ့စမတ်ဖုန်း အသစ်မှာအရင်တောက်လျှောက်သုံးလာခဲ့တဲ့Retina display အပြင်Pixel ပိုင်းကိုပါတိုးမြှင့်ထည့်သွင်းလာလို့ပဲဖြစ်ပါတယ်။မျက်နှာပြင်ကျဉ်းမြောင်းတဲ့ စမတ်ဖုန်းတွေနေရာမှာထောင့်ဖြတ်အကျယ်ကြီးမားတဲ့စမတ်ဖုန်းတွေ ၀င်ရောက်လာခဲ့ခြင်းနဲ့အတူနောက်ထပ်တိုးမြင့်ပါဝင်လာတာကတော့ မျက်နှာပြင်တွေရဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် မျက်နှာပြင်ကျယ်ပြန့်လာတာနဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းကလည်း မြင့်မားမှဖြစ် မှာပါ။ အဲလိုမှမဟုတ်ဘူးဆိုရင်ပုံရိပ်တွေကိုဝါးတားတားနဲ့သာကြည့်ရပါ လိမ့်မယ်။ဂိမ်းနဲ့ရုပ်ရှင်တွေကြည့်မယ်ဆိုရင်တော့အတော်ကိုဆိုးရွားသွားပါ လိမ့်မယ်။

Screen ဟာအရင်ကဆိုရင်TFT လောက်သာထည့်သွင်းလာတာကနေ နောက်ပိုင်း မှာဆိုရင်တော့IPS display, AMOLED,IPS LCD တို့လောက် ထိကိုသုံးလာကြပါတယ်။တိုးတက်လာတဲ့ခေတ်နဲ့အညီရင်ပေါင်တန်းနိုင် စေဖို့အတွက်စမတ်ဖုန်းနဲ့တက်ဘလက်တွေထုတ်လုပ်သူတွေဟာသူ့ထက်ငါအပြိုင်Screen display ကိုမြှင့်တင်လို့ ပြင်ဆင်ပွဲထုတ်လာကြတာကို တွေ့ရ ပါတယ်။ဒီလိုအချိန်မှာdisplay မှာအသုံးပြုတဲ့touch screen နည်းပညာဟာ လည်းလေ့လာစရာတစ်ခုဖြစ်လာပါတယ်။Touch screen တွေဘယ်လို အလုပ်လုပ်သလဲဆိုတာနဲ့အတူစမတ်ဖုန်းနဲ့တက်ဘလက်တွေမှာအသုံးပြု ထားတဲ့နည်းပညာတွေအကြောင်းတွေဟာသိထားအပ်ပါပြီ။ဘာကြောင့်လဲ ဆိုရင်Touchscreen Technology ကိုElectronic Device များ၌ နောက်ဆုံးပေါ် နည်းပညာတစ်ခုfunction တစ်ခုအနေ ဖြင့်တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြောင်းကိုတွေ့နေရပါတယ်။Touchscreen နည်းပညာကိုစမတ်ဖုန်း၊တက်ဘလက်တွေမှာသာမကဘဲSuperMarketများတွင်Point of Sale (POS) များအနေဖြင့်လည်းကောင်း၊ဘူတာရုံနှင့် ရုပ်ရှင်ရုံ စသည်တို့တွင်ကြိုတင်လက်မှတ်နှင့်ထိုင်ခုံနေရာကြိုတင်ဝယ်ယူခြင်းများ၌ လည်းကောင်းစက်ရုံ/အလုပ်ရုံများ၏Controlling Room များနှင့် အလုပ် သမားတို့၏Attendance (၀င်ချိန်/ထွက်ချိန်) Security Machine များ၌ လည်းကောင်း၊Digital Technology သုံးတခြားDevice များနှင့်အတူ တွဲဖက်အသုံးပြုနေကြောင်းတွေ့ရသည်။

Touchscreen Technology ၏အဓိကအားသာချက်များမှာ စဉ်းစား တွေးခေါ်စရာမလိုဘဲScreen ၏မျက်နှာပြင်ကိုအရာဝတ္ထုတစ်ခု (Finger (or) Pen) ဖြင့်ထိလိုက်ရုံဖြင့်အလုပ်လုပ်ဆောင်သွားနိုင်ခြင်း၊ အချိန်တိုအတွင်း သိရှိနားလည်အသုံးပြုနိုင်ခြင်းကြောင့်သီးသန့်လေ့ကျင့်သင်ကြားရန်မလိုအပ် ခြင်းစသည်တို့ဖြစ်ပါသည်။ဒါဆိုရင်touch screenတွေဘယ်လို အလုပ်လုပ် သလဲဆိုတာသိဖို့လိုလာပါပြီ။Touch-screen Device ဆိုသည်မှာMonitor ၏Display မျက်နှာပြင်ကိုအရာဝတ္ထုတစ်ခုနှင့်ထောက်လိုက်ရုံဖြင့် မိမိ လုပ်လိုသောအလုပ်instruction ကိုPCမှနားလည်စေနိုင်သည့်Input Device တစ်ခုသာဖြစ်သည်။Touchscreen Technology ကိုအစိတ်အပိုင်း၃ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့တွေကတော့ Touch Sensor,controllerနဲ့Software Driver တို့ပဲ ဖြစ်ပါတယ်။Touch Sensor ဆိုတာကတော့အရာဝတ္ထု၏ထိတွေ့မှုကိုအာရုံခံတုံ့ပြန်နိုင်သည့်Responsive Surface ပါဝင်သည့်သန့်ရှင်းသောGlass panel တစ်ခုပင်ဖြစ်သည်။ ၎င်း Touch Sensor Panel ကိုDisplay တစ်ခု၏Viewable Area နှင့်ဖုံးအုပ်ထား လေ့ရှိသည်။Touchscreen panel ပေါ်တွင်Electric Current (or) Electric Signal တစ်ခုစီးဆင်းနေသည်။Touch Screen Panel ကိုထိလိုက်သည်နှင့် ၎င်းElectric Current တွင်ပြောင်းလဲမှုဖြစ်ပေါ်သည်။၎င်းပြောင်းလဲမှုက Touching Location (ထိလိုက်သည့်နေရာ)ကိုသတ်မှတ်ဆုံးဖြတ်ပေးသည်။
Controller ဆိုသည်မှာTouch Sensor နှင့်Processor ကြားချိတ်ဆက် ပေးသည့် Device လေးတစ်ခုပင်ဖြစ်သည်။Controller ၏အဓိကprocess မှာTouch sensor ရရှိသည့်Touching Location နှင့်ဆိုင်သောinformation ကိုရယူပြီးprocessor မှနားလည်နိုင်သောInformation သို့ပြောင်းလဲပေးပို့ ခြင်းဖြစ်သည်။

Controller ကprocessor နှင့်ချိတ်ဆက်မည့်ကြားခံဆက်သွယ်မှု (interface) အမျိုးအစားကိုသတ်မှတ်ပေးသည်။Touchscreen နည်းပညာပါဝင်သည့် Monitor များတွင်Touchscreen နောက်၌External Cable တစ်ခုပါဝင် ကြောင်း တွေ့ရသည်။Software Driver ဆိုသည်မှာTouchscreen နှင့် Processor တို့ပူးပေါင်းလုပ်ဆောင်နိုင်ရန်လုပ်ဆောင်ပေးမည့်PC Application တစ်ခုသာဖြစ်သည်။၎င်းကController မှပေးပို့သည့်အချက် အလက်ကိုPC (or) Mobile Phone ၏Operation System မှနားလည် စေရန်အတွက်ကူညီလုပ်ဆောင်ပေးသည်။Touchscreen များကို အဓိက အားဖြင့်Technologies 4 မျိုးဖြင့် ပြုလုပ်နိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ၎င်းတို့တွေကတော့Capacitive Touchscreens, Resistive Touch-screens, Surface Acoustic Wave (SAW) Touch-screen Technology နဲ့Infrared Touchscreens တို့ပဲဖြစ်ပါတယ်။Capacitive Touchscreen နည်းပညာ ကိုFinger Touch လက်ဖြင့်တိုက်ရိုက်အသုံးပြုနိုင်သောKIOSK Applications များတွင်အဓိကအသုံးပြုကြသည်။Capacitive Touchscreen များကိုတာရှည် ခံပြီး ခြစ်ရာစင်းရာများအလွယ်တကူမဖြစ်နိုင်သောမှန်များဖြင့် ပြုလုပ်ထား သည်။၎င်းGlass Overlay ၏မျက်နှာပြင်တွင်လျှပ်စစ်ဓာတ်များကို သိမ်းဆည်း ထားသောCoating Layer တစ်ခုရှိသည်။Glass Overlay ၏ထောင့်များတွင် Oscillator Circuit များကိုတပ်ဆင်ထားသည်။Glass မျက်နှာပြင်ကိုလက်ဖြင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက်Oscillator Circuit များတွင်Frequency ပြောင်းလဲမှုဖြစ်ပေါ်သည်။၎င်းFrequency ပြောင်းလဲမှုကိုTouchscreen Controller ကတိုင်းတာပြီးTouching Location ကိုတွက်ချက်ပေးသည်။

ထို့နောက်PCသို့User ပြုလုပ်လိုသည့်Instruction ကိုပေးပို့လိုက်သည်။ Capacitive Touchscreen များသည်ဆီ၊ဖုန်မှုန့်နှင့်ရေများထိတွေ့လျှင် အလွယ်တကူသန့်စင်နိုင်သောကြောင့်မကြာခဏအသုံးပြုရန်လိုအပ်သည့် Device များ၌အဓိကအသုံးပြုကြသည်။Resistive Touchscreen Technology ကိုတော့POS (Point of Sale) Service များဖြစ်သည့်Super Market များ၊Hotel စားသောက်ကုန်နှင့်လက်လီအရောင်းဆိုင်များဖြစ် သည့်Public Center များတွင်အဓိကအသုံးပြုကြသည်။Resistive Touchscreen များကိုပျော့ပျောင်းသောFlexible Top Layers နှင့်မာသော Rigid Resistive Bottom Layers နှစ်ခုဖြင့်ပေါင်းစပ်တည်ဆောက်ထားသည်။ ၎င်းLayers နှစ်ခုကိုSpacer Dolsများဖြင့်ခွဲခြားထားသည်။Flexible Top Layer ကိုအရာဝတ္ထုတစ်ခုခုဖြင့်ဖိလိုက်သောအခါ၎င်းဖိလိုက်သည့် နေရာတွင် Resistive Bottom Layers နှင့်Internal Electric Contact တစ်ခုဖြစ်ပေါ် သည်။၎င်းElectric Contact ကိုController မှတိုင်းတာပြီးTouching Location ကိုသတ်မှတ်ပေးသည်။၎င်းTouching Location ကိုမူတည်၍User ၏ instruction ကိုprocessor ထံပို့ဆောင်ပြီးဆက်လက်လုပ်ဆောင်သည်။
Surface Acoustic Wave ကိုတော့ကလေးကစားကွင်းများမှာရှိတဲ့Game စက်များ၊ဘဏ်လုပ်ငန်းများနှင့်စက်ရုံထိန်းချုပ်ခန်းများ၌အဓိကအသုံးပြုကြ သည်။SAW Touchscreen Technology တွင်Ultrasonic Waves (အသံ လွန်လှိုင်း) များကိုTouchscreen Panel ပေါ်တွင်လွှင့်ထုတ်ပေးထားသည်။ Panel ကိုအရာဝတ္ထုတစ်ခုထိလိုက်သည်နှင့်တစ်ပြိုင်နက်Ultrasonic Waves တွင်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီးController က၎င်းပြောင်းလဲခြင်းကို မူတည်၍ Touching Location ကိုသတ်မှတ်လိုက်သည်။၎င်းအချက်အလက်ကို Controller မှတစ်ဆင့်PCထံသို့Processing ဆက်လုပ်ရန်ပေးပို့လိုက်သည်။

Infrared Touchscreen ဆိုသည်မှာPanel တစ်ခု၏မျက်နှာချင်းဆိုင် ဘေးဘောင်များပေါ်တွင်Infrared LED (Light Emitting Diode) နှင့်Photo Sensor များကိုတပ်ဆင်၍တွဲဖက်အသုံးပြုထားခြင်း ဖြစ်သည်။Infrared LED နှင့်Photo Sensor တို့ကြောင့်အလင်းတန်းများသည်Display ပေါ်တွင် ဖြစ်ပေါ်နေသည်။အရာဝတ္ထုတစ်ခုခုဖြင့်Panel ပေါ်ထိလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းနေရာ၌အလင်းရောင်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီး၎င်း ပြောင်းလဲခြင်းကိုPhoto Sensor ကတိုင်းတာပြီးTouching Location သတ်မှတ်၍Controller ဆီသို့ပို့ဆောင်ပေးသည်။ဤTechnology ကို Resistive နှင့်Capacitive Touchscreens တို့ကအစားထိုးနေရာယူခဲ့ကြ သည်။ စမတ်ဖုန်းနှင့်တက်ဘလက်များမှာတော့အထက်ဖော်ပြပါနည်းပညာ များထဲမှResistive Touchscreens Technology ကိုအဓိက အသုံးပြုထား ပါသည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com