Facebook က News Feed Algorithm ကို အပြောင်းအလဲလုပ်နေတယ်လို့ ကြေညာပါတယ်။ မူဝါဒ အသစ်အရ News Feed မှာ သူငယ်ချင်းများ၊ မိသားစုဝင်များရဲ့ ပို့စ်များ၊ သူတို့ Share လုပ်ထားတဲ့ ပို့စ်များကို ဦးစားပေးပြသမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများ၊ မိသားစုဝင်များထံမှ အရေးကြီးတဲ့ ပို့စ်များကို လွတ်မသွားအောင် ရည်ရွယ်တယ်လို့ Facebook က ပြောပါတယ်။ အဲဒီအတွက် Pages များမှ ပို့စ်များကို လျှော့ချပြသမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Facebook က လူတွေဟာ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်များကို News Feed မှာ ပိုမိုမြင်တွေ့ချင်ကြတယ်လို့ ပြောပါတယ်။ လူတွေ နှစ်သက်တဲ့ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်များကို Facebook က ပိုမို ပြသပေးမှာပါ။

ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်များထဲမှာ နာမည်ကျော်များ ၊ ပွဲများ၊ ပြည်တွင်း သတင်းများ၊ ဟင်းချက်နည်းများ၊ Live Video များ၊ ဟာသ ဓါတ်ပုံများ ပါဝင်ပါတယ်။ သင် Like, Comment, Share လုပ်တဲ့ ပို့စ်များကို ဦးစားပေးပြသမှာ ဖြစ်ပါတယ်။