7/01/2016

♪ ဈေးနှုန်းချိုသာသော Tablet အသုံးပြုချင်သူများအတွက် - Teclast X80 Plus Window & Andorid Smart Tablet ♫

Teclast X80 Plus -1

ငွေကျပ်တစ်သိန်းဝန်းကျင်ဖြင့် Windowsနှင့်Andoridနှစ်မျိုးသုံးနိုင်သော ခရီးဆောင် ၈လက်မ Dual OS Teclast X80 Plusရောက်ရှိလာပါပြီ။ Keyboard,mouse ဖြင့်တွဲသုံးနိုင်ပြီး ကွန်ပျူတာလိုအပ်သော ကျောင်းသူကျောင်းသား ရုံးသူရုံးသား များအတွက် အထူးသင့်လျော်ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့်Windowsနှင့်Androidပြောင်းသုံးနိုင်ပါတယ်။

Intel® ရဲ့နောက်ဆုံးပေါ် Atom x5-Z8300 (2M Cache) အသုံးပြုထားသောကြောင့်ဘက်ထရီစားသက်သာပြီး စွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်နိုင်ပါတယ်။ 12 Core 8th Generation HD Graphic ပါဝင်တဲ့အတွက် gamerများသဘောတွေမည့် tablet ဖြစ်ပါတယ်။ CPU နှစ်လုံးတွဲသုံးထားပြီး Andorid အတွက် Quad Core 1.84GHz နဲ့မောင်းနှင်ပေးမှာဖြစ်ပါတယ်။ Windows10 အသုံးပြုထား တဲ့အတွက် 2GB DDR3L နဲ့ Storage  32GB eMMC ရှိပါတယ်။မှတ်ဥာဏ်အပိုထည့်သွင်းလိုတယ်ဆို ရင်တော့ Android အတွက် 64GB အထိမြှင့်တင်နိုင်ပြီး Windows အတွက် 128GB အထိမြှင့်တင်နိုင် ပါတယ်။

ချိတ်ဆက်နိုင်တဲ့ကွန်ရက်တွေအနေနဲ့ Wifi, Bluetooth နဲ့သာတွဲဖက်သုံးစွဲနိုင်ပြီး ဆင်းကတ် ထည့်သုံးလို့ရမှာမဟုတ်ပါဘူး။ကြည့်ရှုမျက်နှာပြင်အနေအထားကတော့ 1280×800 ppi ရှိပါတယ်။ ကင်မရာအပိုင်းတွေမှာ ကျောဘက်ကင်မရာနှင့် ရှေ့ဘက်ကင်မရာ နှစ်မျိုးစလုံးကို 2MP ဆီတပ်ဆင် ပေးထားပါတယ်။အားနည်းချက်ကတော့ကင်မရာအပိုင်းပဲဖြစ်ပါတယ်။2MP သာရှိတဲ့အတွက် ရုပ်ပုံတွေကိုရိုက်ကူးရာမှာကြည်လင်ပြတ်သားမှုတော့ရှိမှာမဟုတ်ပါဘူး။

အချိန်ကြာကြာအသုံးပြုနိုင်အောင်လို့ 3800mAh lithium polymer ဘက်ထရီကိုတပ်ဆင်ပေးထားပါ တယ်။ တန်ဖိုးသက်သာတဲ့စမတ် Tablet ဖြစ်ပြီးတွဲဖက်သုံးစွဲရမယ့် ပစ္စည်းတွေကလည်းဈေးနှုန်း သက်သာနေတာကိုတွေ့ရပါတယ်။တွဲ ဖက်သုံးစွဲရမယ့် ပစ္စည်းတွေနဲ့ဈေးနှုန်းတွေကတော့ Bluetooth Keyboard: 10,000,Touch Pen: 1,000,3G Dongle: 16,000 တို့ဖြစ်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com