7/01/2016

♪ “Samsung က Laptop,Tablet နှစ်မျိုးသုံး Notebook 7 Spin ကိုမိတ်ဆက်” ♫


Samsung က လက်တော့၊တက်ဘလက် နှစ်မျိုးသုံး Notebook 7 Spin ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင်ကို ၃၆၀ ဒီဂရီလှည့်ပတ်နိုင်တဲ့အတွက် လက်တော့ လိုသာမကတက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ အရွယ်အစား ၂ မျိုးထုတ်လုပ်ပေးထားပြီး ၁၃.၃ လက်မနဲ့ ၁၅.၆ လက်မများ ဖြစ်ကြပါ တယ်။

အရောင်များအလွန်ကြည်လင်ပြီး ပြတ်သားစွာ မြင်ရတဲ့ “ Video HDR Mode”ပါတဲ့ Full HD Display တပ်ဆင်ထားပါတယ်။ Intel Core i5 သို့မဟုတ် Core i7 Processor များကိုရွေးချယ်နိုင်ပါတယ်။ 1TB Hard Drive တပ်ဆင် ထားပါတယ်။ 12GB RAM အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ SSD မော်ဒယ် ကိုလည်းအဆင့်မြှင့်နိုင်ပါတယ်။ HDMI Port ပါတဲ့အတွက် တီဗီနဲ့ ချိတ်ဆက် နိုင်ပြီးလက်တော့မှာဖွင့်ထားတာတွေကိုတီဗီမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် အလွန်လျင်မြန်တဲ့ USB Type-C Port ပါရှိတဲ့အပြင် သမားရိုးကျ USB Type-A Ports များလည်း ပါပါတယ်။ တစ်ခုမှာ USB 3.0 ကိုထောက်ပံ့ပါတယ်။ အရွယ်ကြီးမော်ဒယ်မှာ Ethernet Port လည်းပါရှိပါတယ်။ အဓိကစွမ်းဆောင်ချက်တစ်ခုမှာ အလွန် လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာပါရှိတာ ဖြစ်ပါတယ်။

၂၀ မိနစ် အားသွင်းလျှင် ၂ နာရီကြာအသုံးခံပါတယ်။ ၁၃.၃ လက်မ Notebook 7 Spin ကို ၁၀၀ မိနစ်အတွင်းအားအပြည့်သွင်းနိုင်ပါတယ်။ ၁၅.၆ လက်မမော်ဒယ်ကို ၉၀ မိနစ်အတွင်းအားအပြည့်သွငိးုင်ပါတယ်။ ဇွန်လ ၂၆ ရက်မှာ ၇၉၉.၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com