Device Support : Alpha Technology
Price : 349,000 ks
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Xperia XA ဟာ ဖုန်းရဲ့ CPU, Graphic GPU, Memory ပိုင်းတွေမှာ သင့်တင့်တယ် လို့ဆိုရမှာဖြစ်ပြီး ကင်မရာ Megapixel ပိုင်းမှာတော့ မြင့်မားတယ်လို့ဆို ရမှာပါ။ ပုံစံဒီဇိုင်းပိုင်းမှာတော့ လှပတယ်လို့ ဆိုနိုင်ပြီး ကိုင်တွယ်အသုံးပြုတဲ့ အချိန်မှာလည်း လက်ထဲမှာ အံဝင်ခွင်ကျ ရှိနေပါတယ်။ မြန်မာစာအတွက်တော့ ပြန်လည်ထည့်သွင်း အသုံးပြုရပါလိမ့်မယ်။
အားသာချက်
ကင်မရာပိုင်းမှာ MegaPixel မြင့်မားတဲ့ ကင်မရာတွေကို အသုံးပြုထားတဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အကြိုက်တွေ့စေမယ့် ဖုန်းပါ။ CPU, GPU, Memory အစရှိတဲ့ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေမှာလည်း သင့်တင့်ကောင်းမွန်တဲ့အပြင် Sensor စနစ်ပိုင်းတွေမှာလည်း အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ ဖုန်းကိုအားသွင်းချိန်မှာလည်း မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်ပါတယ်။
ဒီဇိုင်း
ဖုန်းရဲ့ပုံစံဒီဇိုင်းဟာ အထက်အောက်အလျား အနည်းငယ်မြင့်မားပြီး ဘေးတိုက်အကျယ်နည်းတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ရှည်မျောမျော သွယ်လျလျပုံစံမျိုး ရှိပါတယ်။ မျက်နှာပြင် ဘေးတိုက်အကျယ် နည်းတဲ့အတွက် ကိုင်တွယ်အသုံးပြု ချိန်မှာတော့ လက်နဲ့အံဝင်ခွင်ကျ ရှိနေပါလိမ့်မယ်။ ရှေ့မျက်နှာပြင်မှန်ဟာ အနားအခုံး မှန်ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ဘေးဘောင် တွေကတော့ သတ္တုဘေးဘောင် ပုံစံမျိုး တည်ဆောက် ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၃၆ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ် ကတော့ ၆.၆၈ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၇၉ စင်တီမီတာဖြစ်ပြီး အလေးချိန် ၁၃၇.၄ ဂရမ်ပါ။ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ပါးလွှာခြင်းကို ထိတွေ့နိုင်ပြီး အလေးချိန်ကတော့ မပေါ့လွန်း မလေးလွန်းတဲ့ အလေးချိန်မျိုး ဖြစ်ပါတယ်။
နည်းပညာ
စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားပြီး Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိတဲ့ စနစ်တွေပါဝင်ပါတယ်။ Selfie စနစ်မှာလည်း ဗီဒီယိုစနစ်၊ Manual ကင်မရာစနစ်၊ AR Effect, Sound Photo အစရှိတဲ့ ကင်မရာအသုံးပြု နည်းပညာတွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်ပါဝင်မှာဖြစ်ပြီး စိတ်ကြိုက် ထိန်းချုပ်အသုံးပြု နိုင်ပါလိမ့်မယ်။
အားနည်းချက်
ဖုန်းမှာမြန်မာစာ စနစ်အတွက် တစ်ပါတည်း မပါဝင်လာတဲ့ အတွက် ဇော်ဂျီဖောင့်စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ပြန်လည် ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး Sensor စနစ်ပိုင်းမှာလည်း သိပ်ပြီး များများစားစား ပါဝင်တာ မတွေ့ရပါဘူး။
မြင်ကွင်း
၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels (~294 ppi pixel density) ထိရှိနိုင်ပါလိမ့်မယ်။
Network GSM - 2G/ 3G/ 4G
SIM Dual SIM (Nano SIM Dual Standby)
OS Android V 6.0
CPU Octa-core 2.0 GHz Cortex-A53
GPU Mali-T860MP2
Memory Internal 16GB, 2GB RAM, Micro SD 256GB
Camera 13 MP, phase detection autofocus, LED flash, geo-tagging, touch focus, face detection, HDR, panorama, Video, Front 8 MP
Wi-Fi Wi-Fi 802.11 a/b/g/n, Wi-Fi Direct, DLNA, hotspot
Bluetooth v4.1, A2DP, LE, aptX
Battery Li-Ion 2300 mAh Battery

www.pyaephyo.com