7/04/2016

♪ " Sony Xperia X " ♫


Sony Xperia X ဟာ Xperia XA, X Performance range တွေထဲမှာ ပါဝင်နေတဲ့ model အသစ်တစ်လုံးဖြစ်ပြီး Xperia X အတွက် Sony က မျှော်မှန်းထားတဲ့ ဈေးကွက်နေရာချထားရေးက အလွန်ရှုပ်ထွေးပါတယ်။ Sony Xperia X ဟာ အရင်ထွက်ရှိခဲ့ဖူးတဲ့ Z5 ထက် ပိုမိုတန်ဖိုးကြီးမားပြီး နည်းပညာပိုင်းမှာတော့ လျှော့ချထားတဲ့အချက်အချို့ ပါရှိနေပါတယ်။ Xperia X ဟာ mid-range ဖုန်းတစ်လုံးဖြစ်ပြီး mid-range ဖြစ်တဲ့ LG G5 ရဲ့ဈေးနှုန်းနဲ့တောင် ယှဉ်နိုင်တဲ့တန်ဖိုးကို Sony က သတ်မှတ်ပေးထားပါတယ်။

Xperia C, M နဲ့ Z series တွေအနက် တစ်မူကွဲပြားခြားနားစွာ ဖန်တီးထုတ်လုပ်ပေးလိုက်တဲ့ Xperia X ဟာ Z series တွေရဲ့နောက်ဆုံးပေါ်တွေထက်တော့ သာလွန်ကောင်းမွန်လိမ့်မယ်လို့ပြောလို့မရပါဘူး။ Xperia X ဟာ Sony ဖုန်းတစ်လုံးဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ feature တွေ အများစုကို ကုမ္ပဏီက ဝယ်ယူအသုံးပြုထားပါတယ်။ Bravia ရဲ့ screen နည်းပညာ၊ Hi-Res ကနေ အသံပိုင်းနဲ့ ကင်မရာ DSLR အတွက် အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ခဲ့ပြီး Xperia X ကို ပြိုင်ဘက်ကင်းစမတ်ဖုန်းတစ်လုံးဖြစ်လာအောင် ဖန်တီးဖွဲ့စည်းပေးခဲ့ပါတယ်။

Xperia X ရဲ့ဒီဇိုင်းဟာ ပြောရရင် အရင်ဖုန်းတွေထက် ပိုကြည့်ကောင်းလာပါတယ်။ Xperia Z5 ဒီဇိုင်းပုံစံအရ Xperia X ဟာလေးထောင့်မဆန်ပါဘူး။ ဖန်သားပြင်ကျောဘက်မှာ လက်ထဲကိုင်သုံးတဲ့ အခါ ချော်ထွက်ခြင်းမရှိအောင် ပြုလုပ်ပေးမယ့် coating တစ်မျိုးနဲ့ အလွှာတစ်လွှာ ဖုံးအုပ်ပေးထားတာ မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ Sony ရဲ့ Brand နာမည်ကို ထည့်သွင်းတဲ့အခါ မထင်မရှားဖြစ်နေတဲ့အတွက်ကြောင့် အခက်အခဲအချို့ ရှိခဲ့တယ်လို့ Sony က ပြောကြားသွားပါတယ်။

Xperia X ရဲ့ အားနည်းချက်ဟာ ရေစိုဒဏ်ခံနိုင်တဲ့ water resistance နည်းပညာပါဝင်ခြင်းမရှိတာ ဖြစ်ပါတယ်။ Sony ရဲ့ ထင်ရှားတဲ့ဒီဇိုင်းကို Xperia X မှာ ဆက်လက်မြင်တွေ့နိုင်ပြီး ဒါကတော့ Omni-Balance ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အလူမီနီယမ်ဘောင်နဲ့ ခိုင်ခံ့အောင် တည်ဆောက်ပေးထားပြီး ချောမွေ့နေတဲ့ ကျောဘက်နဲ့အတူ ဘေးထောင့်တွေကို လုံးဝန်းအောင် ဖွဲ့စည်းထားပါတယ်။ Sony Xperia Z5 မှာတွေ့ရတဲ့ခလုတ်ပုံစံတွေအတိုင်း အသုံးပြုနိုင်ပြီး fingerprint scanner ကို ဖုန်းရဲ့ညာဘက်မှာ ထည့်ပေးထားတာက ထူးခြားပါတယ်။

SIM နဲ့ SD card slots တို့ကို ဘယ်ဘက်မှာ ထားရှိပေးထားပါတယ်။ Sony ဟာ Full HD Triluminos display ကို အသုံးပြုထားပါတယ်။ Brightnes နှုန်း မြင့်မားတာမို့ အလင်းရောင်တောက်ပမှုများတဲ့
နေ့ခင်းဘက်အချိန်တွေမှာ ဖုန်းကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ IPS LCD Display အမျိုးအစားဖြစ်ပြီး Xperia X ဟာ ၅ လက်မအရွယ် ရှိပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels ဖြစ်ပြီး Scratch-resistant glass နဲ့ အကြမ်းဒဏ်ခံနိုင်ရည်ရှိအောင် ဖုံးအုပ်ထားပါတယ်။

Android OS 6.0 (Marshmallow) run ထားတာမို့ Xperia users တွေအတွက် စိတ်ကျေနပ်မှု ရရှိနိုင်မှာပါ။ Sony ရဲ့ Xperia UI ကို အပေါ်က ထပ်သုံးထားပြီး App တွေ အများကြီးပါဝင်တဲ့ software ကို သုံးနိုင်ပါတယ်။ Xperia UI ကြောင့် ဖုန်း contacts App အမိုက်စားတွေ ပါဝင်လာပြီး power saving ပြုလုပ်ပေးနိုင်တဲ့ stamina mode တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Sony Xperia X ရဲ့ စွမ်းဆောင်ရည်အတွက် Qualcomm Snapdragon 650 chip ကို သုံးထားပြီး Snapdragon 808 အတိုင်း အကောင်းဆုံး အလုပ်လုပ်ပေးနိုင်ပါတယ်။

Sony Xperia X မှာ 1.8GHz မြန်နှုန်းရှိ dual-core cortex-A72 နဲ့ 1.4GHz မြန်နှုန်းရှိ quad-core cortex-A53 processor တို့နဲ့ မြန်နှုန်းမြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။ Xperia X ရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ဟာ Z5 အတိုင်း ကောင်းမွန်ပြီး Adreno 510 ဂရပ်ဖစ် ဖြစ်ပါတယ်။ ဖုန်းရဲ့ ပင်မကင်မရာဟာ 23MP ဖြစ်ပြီး LED flash ပါဝင်ပါတယ်။ Full HD ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာ 13MP ဖြစ်ပါတယ်။ NFC ချိတ်ဆက်နိုင်ပြီး Sony Xperia X ဟာ White, Graphite Black, Lime Gold နဲ့ Rose Gold လှပတဲ့အရောင် (၄) ရောင်နဲ့ ထွက်ရှိလာပါတယ်။

Design
ရှေ့မျက်နှာပြင်ကို ဖန်သားနဲ့ တည်ဆောက်ထားတာကြောင့်
တောင့်တောင့်တင်းတင်းနဲ့ ခိုင်မာပြီး ဘေးဘောင်တွေကို အနည်းငယ်ကွေးထားတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ ဖန်သားကိုယ်ထည်ကို သတ္တုဘေးဘောင်နဲ့ ပိုမိုလှပအောင် တည်ဆောက်ထားပါတယ်။ ညာဘက်ခြမ်းမှာ ပါဝါခလုတ်ဖြစ်ပြီး ရေစိုဒဏ်ခံနိုင်ရည် မရှိပါဘူး။

Processor
စွမ်းဆောင်ရည်အထူးကောင်းမွန်ပြီး အဆင့်မြင့်မြင့်သုံးစွဲနိုင်အောင် Qualcomm Snapdragon 650 hexa-core processor က မြန်နှုန်းမြင့် အလုပ်လုပ်ပေးပါလိမ့်မယ်။ RAM ဟာ 3GB ပမာဏဖြစ်ပြီး လုံလုံလောက်လောက် သုံးနိုင်ပါတယ်။ ဂရပ်ဖစ်ပိုင်းကို စွမ်းရည်မြင့်မားတဲ့ Adreno 510 နဲ့ run ထားပါတယ်။

Display and Camera
၅.၂ လက်မအရွယ် Display ကို Xperia X မှာ မြင်တွေ့နိုင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 441ppi ပါရှိပါတယ်။ 23MP အရည်အသွေးရှိ ကင်မရာကို ကျောဘက်မှာထည့်သွင်းထားပြီး HDR, Panorama features တို့ ပါဝင်ပါတယ်။ 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာ 13MP ဖြစ်ပါတယ်။

Verdict
Sony Xperia X ဟာ Xperia Z အတိုင်း ပါဝင်တဲ့အချက်တွေ အနည်းငယ်အရည်အသွေး နိမ့်ကျနေတာကလွဲရင် ကျန်တာအားလုံးနီးပါး တူညီတဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီဇိုင်းလှပမှုနဲ့ ကြည်လင်ပြတ်သားတဲ့ Xperia X ရဲ့ screen တို့ဟာ စိတ်ဝင်စားစရာအချက်တွေ ဖြစ်ပါတယ်။

Battery Life
ဘက်ထရီဟာ တစ်နေ့တာသုံးစွဲမှုအတွက် လုံလောက်တဲ့ပမာဏရှိပြီး အသုံးပြုမှုများခဲ့ရင် ဘက်ထရီ saving mode ကို ဖွင့်ထားနိုင်ပါတယ်။ Quick Charge 2.0 on board ပါဝင်တာကြောင့် မိနစ် ၃ဝ အားသွင်းလိုက်တာနဲ့ ၆ဝ% အား ပြန်လည်ရရှိနိုင်ပါတယ်။ ဖြုတ်/တပ်လို့မရတဲ့ Li-Ion 2620mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 153 g
» Display : 5.0", IPS LCD capacitive touchscreen
» Dimensions : 5.62 x 2.73 x 0.31 inch
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : 23 Megapixel, Front : 13 Megapixel
phase detection autofocus, LED flash,
Geo-tagging, face detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8956 Snapdragon 650
» GPU : Adreno 510
» OS : Android OS, v6.0.1 (Marshmallow)
» Protection : Scratch-resistant glass, Triluminos display
Price » 599,000 Ks
Contact Phone » 01-398436 ( UNiQUE )

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com