7/04/2016

♪ OPPO ၏ Ambassador သစ်အဖြစ် နီနီခင်ဇော် လက်တွဲခြင်းနှင့်အတူ A37 ၀ယ်ယူသူတိုင်း Special Promotion Package ကို ရယူပိုင်ဆိုင်နိုင်မည် ♫


OPPO ၏ထုတ်ကုန်သစ် A37 မှစတင်ကာ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်သော နီနီခင်ဇော်ကို Ambassador အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။ ယခုခန့်အပ်မှုမှာ နီနီခင်ဇော်၏အမာခံပရိသတ်များအတွက် ၀မ်းသာစရာသတင်းစကားတစ်ခုဖြစ်သလို OPPO ပရိသတ်များအ တွက်လည်း နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားစရာများကို ဆက်လက်မြင်တွေ့သွားရဦးမည်ဖြစ်သည်။ ယခုကဲ့သို့ OPPO ၏ Ambassador တစ်ဦးဖြစ်လာသော နီနီခင်ဇော်က “နီနီအနေနဲ့ OPPO ရဲ့ Ambassador တစ်ဦးဖြစ်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်

OPPO ဟာ အမြဲတမ်းဆန်းသစ်လှပပြီး အရည် အသွေးမြင့်မားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးနေတာဖြစ်သလို ထုတ်ကုန် brand image ပိုင်းကိုကြည့်မယ် ဆိုရင်လည်း ငယ်ရွယ်နုပျိုးပြီးခေတ်ရှေ့ပြေးနေတာကိုတွေ့ရဦးမှာဖြစ်ပါတယ်။ OPPO နဲ့လက်တွဲခဲ့ရတဲ့အဓိကရည်ရွယ်ချက်က ထူးခြားဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာတွေကို ပေးချင်တဲ့အပိုင်းမှာ OPPO ရော နီနီမှာ တူညီမှုတွေရှိနေတဲ့အတွက်ပါပဲ

နီနီအနေနဲ့ နီနီရဲ့ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေကိုပေးချင်သလို OPPO ကလည်း သူ့ရဲ့ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို အမြဲပေးချင်နေကြတာလေ။ ဒီအချက်က နီနီနဲ့ OPPO ကြားမှာ လက်တွဲရတဲ့အဓိက အကြောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ အနာဂတ်မှာလည်း နီနီအနေနဲ့ OPPO နဲ့လက်တွဲပြီး ရင်စိတ်လှုပ်ရှားစရာကောင်းစေမယ့် တိုးတက်မှုတွေကို အားလုံးအတွက် ဝေမျှပေးသွားပါဦးမယ်” ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
 
ထို့အပြင် OPPO ၏ထုတ်ကုန်သစ်ဖြစ်သော A37 ကိုဝယ်ယူကြမည့် customer များအနေဖြင့် လက်ဆောင်ပစ္စည်းများကိုပါ ခံစားရရှိစေဦးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ လာမည့် ဇူလိုင်လ ၁ရက်နေ့မှ သြဂုတ်လ ၁၅ရက်အထိဝယ်ယူကြသည့် customer များအနေဖြင့် Selfie Stick အပါအ၀င် လက်ဆောင်၃မျိုးပါဝင်သည့် Special Gift Set ကိုရရှိစေမည်ဖြစ်သလို နောက်ထပ်အပိုဆောင်းအဖြစ် 32GB ပမာဏပါဝင်သော SD Card ကိုပါရရှိစေဦးမည်ဖြစ်သည်။


OPPO အနေဖြင့် ထို့ထက်ပိုမိုသော Promotion အစီအစဉ်အဖြစ် 4G ကွန်ရက်တွင်အသုံးပြုနိုင်သော ယခု A37 အတွက် 4G Plus စနစ်ပါဝင်သည့် Ooredoo SIM Card တစ်ကဒ်ကိုပါအခမဲ့ထည့်သွင်းပေးထားပြီး 4GB ပမာဏရှိ 4G Plus Internet Data Package ကို ရယူ အသုံးပြုနိုင်စေမည်ဖြစ်သည်။ OPPO A37 ကို ဇူလိုင်လ ၁ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ OPPO အရောင်း counter များတွင်အထူးဈေးနှုန်း ၂၂၉,၀၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com