7/20/2016

Samsung Galaxy J7 2016 Edition All Models များအတွက် 6.0.1 Marshmallow Root လုပ်ပြီး မြန်မာစာထည့်နည်း - by CHAN LAY (MCMM)




မိတ်ဆက်

=======

Samsung Galaxy J7 2016 SM-J710GN/SM-J710F များအတွက်
နောက်ဆုံးထွက် ဗားရှင်း 6.0.1 Marshmallow Root လုပ်နည်းကို
တောင်းဆိုထားကြတဲ့ညီအကိုတွေအတွက် တင်ပေးလိုက်ပါတယ်။

ဒီ J7 2016 Edition အတွက် SM-J710GN/SM-J710F ဆိုပြီး
Models နှစ်မျိုးသာ ထွက်ရှိထားပါတယ်၊ ဒီဖုန်းတွေကို Root လုပ်
မယ်ဆိုရင်တော့ One Click Tool တွေတော့မထွက်သေးပါဘူး


Custom Recovery ထည့်သွင်းပြီး Supersu ဖြင့် Flash ပေးပြီး
Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်၊ ဒီနည်းလမ်းကတော့ အလေ့
အထ ရှိပြီးသား လူတစ်ယောက်အတွက် ပိုပြီး အကြိုက်တွေ့စေမယ့်
Strong အဖြစ်ဆုံး အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

ဒီဖုန်းများအတွက် တင်ပေးချင်နေခဲ့တာကြာပါပြီ လက်တွေ့စမ်းသပ်
ပြီးမှာ ချပြပေးချင်တာနဲ့ ကြံ့ကြာနေခဲ့တာပါ၊ အခုတော့ သေချာပါပြီခင်ဗျား

 ဒီဖုန်းများအတွက် တောင်းဆိုထားကြတဲ့ ညီအကိုများကိုတော့
တကယ်အချိန်မှီ မတင်ပေးဖြစ်တာကိုတော့ တကယ်အားနာမိပါတယ်

ဖုန်း ဆားဗစ်ဆိုင်မှာ အလုပ်လုပ်နေတာမဟုတ်တော့ ချက်ချင်း
တင်ပေးနိုင်ဖို့က မလွယ်ပါ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့
ဖုန်းကို ကံကောင်းခြင်းများစွာဖြင့် စမ်းသပ်ခွင့်ရခဲ့ပါတယ်။

ဖုန်းပိုင်ရှင် သူငယ်ချင်းနဲ့ တောင်းဆိုထားကြတဲ့ ဘော်ဒါတွေ
အားလုံးကို ကျနော်ကပဲ ကျေးဇူးတင်မိပါတယ်ဗျာ

 လွယ်တော့မလွယ်ဖူးပေါ့ ဒါပေမယ့် တင်ပေးခဲ့သမျှ ပိုစ့်များကိုအဆက်မပြတ်
လေ့လာဖြစ်ကြတဲ့ ဘော်ဒါများကတော့ ကျနော် နည်းလမ်းလေး
 ချပြလိုက်တာနဲ့ ဘာဆိုတာကို ချက်ချင်းသဘောပေါက်ကြမှာပါ

 Galaxy J7 2016 Edition မှာ ကျနော် စမ်းသပ်ဖြစ်တဲ့ အလုံးကတော့
SM-J710GN ပဲဖြစ်ပါတယ်၊ Root access မရှိသေးတဲ့ သူတွေကတော့
ဖေါ်ပြပါ နည်းလမ်းအတိုင်း သေချာအောင် ပြုလုပ်လိုက်ရင် အဆင်ပြေပါပြီ။

မြန်မာစာ ထည့်သွင်းတဲ့ နေရာမှာ Zawgyi Flashbale.zip များ ကုန်သွားတယ်
သိပ်တော့မထူးခြင်း သိပ်မမှန်၊ ဒီလိုနဲ့ အားမရသေးဘူး Root လုပ်ပြီးသက်သက်
မတင်ပေးချင်သေးတာနဲ့ ရအောင် စမ်းကြည့်ပြီးမှ Share ပေးလိုက်တာဖြစ်လို့
ညီအကိုများရဲ့ ဖုန်းကို စိတ်ချလက်ချဖြင့် စမ်းသပ်နိုင်ပါပြီ။

ဒီဖုန်းကို Root လုပ်ရန်အတွက် TWRP & Kernel ကို ထည့်သွင်းပြီး
Supersu.zip ဖြင့် Custom Recovery Mode မှ Flash ပေးယူရမှာပါ။


မှတ်ချက်

=====

TWRP & Kernel နှစ်ခုလုံးကို Flash လုပ်ပြီးမှ အဆင်ပြေမှာဖြစ်လို့
TWRP Recovery File တစ်ခုတည်းကိုသာ Flash ပေးပြီး Supersu.zip ဖိုင်ကို
ထည့်သွင်းပြီး Root လုပ်မယ်ဆိုရင်တော့ mount /data အတွက် အဆင်မပြေပါ
ဒါကြောင့် TWRP တစ်ခုတည်းကိုသာ ထည့်သွင်းပြီးမှ Supersu.zip ဖိုင်ကို
Flash ပြုလုပ်တာမျိုးမပြုလုပ်ပါရန် အထူးမှာကြားလိုပါတယ်။



Download & Details

==============

Samsung Android USB Driver for Windows

Download the latest Odin flashing Tool


Download Samsung-sm-j710f-6.0.1-nodmv.tar


Download Samsung-sm-j710f-twrp3-2.tar



Download BETA-SuperSU-v2.68-20160228150503.zip


Download Frozen Keyboard 2 Apk Rom (Play Store)


Download MM Aio Font Changer Pro_Beta 2.1.apk




Custom Recovery ဖိုင်များထည့်သွင်းပြီး Root လုပ်နည်း

===============================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery & Kernel.zip ဖိုင်များကို
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ။

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး ဒေါင်းလော့ရယူထားတဲ့
samsung-sm-j710f-6.0.1-nodmv.tar ဖိုင်ကိုအရင် ထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် Auto Reboot နှင့် F. Reset Time နေရာများမှာ
အမှန်ခြစ်ပေးထားပါ၊ (Odin မှာ Auto ပါဝင်နေပြီးသား)

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းမှာ ပါဝါပွင့်ပြီးတက်လာပါလိမ့်မယ်၊ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။

၁၀။ ဖုန်းကို TWRP ဖိုင်ကို ထည့်သွင်းပေးရဦးမှာဖြစ်လို့ ပါဝါပိတ်ပြီး
Volume Down + Home+ Power ကီးများကို တွဲနှိပ်ပြီး Download Mode သို့ထပ်ဝင်ပါ။

၁၁။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

 ၁၂။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ samsung-sm-j710f-twrp3-2.tar ဖိုင်ကို ထည့်လိုက်ပါ။

၁၃။ Odin Flash Tool တွင် Auto Reboot နှင့် F. Reset Time နေရာများမှာ
အမှန်ခြစ်ပေးထားပါ၊ (Odin မှာ Auto ပါဝင်နေပြီးသား)

၁၄။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၁၅။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၆။ ဖုန်းမှာ ပါဝါပွင့်ပြီးတက်လာပါလိမ့်မယ်၊ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။

၁၇။ အဆိုပါ Kernel & TWRP ဖိုင်များ ထည့်သွင်းခြင်း အောင်မြင်ပြီးရင်တော့
ဖုန်းဖို ကိုပါဝါပိတ်လိုက်ပါ၊ Volume Up + Home+ Power ကီးများကို တွဲနှိပ်ပြီး
Recovery Mode ကိုခေါ်လိုက်ပါ Recovery Mode တွင် Team win twrp recovery screen ဖြင့်
တက်လာခဲ့ရင်တော့ သင့်ဖုန်းမှာ Custom Recovery ထည့်သွင်းပြီးပါပြီ။

၁၈။ BETA-SuperSU-v2.68.zip ဖိုင်ကို SD Card သို့ Internal Storage သို့
Copy ကူးထည့်လိုက်ပါ၊ ပြီးရင် ဖုန်းကို Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Recovery Mode ကို ထပ်ပြီးဝင်လိုက်ပါ။

၁၉။ Advance ဆိုတာကို တစ်ချက်နှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၂၀။ တကယ်လို့ သင့်ဖုန်းရဲ့ SD Card နှင့် Internal Storage များတွင် Spece အလွတ်
ရှိနေသေးရင်တော့ Backup ဆိုတာကို တစ်ချက်နှိပ်ပေးပြီး Nandroid Backup ပြုလုပ်ထားပါ။

(ဖုန်းမှာ SuperSu.zip ဖိုင်ကို Flash ပြုလုပ်တဲ့အခါ မကိုက်ညီခဲ့ရင် Firmware က Brick
ဖြစ်နိုင်တာမို့ ဖြစ်နိုင်ရင် Nandroid Backup ဖြစ်အောင်ဆွဲထားလိုက်ပါ)

၂၁။ Install ဆိုတာကို ထပ်နှိပ်ပြီး မိမိ Copy ကူးထည့်ထားတဲ့ SD Card နှင့်
Internal Storage များတွင် ရှိသည့် SuperSu.zip ဖိုင်ကို Flash ပေးလိုက်ပါ။

၂၂။ Flash Process ပြီးဆုံးအောင် စောင့်နေလိုက်ပါ၊ ပြီးရင် Recovery Menu သို့
Back Key ကိုတစ်ချက်ချင်းနှိပ်ပြီး ပြန်လာခဲ့လိုက်ပါ၊ Reboot System Now ကိုနှိပ်ပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့ Home Screen တွင်
SuperSu icon လေးကို မြင်နေရပါလိမ့်မယ်။

၂၃။ Root Access ရရှိနေပါပြီ သေချာသွားအောင် Root Checker ဖြင့် စမ်းသပ်
ကြည့်လိုက်ပါ၊ အောက်ပါပုံအတိုင်း Root ပေါက်နေတာကို မြင်နေရပါလိမ့်မယ်။


မြန်မာစာ အမှန်ထည့်သွင်းနည်း

=================
Root Access သာ ရရှိထားပြီး မြန်မာစာမမှန်သေးတဲ့ သူတွေအတွက်ရော့ မြန်မာစာ
ထည့်သွင်းဖို့ ကြိုးစားနေတဲ့ သူတွေအတွက်ရော့၊ ပြီးတော့ Zawgyi Flashbable zip ဖိုင်များကို
ထည့်သွင်းပေးမယ့်လည်း အခုချိန်ထိ မြန်မာစာ အမှန်မမြင်ရသေးတဲ့ သူတွေအတွက် ဖေါ်ပြပါ
နည်လမ်း အတိုင်း ပြုလုပ်ပေးလိုက်ပါ။

100% နှုန်းဖြစ်ပါတယ်၊ ကျနော် ကိုယ်တိုင် စမ်းသပ်ပြီးသားဖြစ်ပါတယ်
Custom Recovery ကိုထည့်သွင်းပြီး နောက်ဆုံးထွက် Zawgyi Flashbable zip ဖိုင်ကို
ပုံမှန်အတိုင်း ထည့်သွင်းပေးမယ့်လည်း ဒီဖုန်းအတွက် Support မလုပ်တာပါဘူး


၁။ ကီးဘုတ်အတွက် Frozen Keyboard 2 Update version ကို
Play Store ဒေါင်းလော့ပြီး ထည့်သွင်းပေးလိုက်ပါ။

၂။ ဖောင့်အတွက် MM Aio Font Changer Pro_Beta 2.1.apk ကို
ဒေါင်းလော့လင့်တွင် ဒေါင်းလော့ရယူပြီး ထည့်သွင်းပေးလိုက်ပါ။

ဖုန်းမှာ Restart ကျပြီးလို့ ပြန်တက်လာတဲ့အခါ အောက်ပါပုံများအတိုင်း
Browser တွင်မြန်မာစာ 100% နှုန်း မြင်နေရပါလိမ့်မယ်၊ Social App တွေတော့
အထူးပြောစရာမလိုတော့ဘူးပေါ့ဗျာ


Screenshots

 


 


 

 



Special Credit ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net