Samsung ဟာ မျက်နှာပြင်အကြီးစာ Phablet ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy J
စီးရီး J Max ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ Samsung အနေနဲ့ ဒီဖုန်းကို
ထုတ်လုပ်ဖို့အတွက် ယခင်လကတည်းက သတင်းတွေ ထွက်ရှိနေတာဖြစ်ပြီး
ကောလဟာလသတင်းတွေအတိုင်း quad-core 1.5GHz Processor ကို
အသုံးပြုထားခဲ့ပါတယ်။
Internal RAM အနေနဲ့ 1.5GB ပါရှိပြီး 16GB Internal Storage နဲ့ ထပ်မံချဲ့ထွင်နိုင်တဲ့ SD Card Slot တွေလည်း ပါဝင်လာခဲ့ပါတယ်။ ဖုန်းအနေနဲ့ ဘက်ထရီပိုင်းကို အတော်ကောင်းမွန်အောင်ပြုလုပ်ထားပြီး 4,000 mAh အထိပါဝင်ပါတယ်။ Samsung Galaxy J Max ဟာ ကင်မရာပိုင်းမှာဆို 8 MP ကျောဘက်ကင်မရာနဲ့ 2 MP ရှေ့မျက်နှာကင်မရာတို့ ပါဝင်လာခဲ့ပါတယ်။ Android 5.1 Lollipop ဗားရှင်းနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချမှာဖြစ်ပြီး မျက်နှာပြင်ကြီးကြီးနဲ့ ဂိမ်းဆော့ချင်တဲ့သူတွေ၊ လူမှုကွန်ယက်မီဒီယာသုံးချင်တဲ့ သူတွေအတွက် ကောင်းမွန်တဲ့ ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။

www.pyaephyo.com