7/15/2016

♪ RAW ဖိုင်တွေကိုပါ ပြင်လို့ရပြီဖြစ်တဲ့ Adobe Lightroom မိုဘိုင်းအက်ပလီကေးရှင်း ♫


Adobe Systems ရဲ့ မိုဘိုင်းသုံးဓာတ်ပုံပြင်ဆော့ဖ်ဝဲဖြစ်တဲ့ Lightroom အက်ပလီကေးရှင်းကို ဓာတ်ပုံဝါသနာရှင်တော်တော်များများ သိကြမှာပါ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူး/ပြင်ဆင်ဖို့အတွက် အကောင်းဆုံး မိုဘိုင်း app တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ app တစ်ခုဖြစ်ပါတယ်။

အခုအခါ Adobe ဟာ Lightroom update အသစ်ထုတ်ပေးလိုက်ပြီဖြစ်ပြီး၊ Android ကော iOS မှာပါ ဖြည့်စွက်ပြင်ဆင်မှုတွေ အများအပြားလုပ်ထားတာကို တွေ့ရပါတယ်။

iOS မှာ ဗားရှင်း 2.4 ရှိပြီဖြစ်တဲ့ Lightroom app မှာ အမိုက်ဆုံးလုပ်ဆောင်ချက်အသစ်အနေနဲ့ RAW ဖိုင်တွေကို edit လုပ်လို့ရတဲ့လုပ်ဆောင်ချက်ပါဝင်လာပြီး၊ Android မှာတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။
Lightroom မှာ RAW ဖိုင်တွေကို edit လုပ်ခွင့်ရဖို့ ပရိတ်သတ်တွေ တောင်းဆိုလာတာ အချိန်တော်တော်ကြာနေပြီဖြစ်ပြီး၊ Adobe က အခုမှ iOS မှာ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

Adobe ရဲ့ ပြောကြားချက်အရ၊ ဒီဂျစ်တယ်ကင်မရာနဲ့ ရိုက်ထားတဲ့ RAW ဖိုင်တွေကို iPhone (သို့) iPad ထဲကို ကူးပြောင်းကာ edit လုပ်နိုင်မှာဖြစ်ပြီး၊ Adobe အနေနဲ့ 50-megapixel Canon 5DS ဖိုင်တစ်ခုကို iPhone 6 ထဲထည့်ပြီးစမ်းသပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီလို RAW ဖုန်းတွေကို မိုဘိုင်းမှာတင် ပြင်နိုင်လာတာဟာ ခရီးထွက်နေတဲ့အခါမျိုးမှာ တော်တော် အဆင်ပြေမှာ ဖြစ်ပါတယ်။

81d8d6d215b7cef146445c7efe0273e4

iOS ဗားရှင်း Lightroom မှာ RAW ဖိုင် support လုပ်ပေးမှုအပြင်၊ ချိန်ညှိမှုအသစ်တွေလည်း ပါဝင်လာပြီး၊ user တွေ တောင်းဆိုနေကြတဲ့ linear နဲ့ radia selection tools တွေလည်း ပါဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။

Lightroom Android ဗားရှင်းမှာတော့ RAW ဖိုင်မရသေးပေမယ့်၊ Lightroom Camera မှာ သိသိသာသာ ကောင်းမွန်မှုတွေရှိလာပါတယ်။ Android မှာပဲရတဲ့ DNG ဖိုင် support ကနေ Pro mode အသစ်သုံးပြီး၊ exposure နဲ့ focus ချိန်ညှိမှုတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။ ဒီ့အပြင် Lightroom နဲ့ ဓာတ်ပုံရိုက် ချင်ရင်လည်း၊ ပိုမြန်ဆန်လာပြီး၊ Lightroom app ကို အရင်ဖွင့်စရာမလိုဘဲ ဖုန်း homescreen ပေါ်က widget မှာတင် Lightroom ကင်မရာတန်းရိုက်နိုင်ပြီဖြစ်ပါတယ်။

Lightroom ဗားရှင်းအသစ်ကို iOS ကော Android မှာပါ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါတယ်။

Download for iOS
Download for Android

Credit to ==>  Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com