Samsung Galaxy S7 နဲ့ S7 Edge ဖုန်းတွေ၊ LG G5 လို
နောက်ဆုံးပေါ်ဖုန်းတွေမှာပါတဲ့ “Always On Display” ကို
စမတ်ဖုန်းပရိတ်သတ်တွေ တော်တော်များများသိကြမှာပါ။ ဒီလုပ်ဆောင်ချက်ဟာ
တော်တော် အသုံးဝင်တဲ့လုပ်ဆောင်ချက်ဖြစ်ပြီး၊
ဖုန်းမျက်နှာပြင်ကိုဖွင့်စရာမလိုဘဲ၊ နာရီအချိန်၊ မက်ဆေ့ noti စတာတွေကို
မျက်နှာပြင်မှာ အမြဲတမ်းပေါ်နေအောင်လုပ်ထားနိုင်မှာဖြစ်ပါတယ်။
ကျနော်တို့တွေဟာ အချိန်ကြည့်ဖို့ (ဒါမှမဟုတ်) ဖုန်း notification ကြည့်ဖို့သက်သက်နဲ့ ဖုန်းကို မကြာခဏ unlock လုပ်လေ့ရှိတာကြောင့် ဖုန်းဘက်ထရီက ပုံမှန်ထက် ပိုအကုန်မြန်ပါတယ်။ ဒါပေမယ့် “Always On Display” လုပ်ဆောင်ချက်ထည့်ထားရင်တော့ ဖုန်းဘက်ထရီစားတာ လုံးဝနည်းသွားမှာပါ။
ပထမဆုံးသတိပြုရမှာက ဒီလို “Always On Display” လုပ်ပေးနိုင်ပါတယ်ဆိုတဲ့ Android app တွေ အများကြီးရှိပေမယ့်၊ တော်တော်များများက အလုပ်မဖြစ်ပါဘူး။ ဒီအတွက် အကောင်းဆုံးဆိုတဲ့ Android app ကို ကျနော်တို့ရွေးပေးထားပါတယ်။
နောက်ထပ်သတိပြုရမှာက ဒီလုပ်ဆောင်ချက်ဟာ LCD မျက်နှာပြင်သုံးဖုန်းတွေမှာဆိုရင်တော့ အကျိုးမထူးတဲ့အပြင် ဘက်ထရီပိုတောင်ကုန်ပါဦးမယ်။ ဘာလို့လည်းဆိုတော့ LCD ဖုန်းဟာ မျက်နှာပြင်မှာ ပုံရိပ်/စာသားတစ်ခုကို ဖော်ပြနိုင်ဖို့အတွက် မျက်နှာပြင်တစ်ခုလုံးလင်းပေးဖို့ လိုအပ်တာကြောင့်၊ “Always On” သာ သုံးထားရင် ဘက်ထရီက အရမ်းကုန်မှာပါ။
AMOLED မျက်နှာပြင်သုံးဖုန်းတွေကတော့ pixel တစ်ခုချင်းဆီဟာ ကိုယ်ပိုင်အလင်းရောင်ထုတ်နိုင်တဲ့အတွက် မျက်နှာပြင်ရဲ့ အစိတ်အပိုင်းတစ်နေရာမှာပဲ ပုံရိပ်ပေါ်နေအောင်လုပ်ပေးနိုင်ပါတယ်။ ဒီအတွက် ဒီ app ဟာ AMLOED display သုံးဖုန်းတွေအတွက်လို့သာ ဆိုရမှာပါ။
Download ‘Always On AMLOED’ here

အဆင့် ၁ – Always On AMLOED အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲမယ်
ဒီ app ဟာ “Always On” လုပ်ဆောင်ချက်ကို တကယ်ပေးနိုင်တဲ့ app တစ်ခုဖြစ်ပြီး၊ Google Play Store မှာ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေတော့ ရှာဖွေလို့ရမှာမဟုတ်တဲ့အတွက်၊ ဒီနည်းလမ်းလေးသုံးပြီး ဒေါင်းလုဒ်ဆွဲပေးပါ။Download ‘Always On AMLOED’ here
www.pyaephyo.com