7/19/2016

♪ Pokemon Go ဂိမ်းကို နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ဆော့ကစားနိုင်တော့မည် ♫


Nintendo ကုမ္ပဏီက ထုတ်လုပ်ပြီး အောင်ပွဲတွေအလီလီ ရယူနေတဲ့ Pokemon Go ဂိမ်းကို မကြာခင်အချိန်အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ နိုင်ငံပေါင်း ၂၀၀ကျော်မှာ ဆော့ကစားနိုင်တော့မယ်လို့ Nintendo ရဲ့ Developer အကြီးအကဲဖြစ်သူ John Hanke ကပြောကြားခဲ့ပါတယ်။

ဒီဂိမ်းကို လတ်တလောမှာ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတွေမှာသာ ရရှိနိုင်သေးတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဂိမ်းထွက်ရှိမယ့်အချိန်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့တာပါ။

Pokemon-go2

Nintendo ရဲ့ ရှယ်ယာဈေးတွေဟာ Pokemon Go ဂိမ်းထွက်လာပြီး တစ်ပတ်ကျော်အတွင်းမှာတင် ၈၆ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၇ဘီလျံအထိ ဈေးကွက်ပေါက်ဈေး ရှိနေပြီဖြစ်ပါတယ်။

John Hanke က တောင်ကိုရီးယားနိုင်ငံမှာ ဒီဂိမ်းကို ထုတ်လုပ်ဖို့ အတွက် မျှော်လင့်နေပြီး မြောက်ကိုရီးယားနဲ့ လုံခြုံရေးပြသနာကြောင့် Google Map Function ကို ကန့်သတ်ထိန်းချုပ်ထားတာကြောင့် ကြန့်ကြာနေခဲ့တာပါ။ ဒါပေမယ့်ဒီအတွက် ဖြေရှင်းဖို့ အဖြေရှိပြီးဖြစ်တယ်လို့လည်း Hanke ကဆိုပါတယ်။

တောင်ကိုးရီးယားနိုင်ငံဟာ တရုတ်၊ အမေရိကန်နဲ့ ဂျပန်တို့ပြီးရင် ကမ္ဘာ့စတုတ္ထမြောက်အကြီးမားဆုံး ဂိမ်းဈေးကွက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ လတ်တလောမှာ ရရှိနိုင်ဦးမှာ မဟုတ်သေးဘူးလို့လဲ သိရပါတယ်။Pokemon Go ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီအနေနဲ့ ရှစ်ခုရှိပြီး SoftBank Group လို ကုမ္ပဏီကြီးတွေလည်း ပါဝင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com