Poke’mon Go ဟာ စိတ်ဝင်စားမှုတွေကို မြန်မြန်ဆန်ဆန် ရယူသိမ်းပိုက်လာတဲ့
တကယ့် multiplayer စမတ်ဖုန်းဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဘယ်လို
ဖြစ်ပေါ်လာတယ်။ Poke’mon ဆိုတာဘာလဲ ဆိုတာတွေနဲ့  ပတ်သတ်ပြီး ဒီဂိမ်းကို
ဖန်တီးခဲ့တဲ့ နှစ်နှစ်ဆယ် သမိုင်းကြောင်းအကျဉ်းချုပ်ကို ဖြော်ပလိုက်ပါတယ်။
အင်းဆက်ပိုးကောင်စုသူတစ်ယောက်ရဲ့ ဆန်းကြယ်အတွေး
Poke’mon ဟာ ဂျပန်လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို တာဝန်ယူခဲ့တဲ့ ဆာတိုရှိ တာဂျိရိ ဟာ ငယ်စဉ် ကလေးဘဝကတည်းက ပိုးကောင်လေးများကို စုဆောင်းရာမှ စိတ်ကူးဆန်းတစ်ခု ရလာခဲ့ခြင်းဖြစ်ပါတယ်။ ယခု စီးရီးထဲမှ အဓိကဂိမ်းတွေဟာ Game Freak မှ ရေးဆွဲပြီး Nintendo မှ ထုတ်ခဲ့တာပါ။

Poke’mon ရဲ့ ရွှေရောင် ကာလများကတော့ ၉၀ ပြည့်လွန် နောက်ပိုင်းနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အမေရိကားမှာ Poke’mon Red နဲ့ Blue ဆိုပြီး Game Boy ဗွီဒီယို ဂိမ်းအတွက် စတင် ထုတ်လုပ် ဖြန့် ချီခဲ့တာပါ။

Poke’mon ဆိုတာ ဘာလဲ။
နှစ်ယောက်တွဲဆော့ရတဲ့ ဂိမ်းတွေဟာ အတွဲလိုက် role-play ဆော့ရတာဖြစ်ပါတယ်။ players တွေက ကိုယ့်ကိုင်တဲ့ အကောင်ကို မြေပြင်ကမ်းစပ်အနေအထားအနေအထားတွေ ၊ မြို့ တွေ တောအုပ်နဲ့ တောင်တန်း နေရာတွေကို ထောက်လှမ်းစုံစမ်းရာမှာ ထိန်းချုပ်ရပါတယ်။ ကန်တို(Kanto) လို့ ခေါ်တဲ့ တိုင်းပြည်မှာ ထူးဆန်း အံ့ဖွယ် သတ္တဝါဖြစ်တဲ့ Poke’mon တွေ နေထိုင်ပါတယ်။ player က ဒီကောင်လေးတွေကို တန်းစီလေ့ကျင့် တိုက်ခိုက်ဖို့ အတွက် Poke’ball လေးတွေကို ဖမ်းခိုင်းရပါတယ်။ဒီကောင်လေးတွေကို အနီနဲ့ အဖြူဘောလုံးလေး တွေထဲမှာ များသထက်များလာအောင်လုပ်ပြီး ခက်ထန်ပင်ပန်းတဲ့ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်တာကို Poke’mon တွေရဲ့ကမ္ဘာမှာ လျစ်လျှူရှုထားကြပါတယ်။
ပထမဆုံး Poke’mon ဂိမ်းတွေဟာ ကန်တို တိုင်းပြည်ထဲမှာ Poke’mon ၁၅၁ ကောင်ထည့်ထားပါတယ်။ “gotta catch’em all” ဆိုတဲ့ စာသားနဲ့  သူတို့ ရဲ့ Poke’mon တွေတည်ရှိတဲ့ အညွှန်းဖြစ်တဲ့ Poke’dex ကို ပြီးဆုံးအောင်လို့  players တွေကို တိုက်တွန်းပေး ပါတယ်။ဒီ Poke’mon လေးတွေကို လိုက်ဖမ်းခိုင်းတာဟာ တစ်ဆင့်ထက်တစ်ဆင့် ခက်ခက်လာပြီး ဒီဂိမ်းတွေရဲ့ ခြောက်ခုမြောက် မျိုးဆက်မှာဆို Poke’mon အကောင်ရေ ၇၂၀ ကျော် ထွက်ပေါ်လာပါတယ်။
Nintento အနေနဲ့  အနောက်တိုင်းဈေးကွက်ကို ဆွဲဆောင်နိုင်မယ်မထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သွားပါတယ်။ ကတ်ဆွဲရတဲ့ဂိမ်းတွေနဲ့  တီဗွီစီးရီးတွေထဲမှာ လူကြိုက် များသွားတဲ့ Ash နဲ့  Pikachu ဇာတ်ကောင်လေးတွေကြောင့် လူအများစု သတိပြုမိသွားတာပါ။ Poke’mania ဆိုတဲ့ အသုံးအနှုန်း ကိုလည်း web ပေါ်မှာ လက်လီဖြန့်  ခြင်း ရာမှာ ၊ရုပ်ရှင်တွေမှာနဲ့  မွန်းစတားအရုပ်လေးတွေကို ထုတ်ရာမှာ နာမည်တပ်လာကြပါတယ်။ အဲဒီလိုနဲ့  Poke’mon ဟာ ဒေါ်လာသန်းနဲ့ ချီပြီး ပွပေါက်တိုးလာပြီး Poke’mon ဟာလည်း ထိပ်တန်းကို တစ်ခါတည်း ထိုးတက်သွားပါတယ်။
Poke’mon ဂိမ်းအသစ်တွေရဲ့ ဝယ်လိုအားက ကျသွားတယ် မရှိခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်ထဲမှာ ဖြန့် ချီခဲ့တဲ့ နောက်ဆုံးထွက်စီးရီး Omega Ruby နဲ့  Alpha Sapphire ဟာ UK မှာ ထွက်ခဲ့သမျှ စီးရီး ထဲမှာ အအောင်မြင်ဆုံးစီးရီးဖြစ်ကြောင်း သက်သေပြလိုက်ပါတယ်။
Poke’mon Go
Poke’mon Go ကို 2014 ဧပရယ်ဖူး ရှိုးတစ်ခုအဖြစ် စတင်အသက်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က Googleပိုင်တဲ့ Niantic နဲ့  Nintendo ဟာ Poke’mon စိန်ခေါ်ချက်တစ်ခုကို ကြေငြာချက်ထုတ်ခဲ့တဲ့ YouTube ဗွီဒီယိုတစ်ခုကို ဖန်တီးဖို့ ဖွဲ့ စည်းခဲ့ပါတယ်။ Poke’man Challenge ဟာ Poke’mon Master ရဲ့ နာမည်နဲ့ လူကြိုက်အများဆုံးဆု ပေးအပ်ခံရတဲ့ Google Maps ကို အခြေခံတဲ့ search တစ်ခုဖြစ်ပါတယ်။
ဒီဗွီဒီယိုဖိုင်တိုလေးဟာ Niantic နဲ့ Nintendo တို့ အကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို ဖွဲ့ တည်ပေးခဲ့ပါတယ်။ လူကြိုက်များများလာတဲ့ Poke’mon ဂိမ်းကို ရေးဆွဲတဲ့ စိတ်ကူးဟာ လက်တွေ့ ဆီသို့  ခြေလှမ်းတစ်ရပ် လှမ်းခဲ့ပါတယ်။၂၀၁၅ မှာ Niantic နဲ့  Nintendo ဟာ Poke’mon Go ကို ထုတ်လုပ်ဖို့ အတူတကွ လက်တွဲ လုပ်ဆောင်နေကြပါတယ်လို့  Poke’mon ကုမ္ပဏီမှ ကြေငြာချက်ထုတ်ခဲ့ပါတယ်။
ဂိမ်းဟာ ဖုန်းရဲ့ GPS ကို သုံးပြီး real-world map တစ်ခုကနေ ကိုယ့်ရဲ့အကောင်ကို ရွှေ့ လို့ ရတယ်လို့  တွေ့ ရပါတယ်။ ကွင်းပတ်ပတ်လည်က အနားသတ်တွေက Poke’Stops တွေဖြစ်ပါတယ်။ Poke’Stops တွေ ကို Poke’balls တွေ နဲ့  တစ်ခြား items တွေ ၊ သူတို့ ရဲ့Poke’mon တွေအတွက် လေ့ကျင့်ကွင်းတွေ ကို စုဖို့ သုံးနိုင် ပါတယ်။ map ပေါ်မှာ Poke’mon ပေါ်လာတဲ့အခါ သင်အနေနဲ့  ဒါလေးကို နှိပ်နိုင်ပါတယ်။အဲသလို လုပ်လိုက်တဲ့ အခါ Poke’mon ဟာ တကယ့်လက်တွေ့ မြင်ကွင်းထဲမှာ တွေ့ ရသလို ပေါ်လာပါတယ်။ဖုန်းကင်မရာကနေ တစ်ဆင့်မြင်ရတဲ့ ပုံရိပ်ပေါ်ထင် ဟပ်လာပြီး သင့်အနေနဲ့  Poke’ball တွေကို ဖမ်းလို့ ရတဲ့အထိ ပစ်လို့ ရနေမှာပါ။

Poke’mon Go ဟာ ယခုလ အစောပိုင်းတုန်းက အမေရိကားမှာ စတင်ထုတ်လွှင့်ဖြန့် ချီခဲ့ပြီး ချက်ချင်း လက်ငင်းကို ထိုးတက်သွားပါတယ်။ ဝက်ဘ်ပေါ်မှ သတင်းသစ်များအရတော့ တွစ်တာမှာဆို Tinder ရဲ့အထက်မှ ဦးဆောင်နေပါတယ်။ robberies ၊ dead bodies နဲ့  serenipitous friendships တွေဟာလည်း ဂိမ်းကို လူသိများစေတဲ့ အကြောင်းတရားတွေပါပဲ။
Niantic ရဲ့ ဆာဗာတွေဟာ ဒီဂိမ်းကို ဆော့တဲ့ လူတွေများလွန်းလို့  overload ဖြစ်လာပြီး နိုင်ငံတကာ အနှံ့  ထုတ်လွှတ်ဖြန့် ချီရာမှာ ကြန့် ကြာမှုတွေနဲ့ ကြုံတွေလာပါတယ်။ အာရှနဲ့ ဥရောပမှ သုံးစွဲသူတွေဟာ တရားဝင်ချန်နယ်လိုင်းတွေကနေတစ်ဆင့် ဂိမ်းဆော့ခွင့်ရဖို့ စောင့်ဆိုင်းနေဆဲပါ။

လက်တလောမှာတော့ ဒီဂိမ်းဟာ တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှုကို ရရှိထားသလို စမတ်ဖုန်းတွေရဲ့ app တွေနဲ့  မိုဘိုလ်းဂိမ်းလောကထဲမှာ မှတ်တိုင်တစ်ခု စိုက်ထူထားပါတယ်။ ဒီပလက်ဖောင်းပေါ်မှာ တာရှည် တည်မြဲနေတာ တွေ့ မလား မသိရသေးပါဘူး။ ဒါပေမယ့် ဂျပန်ကျေးလက်မှ တောတန်း နဲ့ စမ်းချောင်းလေးတွေ ဆီက အင်းဆက်တွေကို စုဆောင်းခဲ့တဲ့ ကလေးလေးဘဝကနေ လုပ်ငန်း လက်ခွဲတွေအတွက် အလွန်ကြီးမားတဲ့ နောက် တစ်လှမ်းကို ကိုယ်စားပြုလာတဲ့ Poke’mon Go နဲ့  လမ်းဖောက်နိုင်ခဲ့ပါပြီ။

Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။
Pokémon GO Game for iPhone အားရယူရန်
Pokémon GO Game for Android အားရယူရန်
Wai Linn Aung (Myanmar Mobile App)

www.pyaephyo.com