7/10/2016

♪ Notification မီးအရောင်ကို စိတ်ကြိုက်ပြောင်းပေးလို့ရတဲ့ ‘Smart Glow’ ပါဝင်တဲ့ Samsung Galaxy J2 (2016) ဖုန်း ထွက်ရှိ ♫


တောင်ကိုရီးယားအီလက်ထရောနစ်ကုမ္ပဏီ Samsung ဟာ Galaxy J2 2016 မော်ဒယ်အသစ်ကို သောကြာနေ့က အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

Samsung Galaxy J2 (2016) ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ‘Smart Glow’ လို့ နာမည်ပေးထားတဲ့ LED notification စနစ်အသစ်ပါဝင်လာတာဖြစ်ပါတယ်။ ဒီစနစ်ကတော့ ကင်မရာဘေးပတ်လည်မှာ LED ပါဝင်ပြီး၊ ဖုန်းပိုင်ရှင်အနေနဲ့ contact ၊ app နဲ့ ဖုန်း usage alert တွေကို ကိုယ့်စိတ်ကြိုက်ကာလာရွေးပေးထားလို့ရပါတယ်။ ဥပမာ – အကိုဖြစ်သူရဲ့ contact ကို အပြာရောင်ပေးထားမယ်ဆိုရင်၊ သူ့ဆီက မက်ဆေ့ ဒါမှမဟုတ် ဖုန်းကောဝင်လာရင်၊ ဖုန်းနောက်ကျော LED နေရာကနေ မီးအပြာရောင်နဲ့ အသိပေးမှာဖြစ်ပါတယ်။ အက်ပလီကေးရှင်းဆိုရင်လည်း ဥပမာ – Facebook ကို အနီရောင်ပေးထားရင်၊ Facebook comment တစ်ခုတက်လာတာနဲ့ အနီရောင်မီးနဲ့ အချက်ပြမှာပါ။

Smart Glow လုပ်ဆောင်ချက်ကို Quick panel ကနေ ၀င်သုံးနိုင်ပြီး၊ Priority alert ၊ Usage alert နဲ့ Selfie Assit ဆိုပြီး သုံးမျိုးပေးထားနိုင်ပါတယ်။

samsung_galaxy_j2_2016_screen

Samsung Galaxy J2 (2016) ဖုန်းရဲ့ တခြားအချက်အလက်တွေကတော့ ၅လက်မအကျယ် မျက်နှာပြင် (720x1280pixels) Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ 1.5GHz quad-core ပရိုဆက်ဆာအသုံးပြုထားပါတယ်။ တန်ဖိုးနည်းဖုန်းဖြစ်တဲ့အတွက် RAM က 1.5 GB သာပါရှိပြီး၊ ဖုန်းတွင်း storage အနေနဲ့လည်း 8GB သာပါရှိပါတယ်။ ဒါပေမယ့် storage အတွက်ကတော့ စိတ်ပူစရာမလိုဘဲ၊ microSD ကတ် 32GB အထိ ထပ်စိုက်နိုင်ပါတယ်။

Android 6.0 Marshmallow စနစ်သုံးဖုန်းဖြစ်ပြီး၊ 4G မိ SIM နှစ်ကတ်ထိုးဖုန်းဖြစ် ပါတယ်။ ကျောကင်မရာက 8-megapixel ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5-megapixel ဆန်ဆာနဲ့ဖြစ်ပါ တယ်။ ဘက်ထရီကတော့ 2600mAh ဘက်ထရီပါ။

Galaxy J2 (2016) ဖုန်းကို အိန္ဒိယမှာ ရူပီး ၉၇၅၀ (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) ဈေးသတ်မှတ် ထားပြီး၊ အွန်လိုင်းစတိုးကနေကော လက်လီဆိုင်တွေမှာပါ ဂျူလိုင် ၁၀ ရက်နေ့စပြီး ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အရောင်ကတော့ အနက်ရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး သုံးမျိုးရွေးချယ်နိုင် ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com