7/11/2016

♪ ကြည့်ပြီးတာနဲ့ အလိုအလျောက်ပျောက်သွားမယ့် လှို့ဝှက်မက်ဆေ့တွေကို Messenger မှာ စတင်စမ်းသပ် ♫


Facebook ရဲ့ လုပ်ဆောင်ချက်အသစ်တွေကတော့ တကယ့်ကို အသုံးဝင်တဲ့၊ အမိုက်စားလုပ်ဆောင်ချက်တွေ လို့ ပြောရမှာပါ။ Facebook ဟာ သင့်ရဲ့ဖုန်းတစ်လုံးလုံးကို သူ့ app တွေနဲ့ပဲ ကြီးစိုးဖို့ ကြိုးစားနေပေမယ့်၊ သင့်ရဲ့ လုံခြုံရေးပိုင်းကိုလည်း မျက်ကွယ်ပြုမထားပါဘူး။

သိပ်မကြာခင်မှာ သင့်ရဲ့ Messenger မက်ဆေ့တွေဟာ ပိုပြီးတော့ လုံခြုံလှို့ဝှက်မှု ရှိလာတော့မှာ ဖြစ်ပါတယ်။ Facebook ဟာ  ၎င်းတို့အနေနဲ့ end-to-end encryption ( ပို့သူနဲ့ကြည့်သူနှစ်ဦးသာ မြင်တွေ့နိုင်မယ့် လှို့ဝှက်ကုဒ်ခံမက်ဆေ့) နဲ့ message expiration ( မက်ဆေ့ပျောက်ကွယ်မယ့်အချိန်) လုပ်ဆောင်ချက်တွေကို မိုဘိုင်း Messenger မှာ စမ်းသပ်လျက်ရှိကြောင်း စနေနေ့က ကြေငြာလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်တွေကို Messenger ထဲက ကဏ္ဍသစ်တစ်ခုဖြစ်တဲ့ ‘Secret Conversation’ ထဲမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဘဏ်အကောင့်နံပါတ်ပေးတာမျိုး အရေးကြီးတဲ့အချက်အလက်တွေကို အဆိုပါ ချက်ဘောက်စ်ကနေ လုံခြုံစွာပြောနိုင်မှာဖြစ်ပါတယ်။ Encrypted လုပ်ထားတဲ့မက်ဆေ့တွေ ဖြစ်တာကြောင့်၊ Facebook ၀န်ထမ်းတွေတောင် သိနိုင်မှာမဟုတ်ဘဲ၊ အကယ်၍ ရဲအရာရှိတွေက Facebook ကို မက်ဆေ့ဖော်ပေးဖို့ပြောလာရင်တောင်၊ Facebook က ပြန်ယူပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Encrypted မက်ဆေ့တွေဟာ WhatsApp မှာ ရတာ နည်းနည်းကြာပြီဖြစ်ပေမယ့်၊ Facebook Messenger ရဲ့ နောက်ထပ်လုပ်ဆောင်ချက်အသစ်ကတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

Message Expiration လုပ်ဆောင်ချက်အသစ်မှာ အသုံးပြုသူအနေနဲ့ ကိုယ်ပို့လိုက်တဲ့မက်ဆေ့ကို ဘယ်နှစ်မိနစ်ကြာရင် အလိုလိုပျောက်သွားမလဲဆိုတာကို အချိန်ရွေးပေးထားလို့ရမှာဖြစ်ပါတယ်။ ဥပမာ ကိုယ်ပို့လိုက်တဲ့မက်ဆေ့ကို မိနစ်သုံးဆယ်သတ်မှတ်ထားမယ်ဆိုရင်၊ မိနစ်သုံးဆယ်ကြာတာနဲ့ အဆိုပါ မက်ဆေ့က အလိုလိုပျောက်သွားမှာဖြစ်ပါတယ်။

လောလောဆည် ယခုလုပ်ဆောင်ချက်အသစ်တွေကို တစ်ချို့ user တွေဆီမှာပဲ စမ်းသပ်လျက်ရှိပြီး၊ ယခု အမေရိကန်နွေရာသီ ( ဂျွန်၊ ဂျူလိုင်၊ သြဂတ်စ်) အတွင်းမှာ user တော်တော်များများဆီ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com