7/18/2016

♪ “LG Stylus 2” ♫


၂၀၁၆ မေလတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော LG Stylus II သည် LG နဲ့မတူသောပုံစံကိုရှေးဦးစွာမြင်ရမှာပါ။ ပါးလွှာပြီးပေါ့ပါးသော design ပုံစံနဲ့ အတူဦးစွာထွက်ရှိခဲ့သော LG G3 Stylus မှ LG G4 stylus ၊ LG G4 Stylus မှ ယခု stylus II တွင် pen သည် G4 stylus ရဲ့ pen ထက် ပို၍ သေးသွယ်ပြီး အနုစိတ်လာတာကိုတွေ့မြင်ရမှာပါ။

Stylus pen ၏ လုပ်ဆောင်ချက်တွေ ကလည်း ပိုမိုများပြားကောင်းမွန်လာတာကိုတွေ့မြင်ရမှာဖြစ်ပြီး phone နှင့် pen ဝေးကွာသွားရင်တောင် အချက်ပြတဲ့စနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ HD display ၅.၇ လက်မမျက်နှာပြင်ကြောင့်လည်း ကြည်လင်ပြတ်သားသော အမြင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Camera မှာRear အတွက် 13MP နှင့် Selfieအတွက် 8MP ပါဝင်ထားသောကြောင့် ခေတ်နဲ့အညီမနိမ့်သော megapixel တို့ကိုတွေ့မြင်ရမှာပါ။

စိတ်ရှိတိုင်းAPK တို့ကိုထည့်သွင်းနိုင်ဖို့ အတွက်လည်း2G RAM နှင့် 16 GB internal ROM တို့ပါဝင်တယ်။ Micro SD ထပ်စိုက်နိုင်မှုကသုံးစွဲသူတို့၏ စိတ်ကိုကျေနပ်မှုပေးစွမ်းနိုင်မှာပါ။ Removal Battery 3,000 mAhပါဝင်မှုကြောင့်လည်းအဆင်ပြေစေမှာပါ။ Dual SIM နှစ်ခုစလုံးကို4G supporting ပေးမှုကြောင့် လည်းတိုးမြှင့်လာသောInternet အမြန်နှုန်းအတိုင်းစိတ်ကျေနပ်စွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ LG မှာများပြားပြီး စမတ်ကျတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း အထောက်အကူပြုစေပါလိမ့်မယ်။

သူ့မှာ ပါဝင်တာတွေကတော့Smart Notice, Smart Bulletin 2.0, Air Drive, Event Pocket, Snap Page, Ringtone ID, LG Health, Smart Settings တို့ပဲဖြစ်ပါတယ်။ Android 6.0 (Marshmallow) အပေါ်မှာဆန်းသစ်ထားတဲ့ UIဒီဇိုင်းဟာLG သုံးစွဲသူတွေအတွက် သီးသန့်ဖြစ်ပါတယ်။ Screen ရဲ့ အလင်းအားထုတ်လွှင့်မှုဟာဘက်ထရီစွမ်းအားချွေတာမှုအတွက်ကိုလည်း ထောက်ပံ့ပေးပါတယ်။

<Specification>

Network - GSM/ HSPA/ LTE
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 13MP
Screen - 5.7 inches
OS - Android OS, v6.0
Contact - 01-254559

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com