LG က Stylus 2 Plus ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၂၄
၄၅၀ ( ၃၆၅ ဒေါ်လာ) တန်ကြေးရှိပါတယ်။ အဆိုပါ စမတ်ဖုန်းကို ထိုင်ဝမ်မှာ ဧပြီလက
စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဇွန်လမှာ တစ်ကမ္ဘာလုံးတွင်
ရောင်းချပေးခဲ့ပါတယ်။
LG Stylus 2 နဲ့ ဒီဇိုင်းတူညီပေမယ့် တိုးတက်မှုများ ပါလာပါတယ်။ LG Stylus 2 လိုပဲ ဒစ်ဂျစ်တယ် ဘောပင် ပါပေမယ့် ပိုမို တိကျလာပါတယ်။ ဘောပင်ကို ဖုန်းကနေ ဆွဲထုတ်လိုက်ရင် Popup Menu ပြပေးမယ့် Pen Pop စွမ်းဆောင်ချက်ပါလာပါတယ်။ Menu မှာ Quick Memo , Off Memo, Pop Scanner တို့လို Shortcuts များကို ပံ့ပိုးပေးထားပါတယ်။
LG Stylus 2 Plus မှာ 3GB RAM , 16GB Storage နဲ့ 200GB အထိ ၀င်ဆန့်တဲ့ microSD Card ကို သုံးနိုင်ပါတယ်။ 16MP Rear Camera, 8MP Front Camera , Android 6.0 Marshmallow, 3000mAh Battery တို့ တပ်ဆင်ထားပါတယ်။

www.pyaephyo.com