7/09/2016

♪ Lenovo Tab 3 7 Tablet ♫


တန်ဖိုး - ယူရို ၁၁၉
အသေးစိတ်ဖော်ပြချက်
Quad-core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB  ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Storage များများ အသုံးပြုချင် သူများအတွက် 32 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Android 6.0 Version ကို အသုံးပြုထားပြီး Display Screen မှာ IPS capacitive multi touch screen ကို အသုံးပြုထားကာ Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ၇ လက်မပါ။ ကင်မရာ ပိုင်းမှာတော့ ရှေ့ဘက်ကင်မရာရဲ့ Mega pixels မှာ 2 Megapixels သာရှိမှာဖြစ်ပြီး နောက်ဘက် ကင်မရာကတော့ 5 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို  Li-lon အသုံးပြုထားပြီး ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 3450mAh ပမာဏရှိမှာ ဖြစ်ပါတယ်။ MP3, WAV, AAC, WMA, WAV အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပြီး Video ပိုင်းမှာလည်း 1080p HD Video များကိုလည်း ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားနည်းချက်
ကင်မရာပိုင်းမှာ Megapixel နည်းပါးတာကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဇိုင်းပိုင်းကလည်း ရိုးရှင်းတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားသာချက်
Lenovo Tab 3 ၇ လက်မဟာ ငွေကြေးချွေတာတဲ့ Tablet  အမျိုးအစား တွေထဲမှာတော့ အကောင်းဆုံး tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းချိုသာသလို စွမ်းဆောင်ရည် ပိုင်းမှာလည်း ကောင်းမွန်တဲ့ Lenovo Tab 3 7 ဟာ LTE ကို အထောက်အပံ့ ပေးနိုင်ပြီး Gorilla Glass 3 panel ကို အသုံးပြုထားတဲ့အတွက် အကြမ်းခံနိုင်အောင်လည်း ဦးစားပေးထားပါတယ်။

သုံးသပ်ချက်
Lenovo Tab 3 ၇ လက်မအရွယ်ဟာ ကလေးများ အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်းစီစဉ် ပြုလုပ်ထားပြီး LTE ကို အထောက်အပံ့ ပေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလုပ်ဆောင် သူများအတွက် ငွေကြေးချွေတာ သုံးစွဲနိုင်တဲ့ Tablet  အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇိုင်း
ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံ နဲ့ တည်ဆောက်ထားတဲ့ Lenovo Tab 3 7 ဟာ ပလတ်စတစ် ကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး Tablet ရဲ့ ဘယ်ဘက်အခြမ်းမှာ Volume အတိုးအလျှော့ ခလုတ်ကို ထည့်သွင်းပေးထားပါတယ်။ Power button ကိုလည်း အဆိုပါ Volume button တွေရဲ့ အောက်ခြေမှာ ထည့်သွင်းပေးထား တာကိုတွေ့ မြင်ရမှာ ဖြစ်ပါတယ်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com