7/09/2016

♪ ဗီဒီယိုများ download လုပ်ပြီး offline ကြည့်နိုင်မည့် လုပ်ဆောင်ချက် Facebook စမ်းသပ်မည် ♫


Facebook သည် ဆိုက်မှ ဗီဒီယိုများအား download ပြုလုပ်ပြီး မည်သည့်အချိန်တွင်မဆို online ရော offline ဖြင့်ပါ ကြည့်ရှုနိုင်မည့် လုပ်ဆောင်ချက်ကို စမ်းသပ်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်ကို ဇူလိုင်လ ၁၁ ရက်မှ စတင်ကာ အိန္ဒိယနိုင်ငံရှိ သုံးစွဲသူအဖွဲ့ငယ်တစ်ခုထံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း Facebook ၏ အီးမေးလ်ကို လက်ခံရရှိသည့် TechCrunch blog site မှ ဖော်ပြခဲ့သည်။ ကုမ္ပဏီအနေဖြင့် အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားရခြင်းမှာ မိုဘိုင်းအချက်အလက်နှင့် အင်တာနက်ချိတ်ဆက်မှုကန့်သတ်ခံထားရသည့် အိန္ဒိယကဲ့သို့သော ဒေသများမှ တုံ့ပြန်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများရှိ အင်တာနက်သုံးစွဲသူများသည် အရည်အသွေးနိမ့်သည့် ဗီဒီယိုများကိုသာ ကြည့်ရှုနေရသည်။

၎င်းလုပ်ဆောင်ချက်သစ်၏ ရည်မှန်းချက်မှာ သုံးစွဲသူများက ဗီဒီယိုများကို Wi-Fi ချိတ်ဆက်မှု တစ်ခုပေါ်မှ download ပြုလုပ်ပြီး cellular data ကုန်ဆုံးရန်မလိုဘဲ ကြည့်ရှုနိုင်စေရန်ဖြစ်ကြောင်း ဆိုသည်။

Live ဗီဒီယိုများသည် နာမည်ကျော်ကြားသူများ၊ လုပ်ငန်းရှင်များနှင့် နေ့စဉ်သုံးစွဲသူများ အကြားတွင် ရေပန်းစားလျက်ရှိသည်။ ထို့အပြင် မင်နက်ဆိုတာ ပစ်ခတ်မှုနှင့် ဒဲလက်စ်ပစ်ခတ်မှုအပါအဝင် သတင်းဖြစ်ရပ်များ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။

Facebook ကို သုံးစွဲသူဦးရေ ၁.၅ ဘီလျံကျော်ရှိသော်လည်း ဖွံ့ဖြိုးဆဲဒေသများရှိ သုံးစွဲသူများမှာ ဆိုးရွားသည့် အင်တာနက်ချိတ်ဆက်မှုများဖြင့်သာ အသုံးပြုနေရသည်။ Facebook သည် ကန့်သတ်ထားသော အင်တာနက်ဆိုက်များနှင့် ဝန်ဆောင်မှုများကို အခမဲ့ထောက်ပံ့ပေးသည့် Free Basics ဝန်ဆောင်မှုဖြင့် အဆိုပါဒေသများရှိ သုံးစွဲသူများထံ ပစ်မှတ်ထားရန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ဝက်ဘ်ဆိုက်အားလုံး တန်းတူညီမျှအသုံးပြုခွင့်ပေးရမည်ဟူသော အင်တာနက်ထောက်ပံ့ သူများ၏ ကိုယ်ကျင့်တရားကို ဖောက်ဖျက်သည်ဟုဆိုကာ အိန္ဒိယက ၎င်းဝန်ဆောင်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တားမြစ်ခဲ့သည်။

ဗီဒီယို download ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက် စမ်းသပ်ပြီးနောက် တရားဝင်ဖြန့်ချိခြင်း ရှိ၊ မရှိကိုမူ Facebook မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com