
Lenovo A7000 Plus ဟာ K3 Note နဲ့ ခွဲခြားလို့မရအောင် တူညီနေပေမယ့် နည်းနည်းတော့ထူးခြားသွားအောင် A7000 Plus ကို သတိထားမိနိုင်မယ့် OS, benchmark results နဲ့ ဘက်ထရီစွမ်းဆောင်ရည်တို့မှာ
ပြောင်းလဲမှုလေးတွေ Lenovo က ပြုလုပ်ပေးခဲ့ပါတယ်။ A7000 ရဲ့ နောက်ဆက်တွဲ
successor ဖြစ်လာတဲ့ A7000 Plus ဟာလည်း Budget ဖုန်းတစ်လုံးဖြစ်ပြီး
တန်ဖိုးနဲ့ ထိုက်တန်တဲ့ ကင်မရာကောင်းမွန်မှုတွေကို ပေးစွမ်းနိုင်တာဟာ Budget ဖုန်းရဲ့အားသာချက်ဖြစ်ပါတယ်။
A7000 Plus မှာ Laser autofocus, OIS features တို့မပါဝင်နေသော်လည်း ဖုန်းကင်မရာရဲ့စွမ်းဆောင်ချက်တွေဟာ LG G3 ဖုန်းအတိုင်း ရုပ်ထွက်ပြတ်သားတိကျတာကိုတော့ တွေ့မြင်ရပါတယ်။ Dolby Atmos စပီကာကြောင့် အသံပိုင်းကို ယုံကြည်စိတ်ချရပြီး ဂိမ်းကစားတဲ့အခါ အသံတွေ ပိုမိုပီပီပြင်ပြင်ခံစားနိုင်ပါတယ်။ သက်တမ်းကြာရှည်ခံနိုင်ရည်ရှိတဲ့
A7000 Plus ရဲ့ ဘက်ထရီဟာ ဖုန်း data ဖွင့်ထားရင်တောင် ၆ နာရီကြာ
အသုံးပြုနိုင်ပြီး Power saving options တို့ပါဝင်ပါတယ်။ Lenovo A7000 Plus
ဟာဒီဇိုင်းနဲ့ တန်ဖိုးကိုမျှတအောင် ဖန်တီးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး
Dual-SIM အသုံးပြုနိုင်ပါတယ်။ 2900mAh ဘက်ထရီတပ်ဆင်ထားပြီး Power saving
features တွေမှာ Auto battery saver, Background app management, screen
နဲ့ GPU Power saver စတာတွေကို သုံးနိုင်ပါတယ်။
* Design & Build *
A7000 Plus ရဲ့ ဒီဇိုင်းဟာ ဘေးထောင့်အကွေးနဲ့ ရှည်မြောမြော လေးထောင့်ပုံသဏ္ဌာန်မဟုတ်ဘဲ iPhone တစ်လုံးနဲ့မှားနိုင်တဲ့ အဆင့်မြင့်မြင့်ဒီဇိုင်းမျိုးတွေ့ရပါတယ်။
A7000 Plus ဟာ ပိုမိုပါးလွှာပြီး လေးထောင့်ဒီဇိုင်းကို
ဖန်တီးပုံဖော်ပေးခဲ့ပါတယ်။ ဘေးထောင့်တွေကို မသိမသာကွေးထားပြီး
နူးညံ့ချောမွေ့တဲ့ကျောဘက်နဲ့ ဘေးဘောင်တို့ကြောင့် လက်ထဲမှာကိုင်သုံးလို့ကောင်းပါတယ်။ ဖုန်းရဲ့ screen ကို ကြီးကြီးမားမား သုံးရတာ အဆင်ပြေအောင် ဘေးဘက်မှာရှိတဲ့ဘောင်တွေကို
အကျဉ်းဆုံးပြု လုပ်ပေးထားပါတယ်။
Lenovo A7000 Plus ဟာ ပေါ့ပါးနေပြီး အလေးချိန် ၁၄၀ နဲ့ ပါးလွှာနေအောင်လည်း 7.9mm အထူသာရှိပါတယ်။ Xiaomi Mi Note မှာ တွေ့ရတဲ့ကျောပြင်ကို ကွေးထားတဲ့ဒီဇိုင်းနဲ့ တူညီနေတဲ့ဒီဇိုင်းကို A7000 Plus မှာ မြင်နိုင်ပါတယ်။ နောက်ဘက်ဒီဇိုင်းမှာ ပါဝင်နေတာက ကင်မရာ၊ LED Flash, Lenovo တံဆိပ်၊ microphone နဲ့ စပီကာတို့ပဲဖြစ်ပါတယ်။ ညာဘက်ခြမ်းမှာ သတ္တုနဲ့ပြုလုပ်ထားတဲ့ အသံနဲ့ပါဝါခလုတ်တို့ကို တပ်ဆင်ထားပြီး ညာဘက် အပေါ်ပိုင်းကို microUSB အပေါက်နဲ့ headset jack တို့နဲ့ဖွဲ့စည်းထားပါတယ်။ K3 Note မှာတုန်းက အဖြူရောင်ကာလာနဲ့ ယှဉ်ကြည့်လိုက်ရင် အနက်ရောင် စစ်စစ်နဲ့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ Lenovo A7000 Plus ရဲ့ဒီဇိုင်းက ပိုမိုထင်ရှား ပါတယ်။
* Display *
A7000 Plus ကို ၅.၅ လက်မအရွယ် Screen နဲ့ တည်ဆောက်ထားပြီး ရုပ်ထွက်သိပ်သည်းဆ 401ppi အတွက် 1080×1920 pixels Full HD resolution ပါဝင်ပါတယ်။ Display လှပပြီး မြင်ကွင်းကောင်းမွန်မှုကြောင့် IPS Display ကိုသုံးပေးထားတာပါ။ ရုပ်ရှင်နဲ့ တေးသီချင်းနှစ်သက်သူတွေအတွက် A7000 Plus မှာ အကောင်းဆုံး Display နဲ့ စပီကာတို့ပါရှိပါတယ်။
* Operating System and Camera *
Vibe UI နဲ့ တွဲဖက်သုံးနိုင်တဲ့ Android OS 5.0 (Lollipop) ကို run ထားပြီး Layout နဲ့ navigation တွေဟာ အခြား Lenovo ဖုန်းတွေအတိုင်းဖြစ်ပါတယ်။ ကျောဘက်မှာ LED Flash နဲ့အတူ 13MP ကင်မရာဟာ အရည်အသွေးမြင့် ပုံရိပ်တွေကိုထုတ်လုပ်ပေးနိုင်ပြီး Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာလည်း ကောင်းမွန်ပြီး 5MP အရည်အသွေးကို သုံးထားပါတယ်။
* Performance *
1.7GHz မြန်နှုန်းရှိ 64bit MediaTek MTK6752 octa-core processor နဲ့ A7000 Plus ရဲ့ စွမ်းဆောင်ရည်ကို ဆောင်ရွက်ပေးပါတယ်။ Performance ကောင်းမွန်တာမို့ ဂိမ်းကစားတာလိုမျိုး heavy tasks တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ ဂရပ်ဖစ် Mali-T760 ဖြစ်ပြီး 2GB RAM ကို ထည့်ထားပေး ပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 16GB ပါရှိပြီး Multimedia အစုံသုံးစွဲသူတွေအတွက် micorSD ကတ်နဲ့ 32GB အထိ မြှင့်တင်နိုင်တာကြောင့် စိတ်ပူစရာမလိုပါဘူး။ A7000 Plus ဟာ USB OTG ကို Support လုပ်နိုင်ပါ တယ်။
Specification
Display : 5.5 inches, IPS capacitive touchscreen
Memory : 16 GB, 2 GB RAM, microSD, upto 32GB
Camera : 13 Megapixel, f/2.0, autofocus, dual-LED flash
OS : Android OS, v5.0 (Lollipop)
Phone : 01-381035 <Ext : 124> (KMD)
NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal
A7000 Plus မှာ Laser autofocus, OIS features တို့မပါဝင်နေသော်လည်း ဖုန်းကင်မရာရဲ့စွမ်းဆောင်ချ
* Design & Build *
A7000 Plus ရဲ့ ဒီဇိုင်းဟာ ဘေးထောင့်အကွေးနဲ့ ရှည်မြောမြော လေးထောင့်ပုံသဏ္ဌာန်မဟုတ်ဘဲ iPhone တစ်လုံးနဲ့မှားနိုင်တဲ့ အဆင့်မြင့်မြင့်ဒီဇိုင်းမျိ
Lenovo A7000 Plus ဟာ ပေါ့ပါးနေပြီး အလေးချိန် ၁၄၀ နဲ့ ပါးလွှာနေအောင်လည်း 7.9mm အထူသာရှိပါတယ်။ Xiaomi Mi Note မှာ တွေ့ရတဲ့ကျောပြင်ကို ကွေးထားတဲ့ဒီဇိုင်းနဲ့ တူညီနေတဲ့ဒီဇိုင်းကို A7000 Plus မှာ မြင်နိုင်ပါတယ်။ နောက်ဘက်ဒီဇိုင်းမှာ ပါဝင်နေတာက ကင်မရာ၊ LED Flash, Lenovo တံဆိပ်၊ microphone နဲ့ စပီကာတို့ပဲဖြစ်ပါတယ်။ ညာဘက်ခြမ်းမှာ သတ္တုနဲ့ပြုလုပ်ထားတဲ့ အသံနဲ့ပါဝါခလုတ်တို့ကို တပ်ဆင်ထားပြီး ညာဘက် အပေါ်ပိုင်းကို microUSB အပေါက်နဲ့ headset jack တို့နဲ့ဖွဲ့စည်းထားပါတယ်။ K3 Note မှာတုန်းက အဖြူရောင်ကာလာနဲ့ ယှဉ်ကြည့်လိုက်ရင် အနက်ရောင် စစ်စစ်နဲ့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ Lenovo A7000 Plus ရဲ့ဒီဇိုင်းက ပိုမိုထင်ရှား ပါတယ်။
* Display *
A7000 Plus ကို ၅.၅ လက်မအရွယ် Screen နဲ့ တည်ဆောက်ထားပြီး ရုပ်ထွက်သိပ်သည်းဆ 401ppi အတွက် 1080×1920 pixels Full HD resolution ပါဝင်ပါတယ်။ Display လှပပြီး မြင်ကွင်းကောင်းမွန်မှုကြောင
* Operating System and Camera *
Vibe UI နဲ့ တွဲဖက်သုံးနိုင်တဲ့ Android OS 5.0 (Lollipop) ကို run ထားပြီး Layout နဲ့ navigation တွေဟာ အခြား Lenovo ဖုန်းတွေအတိုင်းဖြစ်ပါတယ်။ ကျောဘက်မှာ LED Flash နဲ့အတူ 13MP ကင်မရာဟာ အရည်အသွေးမြင့် ပုံရိပ်တွေကိုထုတ်လုပ်ပေးနု
* Performance *
1.7GHz မြန်နှုန်းရှိ 64bit MediaTek MTK6752 octa-core processor နဲ့ A7000 Plus ရဲ့ စွမ်းဆောင်ရည်ကို ဆောင်ရွက်ပေးပါတယ်။ Performance ကောင်းမွန်တာမို့ ဂိမ်းကစားတာလိုမျိုး heavy tasks တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ ဂရပ်ဖစ် Mali-T760 ဖြစ်ပြီး 2GB RAM ကို ထည့်ထားပေး ပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 16GB ပါရှိပြီး Multimedia အစုံသုံးစွဲသူတွေအတွက် micorSD ကတ်နဲ့ 32GB အထိ မြှင့်တင်နိုင်တာကြောင့် စိတ်ပူစရာမလိုပါဘူး။ A7000 Plus ဟာ USB OTG ကို Support လုပ်နိုင်ပါ တယ်။
Specification
Display : 5.5 inches, IPS capacitive touchscreen
Memory : 16 GB, 2 GB RAM, microSD, upto 32GB
Camera : 13 Megapixel, f/2.0, autofocus, dual-LED flash
OS : Android OS, v5.0 (Lollipop)
Phone : 01-381035 <Ext : 124> (KMD)
NetGuide Journal (Every Wednesday)
https://web.facebook.com/
www.pyaephyo.com