7/24/2016

♪ “KENBO Hero K3” ♫


ကိုင်ဆောင်ရတာလည်းသက်သောင့်သက်သာရှိပြီးဒီဇိုင်းကလည်းလန်းသောအကြမ်းလည်းခံသည့် နောက်ဆုံးပေါ် မိုဘိုင်းနည်းပညာFunction တွေကို လည်းထိတွေ့ခွင့်ရနိုင်တဲ့ Kenbo Smartphone က ထုတ်လုပ်ထားတဲ့ Hero K3 ဖုန်းလေးနဲ့ သုံးစွဲသူများကိုမိတ်ဆက်ပေးပါရစေ။ ကြွေထည်တစ်ခုအလား ထင်မှတ်မှားလောက်တဲ့ ဆန်းသစ် လှပသောကိုယ်ထည်ဒီဇိုင်းနဲ့မို့ လူငယ် လူရွယ်တွေ ကြိုက်နှစ်သက်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစားမှာ5 inches ရှိပြီးIPS နည်းပညာကိုအသုံးပြုပေးထားတဲ့အတွက် ရုပ်ရှင်များ၊ ဂိမ်းများကိုကြည့် ရှုအသုံးပြုတဲ့အခါ 1280 × 720 အထိအရောင် အသွေးစုံလင်ပြီးHD ရုပ်ထွက်ကိုဖော်ပြပေးနိုင်စွမ်းရှိပါတယ်။

ခရီးသွားရင် ပဲဖြစ်ဖြစ်၊ ညအခါမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် သင့်ရဲ့ တစ်နေ့တာမှတ်တမ်းများကိုလှပတဲ့ဓာတ်ပုံများအဖြစ် ရိုက်ကူး သိမ်းဆည်းနိုင်ဖို့အတွက် Hero K3 မှာအရည်အသွေးကောင်းမွန်တဲ့ ကင်မရာ များကိုတပ်ဆင်ပေးထားပါတယ်။

ကင်မရာအဖြစ် အနောက်ဘက်တွင် 13MPနဲ့ အရှေ့ဘက်တွင် 5MP တို့ ပါဝင်ပြီးAuto Focus စနစ်ပါဝင်လို့ မြန်ဆန်စွာ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကိုဓာတ်ပုံရိုက်ကူးရာမှာလည်း ၀ါးသွားခြင်း မရှိဘဲ ကြည်လင်စွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့အခါ ပိုမိုမြန်ဆန်ဖို့အတွက် စွမ်းဆောင်ရည်မြင့်မား တဲ့ Quad Core 1.2 GHz ကိုတပ်ဆင်ပေးထားပါတယ်။

ဖုန်းအသုံးပြုနေစဉ်အတွင်း လတ်တလောအသုံးပြုနေတဲ့များပြားသောApplication များကိုတစ်ပြိုင်တည်း အသုံးပြုနိုင်ဖို့အတွက် ယာယီသိမ်းဆည်းပေးမယ့် RAMကို2GB အထိ ထည့်သွင်း ပေးထားပါတယ်။ Data (အချက်လက်) များစွာသိမ်းဆည်းချင် သူများအဆင်ပြေစေရန်နှင့် Movies နဲ့ ဂိမ်းများကိုပိုမိုသိမ်းဆည်း လိုသူများ အဆင်ပြေစေဖို့ ROMကို16GB အထိတပ်ဆင်ပေးထားပါတယ်။

<Specification>
Network - 2G/3G/4G
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 13 MP
Screen - 5 inches
OS - Android OS, v4.4
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com