7/18/2016

♪ ICT သင်တန်းနှစ်မျိုးကို အခမဲ့ တက်ရောက်နိုင် ♫


ဘွဲ့ရလူငယ်များ ICT နည်းပညာများကို ကျွမ်းကျင် တတ်မြောက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန်ရည်ရွယ်၍ PC & Mobile Technician Training နှင့် System & Network Engineer Training နှစ်ခုအား စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အမှန်တကယ်ငွေကြေးချို့တဲ့သူများ၊ IT နှင့် အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ထားသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင် အသင်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ သင်တန်းနှစ်မျိုးအား ၁ဝဝ ရာခိုင်နှုန်း အခမဲ့အနေဖြင့် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသော ဘွဲ့ရလူငယ်များအနေဖြင့် အသင်းရုံခန်းတွင် လျှောက်လွှာပုံစံများအား လာရောက်ထုတ်ယူ၍သော်လည်းကောင်း၊ www.yangonrcia.org.mm သို့မဟုတ် http://goo.gl/U8DaAA တွင် Download ပြုလုပ်၍ သော်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက် နောက်ဆုံးထားလျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်းရုံးခန်း၊ အဆောင်(၁၄)၊ ၅လွှာ၊ အခန်း(၆ဝ၄)၊ MICT Park (လှိုင်တက္ကသိုလ်များနယ်မြေ)၊ ဖုန်း- ဝ၁-၂၃ဝ၅ဝ၃၄/ဝ၉-၄၂၅ဝ၂၂၉၇၆၊ အီးမေးလ် Office@yangonrcia.org.mm, yangonrcia@gmail.com သို့ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com