7/10/2016

♪ " Huawei P9 " အကြောင်းအသေးစိတ်သိရှိနိုင်ဖို့ ♫


လူတိုင်းက "Made in China" ဆိုတဲ့စကားလုံးကို တွေ့လိုက်တာနဲ့ အရည်အသွေး ခပ်နိမ့်နိမ့်ပစ္စည်းလို့ မှတ်ယူကြပါတယ်။ အချို့နေရာတွေဟာ ဒီအချက်ဟာ မှန်ကန်နေပေမယ့် Huawei ကတော့ သူ့ရဲ့ နာမည်ဂုဏ်သိက္ခာ အတွက် အရည်အသွေးကို အမြင့်ဆုံးရောက်အောင်ပဲ ထိန်းသိမ်းကြိုးစားနေတာ ဖြစ်ပါတယ်။ Huawei ထုတ်ကုန်တွေရဲ့ ကျောဘက်မှာ Made in China စာတန်းကို မခြွင်းမချန်ဖော်ပြထားပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ စမတ်ဖုန်းလောကမှာ ရပ်တည်နေပါတယ်။

၂ဝ၁၆ အတွက် flagship ဖြစ်လာတဲ့ Huawei P9 ဟာ ကုမ္ပဏီက ဖန်တီးထုတ်လုပ်သမျှ ဖုန်းတွေထဲမှာ အလှပဆုံးနဲ့ hardware ကောင်းကောင်းတွေသုံးကာ တည်ဆောက်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ မနှစ်က Google Neus 6P ကို အမိုက်စားပြင်ဆင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းကို နှစ်သက်စရာကောင်းတဲ့ဒီဇိုင်းနဲ့ ဓာတ်ပုံရိုက်တဲ့အပိုင်းမှာ ဘက်စုံအသုံးပြုနိုင်တဲ့ ကင်မရာစမတ်ဖုန်းကို အဆင့်မြင့်မြင့် တီထွင်ပေးနိုင်အောင် Leica နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Huawei P9 မှာ Dual ကင်မရာစနစ်ပါဝင်တာကြောင့် မိုဘိုင်း Photography အတွက် ပထမဆုံးခြေလှမ်းကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ P9 ဟာ 6.95mm အထူသာရှိပြီး ပါးလွှာတဲ့ စမတ်ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ P9 ရဲ့ ကျောဘက်မှာ ကင်မရာနှစ်လုံးကို ကိုယ်ထည်နဲ့ တစ်ပြေးတည်းဖြစ်အောင် ဖွဲ့စည်းထားတာတွေ့ရပြီး အပြင်ဘက်ကို ထွက်နေတာမျိုး မတွေ့ရပါဘူး။ P9ကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပြီး ကျောဘက်မှာ fingerprint sensor ထည့်သွင်းထားပါတယ်။
အလူမီနီယမ် unibody ဒီဇိုင်းကို အခံ့ညားဆုံးဖြစ်နေအောင် ပြင်ဆင်ပေးထားတာဟာ Huawei P9 ကို ပိုမိုမျက်စိကျစရာကောင်းပါတယ်။ ဘေးဘောင်တစ်လျှောက်ဟာ ဖြောင့်တန်းနေပြီး လေးထောင့်ပုံသဏ္ဌာန်ဖြစ်လို့ လက်ထဲမှာ တောင့်တောင့်ကြီးဖြစ်မနေဘဲ သက်သောင့်သက်သာ ကိုင်သုံးနိုင်ပါတယ်။ USB Type-C port ကို အောက်ခြေမှာ ပီပီပြင်ပြင် ထည့်သွင်းထားပြီး ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်တို့ ဖြစ်ပါတယ်။ လေးထောင့်ကျတဲ့ စမတ်ဖုန်းဒီဇိုင်းတွေဟာ ရေပန်းစားလာတဲ့ feature တစ်ခုဖြစ်ပြီး Huawei P9 ကတော့ အခြားဖုန်းဒီဇိုင်းတွေထက် သာလွန်ကောင်းမွန်ပါတယ်။
Huawei P9 ကို Samsung Galaxy S7 ရဲ့ တန်ဖိုးထက် ပိုမိုလျော့နည်းအောင် ပြုလုပ်နိုင်တဲ့အချက်ဟာ P9 ရဲ့ မျက်နှာပြင်ကို ၅ လက်မအရွယ် IPS LCD Display နဲ့ ဖွဲ့စည်းပေးထားတာဖြစ်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ပေးစွမ်းနိုင်ပါတယ်။ P9 Display ဟာ စမတ်ဖုန်းတစ်လုံးအတွက် လုံလောက်တဲ့ကျေနပ်မှုကို ကောင်းကောင်းရရှိနိုင်ပြီး Samsung နဲ့ LG Display တွေကတော့ ပိုမိုလှပပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 423ppi ထိ ပါရှိတာမို့ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကို ရရှိခံစားနိုင်ပါတယ်။

Huawei P9 မှာ Android OS 6.0 (Marshmallow) run ထားပြီး Android OS အပေါ်မှာ ထပ်သုံးထားတာက Emotion UI 4.1 ဖြစ်ပါတယ်။ Emotion UI ဟာ ပိုမိုလှပလာပြီး လုပ်ဆောင်ချက်တွေ ပိုမိုများပြားလာပါတယ်။ P9 ရဲ့ စွမ်းဆောင်ရည်ကို Kirin 955 chipset နဲ့ မြှင့်တင်ပေးပြီး Mate 8 မှာ ပါရှိတဲ့ Kirin 950 chip နဲ့ သိပ်မကွာပေမယ့် ပိုမိုအဆင့်မြင့်လာတဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။ Kirin 955 SoC မှာ Octa-core CPU ပါဝင်ပြီး Cortex-A72 core ၄ လုံးဟာ 2.5GHz မြန်နှုန်းနဲ့ နောက်ထပ် core ၄ လုံးကတော့ 1.8GHz မြန်နှုန်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

GPU ဟာ quad-core Mali-T880 MP4 ဖြစ်ပါတယ်။ Huawei P9 ကင်မရာမှာ စိတ်ဝင်စားစရာအချက်တွေ ရှိနေပြီး Huawei P9 ကင်မရာကို အဆင့်မြင့်မြင့် တီထွင်ဖန်တီးထားတာကို လက်တွေ့စမ်းသပ်နိုင်ပါလိမ့်မယ်။ Leica နဲ့ ပူးပေါင်းတီထွင်ထားတဲ့ ဒီဇိုင်းအဖြစ် ပိုမိုထင်ရှားနေအောင်လည်း ဖန်တီးထားပါတယ်။ Huawei P9 မှာ 12MP sensor နှစ်ခုပါဝင်ပြီး တစ်ခုဟာ အရောင်အသွေးရှိတဲ့ ရုပ်ပုံတွေကို ရိုက်ကူးနိုင်ကာ sensor နောက်တစ်ခုကိုတော့ အဖြူနဲ့ အနက်လိုမျိုး Monochrome တွေ ရိုက်နိုင်တဲ့ Mode ၃ မျိုးကို ဖန်တီးခဲ့ပြီး Standard, Vivid Colors နဲ့ Smoth Color တို့ ဖြစ်ပါတယ်။ Dual-LED flash ထည့်ထားပြီး full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 8MP ဖြစ်ပါတယ်။

* Battery Life *
ကြီးမားတဲ့ဘက်ထရီကို သုံးစွဲထားပေမယ့် Huawei P9 ဟာ 4G ချိတ်ဆက်တဲ့အခါ အားအလွန်သုံးစွဲပါတယ်။ ပုံမှန်အသုံးပြုခြင်းအတွက် ဖြုတ်/တပ်လို့မရနိုင်တဲ့ Li-Ion 3400mAh ဘက်ထရီဟာ နှစ်ရက်နီးပါး ခံနိုင်ရည်ရှိပါတယ်။ Fast Charging နည်းပညာကို support လုပ်ထားပါတယ်။

* Design *
ပါးလွှာပေါ့ပါးပြီး လေးထောင့်ပုံသဏ္ဌာန်ဒီဇိုင်းဟာ တကယ့်ကို လှပခံ့ညားနေပြီး အရည်အသွေးကို စိတ်ချရလောက်အောင် သတ္တုနဲ့ Huawei P9 ကိုယ်ထည်ကို တည်ဆောက်ထားပါတယ်။ ကျောဘက်ကင်မရာ တည်ဆောက်ထားပုံဟာလည်း စိတ်ဝင်စားစရာကောင်းတဲ့ဒီဇိုင်း ဖြစ်ပါတယ်။

* Processor *
Huawei P9 မှာ HiSilicon Kirin 955 Octa-core processor နဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးထိ ဆောင်ရွက်ပေးနိုင်ပြီး 3GB RAM ကို လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။ ဂရပ်ဖစ် Mali-T880 MP4 နဲ့ အဆင့်မြင့်ဂိမ်းအကြီးစားတွေကို ကစားနိုင်အောင် စီစဉ်ထားပါတယ်။
* Display and Camera *
Screen ဟာ ၅.၂ လက်မအရွယ်ဖြစ်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးနဲ့ 423ppi pixel သိပ်သည်းဆတို့ ပါရှိပါတယ်။ P9 မှာ ကင်မရာနှစ်လုံးကို ကျောဘက်မှာ တွေ့ရပြီး 12MP အရည်အသွေးရှိတဲ့ Dual ကင်မရာ ဖြစ်ပါတယ်။ 1080p ဗီဒီယိုရိုက်ကူးနိုင်ပြီး 8MP ကင်မရာကို ရှေ့ဘက်ကင်မရာအဖြစ် သုံးနိုင်ပါတယ်။

* Verdict *
နောက်ဆုံးပေါ် နည်းပညာတွေနဲ့ P9 ရဲ့ ကင်မရာကို အသားပေးဖွဲ့စည်းထားပြီး P9 ရဲ့ Dual camera ဟာ ဖုန်းရဲ့အဓိက feature တစ်ခု ဖြစ်လာပါတယ်။ Fingerprint sensor ကို အမြန်ဆုံးနဲ့ အတိကျဆုံးဖြစ်အောင် ပြုလုပ်ထားပြီး ပိုမိုအဆင့်မြင့်လာတဲ့ Emotion UI ဟာ P9 မှာ ဆက်လက်ပါဝင်လာပါတယ်။

Specification
» Network : GSM/HSPA/LTE
» Weight : 144 g
» Display : 5.2", IPS-NEO LCD capacitive touchscreen
» Dimensions : 5.71 x 2.79 x 0.28 inch
» Memory : 32GB, 3GB RAM, microSD, up to 128GB
» Camera : Dual 12 Megapixel, Front : 8 Megapixel phase detection autofocus, dual-LED (dual tone) flash, Geo-tagging, face/smile detection, panorama, HDR
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : HiSilicon Kirin 955 GPU : Mali-T880 MP4
» OS : Android OS, v6.0 (Marshmallow)
» Protection : Corning Gorilla Glass 4 | Emotion UI 4.1
Price » 559,000 Ks
Contact Phone » 01-542020 ( Mobile King )
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com