7/10/2016

♪ " အီးမေးလ်ဖတ်ပြီး အင်္ဂလိပ်စာ သင်ကြရအောင် - ၂ " ♫


(ပြန်မပြောရင် ငွေနှုတ်သွားတော့မယ်)

အင်္ဂလိပ်စာလေ့လာတဲ့ ပုံစံအမျိုးမျိုးရှိတဲ့အထဲမှာ မိမိကိုယ်တိုင်စာဖတ်ပြီး
လေ့လာခြင်းက သူတစ်ပါးလည်း မသိနိုင်သလို တိတ်ဆိတ်ငြိမ်သက်မှုလည်း
ရှိပါတယ်။ အားသာချက်က ကိုယ်ပိုင်လေ့လာခြင်း - Self Studying ကို တိုးတက်စေတယ်။ အားနည်းချက်ကတော့ မသိတာတစ်ခုခုပေါ်လာရင် ဘယ်လိုရှာရန်မသိတဲ့အခါ တ၀ဲဝဲ လည်နေစေတာပါပဲ။ ဒါ့အပြင် အင်တာနက်ရှိဖို့လိုအပ်ခြင်း၊ အင်တာနက်မလိုဘဲ စာဖတ်နိုင်တဲ့ Device တစ်ခုခုရှိဖို့ လိုအပ်ခြင်းနဲ့ ဘာဖတ်ရမယ်ဆိုတာကို ရှာတတ်ခြင်း စတဲ့ အကြောင်းအချင်းအရာတွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီအခက်အခဲတွေကို အထိုက်အသင့် ဖြတ်ကျော်စေပြီး သက်သောင့်သက်သာ အင်္ဂလိပ်စာဖတ်နိုင်ဖို့ နည်းလမ်းက ကိုယ့်ရဲ့အီးမေးလ် ထဲကိုရောက်လာတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ အီးမေးလ်တွေကို သဒ္ဒါနည်း လမ်းကျကျ - Grammatically လေ့လာနိုင်ဖို့ လွယ်ကူတဲ့အခွင့်အရေးရှိနေသလို ကုန်ကျစရိတ် အင်မတန်နည်းပါးပါတယ်။ ပိုမိုလွယ်ကူအောင် စာပိုဒ်တွေကို Breaking Down - ခွဲခြမ်းစိတ်ဖြာပြရင်း ဗဟုသုတ ရစေလိုရင်းအလို့ငှာ သမီးတက်နေတဲ့ ကျောင်းကပို့လာတဲ့ အီးမေးလ်ကို
အရင်ဖတ်ကြည့်စေလိုပါတယ်။
This is a very important notification that you have been enrolled into, and charged $2 , 170 for, the Suffolk Student Health Insurance Plan ("SSHIP") because you meet the student eligibility requirements for mandatory university health insurance coverage in Massachusetts. .
(အရေးတကြီးသတိပေးလိုသည်မှာ သင်ဟာ ဆဲဖစ်တက္ကသိုလ်ကျောင်းရဲ့ ကျောင်းကျန်းမာရေးအစီအစဉ်ကိုပါဝင်ဖို့ အရည်အချင်းပြည့်မီတာ တွေ့ရပါတယ်။ ဒီအစီအစဉ်ကတော့ မက်ဆာချူးဆက်ပြည်နယ်ရဲ့ တက္ကသိုလ်များတွင် မယူမနေရကျောင်းသား ကျန်းမာရေးအာမခံဖြစ်ပြီး သင်ဟာ (အလိုလို) ပါဝင်စာရင်းပေးသွင်းပြီး သားဖြစ်သလို ကျောင်းမှ (၂၁၇၀) ဒေါ်လာကို ကောက်ခံသွားမှာ ဖြစ်ပါတယ်)
ပထမဦးဆုံးအနေနဲ့ စာရင်းပေးသွင်းပြီးသားကို “you have been enrolled” လို့ ရေးထားပါတယ်။ သူ့နောက်မှာ “ into ” ဆိုတဲ့ Preposition ကပ်လိုက်လာတဲ့ အသုံးအနှုန်းကို ထူးခြားတယ်လို့ သတိထားမိပါတယ်။ “ ( , ) and charged” ဆိုတဲ့ နေရာမှာအရှေ့က “ You are charged ” သင့်ကို ငွေကောက်ခံလိုက်ပါတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် Passive Voice နဲ့ ဘယ်သူက charge
ငွေနှုတ်ခံရတာလဲဆိုတာမတွေ့ဘဲ ပျောက်နေတတ်တာမို့
မြန်မာစာအရေးအသားနဲ့ မတူတာကို သတိထား ဘာသာပြန်ရပါမယ်။
“ you meet ” ဆိုတာကို “သင်တွေ့ဆုံတယ်” လို့ ဘာသာပြန်လို့ မဖြစ်ပြန်ပါဘူး။ “ you ” က ကတ္တားအဖြစ် ရပ်တည်ပြီး “ meet the student eligibility requirements ” ဆိုတဲ့ အဓိပ္ပာယ်ဖော်ပြချက်ကိုညွှန်းပြီး “ပြည့်မီ” တယ်လို့ ပြောချင်တာပါ။ မဖြစ်မနေလုပ်ရတယ်ဆိုတာကို “mandatory” အနေနဲ့ သုံးထားတဲ့အပြင် အသုံးများတဲ့ စကားလုံးအနေနဲ့ မှတ်သားသင့်ပါတယ်။
တစ်ဆက်တည်း ////////// You are required by law to participate in SSHIP or in a health insurance benefit plan with qualifying comparable coverage. As you prepare for the semester, we urge you to consider health insurance coverage a top priority. It is important that students have access to comprehensive medical care while enrolled at Suffolk University.
(ပြည်နယ်) ဥပဒေအရ အနှိုင်းယှဉ်ခံနိုင်တဲ့ ကျန်းမာရေးအာမခံများမှာ သင်ပါဝင်ဖို့ လိုအပ်ပါတယ်။ လာမည့်ကျောင်းစာသင်နှစ်အတွက
ပြင်ဆင်တဲ့အခါ ကျန်းမာရေးအာမခံကို ဦးစားပေးစဉ်းစားဖို့လည်း ကျောင်းမှ တိုက်တွန်းပါတယ်။ ဒါကြောင့်မို့ ကျောင်းသားများဟာ ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးအာမခံကို ဆဲလ်ဖစ်တက္ကသိုလ်မှာ စာရင်းပေးသွင်းနိုင်တဲ့ အခြေအနေတွေရရှိဖို့ အရေးကြီးလှပါတယ်)
ဒီအပိုဒ်မှာ “ qualifying comparable coverage” စာတွဲလေးမှာ Adjective (၂) လုံးဆက်တိုက်နောက်က Noun တစ်လုံးတည်းကို ထိန်းထားတာ
တွေ့ရပါမယ်။ အရည်အချင်းပြည့်မီတယ်ဆိုတဲ့ “ qualify ( V ) ” ကြိယာကို
“ ing ” ထည့်လိုက်တဲ့အခါ အထူးပြုတဲ့ Adjective ဖြစ်သွားပါတယ်။
တစ်ဆက်တည်းမှာ သူ့ရဲ့အတိတ်ကာလ ကြိယာဖြစ်တဲ့ “ qualified ” နဲ့ မတူတဲ့အဓိပ္ပာယ်တစ်ခုက “qualifying” ဟာ အခုလက်ရှိတည်ဆဲဥပဒေ -
“ by law ” က ချမှတ်ထားတဲ့ အရည်အချင်းနဲ့ “ပြည့်မီနေတုန်းပဲ” ဆိုတဲ့ ထူးဆင့်အဓိပ္ပာယ်ကိုဖော်ယူသင့်ပါတယ်။ ပြီးတော့ အမေရိကန်မှာ ဥပဒေနဲ့ မကိုက်ညီရင် ဥပေဒေချိုးဖောက်ပြီးသားဖြစ်နေတယ်ဆိုတဲ့ ဒေသန္တရ စည်းမျဉ်းများကို လေ့လာမိပါတယ်။
“ a top priority ” က အထူးဦးစားပေးလို့ ပြောချင်တာဖြစ်ပြီး အမေရိကန်တွေ အကြိုက်ဆုံးစကားလုံးလို့တောင် ပြောလို့ရပါတယ်။ ထစ်ကနဲဆို ဒါက အရေးကြီးတယ်ဆိုပြီး ပျာယီးပျာယာ လုပ်တတ်ကြတာ အမေရိကန်တွေပါ။ “ students have access ” ဆိုရာမှာ ကျောင်းသားတွေမှာ လုပ်စရာရှိတယ်လို့ ပြောတာဖြစ်ပါတယ်။ ဒီ “ access ” ဆိုတာကို လုပ်ငန်းခွင်မှာလည်း တော်တော်သုံးကြပါတယ်။ “ comprehensive medical care ” ဆိုတဲ့ Vocabulary ကတော့ ရှင်းပါတယ် ... ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေါ့ဗျာ ...။
ကဲ ... အားမလျှော့တမ်း ဆက်ဖတ်လိုက်ရအောင် ... ပြီးတော့မှာပါ ... ////////// If you will be covered under a qualifying alternative health insurance plan while enrolled at Suffolk University, then BEFORE September 30, 2015 you must submit your online SSHIP Waiver Form in order to avoid being automatically enrolled and charged for SSHIP. Your enrollment and charge for SSHIP cannot be reversed after the open waiver period closes.
(အကယ်၍ ဆဲလ်ဖစ်တက္ကသိုလ်မှာ အာမခံလျှောက်ထားစဉ်အတွင်း သင့်မှာ တခြားအာမခံရှိနေပြီးသားဖြစ်ခဲ့ရင် SSHIP ရဲ့ အလိုအလျောက် စာရင်းသွင်းခြင်းကို လွဲဖယ်နိုင်ဖို့ SSHIP ငြင်းပယ်ဖောင်ကို မဖြစ်မနေတင်ပါ။ သင့်ရဲ့စာရင်းသွင်းမှုနဲ့ ငွေကောက်ခံရမှုကို ငြင်းပယ်ဖောင်စာရင်းပိတ်ပြီ
နောက်ပိုင်းအချိန်မှာ ပြန်လှည့် (နောက်ဆုတ်) နိုင်ခွင့်မရှိပါ)
“ you will be covered ” ဆိုတဲ့ Passive Voice ကို ထပ်သုံးထားတာ တွေ့ရပြန်ပါတယ်။ အဓိပ္ပာယ်က သင်ဝယ်ထားမှာအာမခံက သင့်ကိုကာဗာလုပ်ပေးမယ့်သဘော ဖြစ်နေပါတယ်။ ဒီနည်းလမ်းကလည်း သစ္စာမရှိတဲ့ အမေရိကားရဲ့ သင်ဝယ်မှ သင်ရမယ်ဆိုတဲ့ အာမခံကို အတင်းဝယ်ခိုင်းတာ ပေါ်လွင်စေပါတယ်။ တခြားနည်းလမ်းကို “alternative” လို့ သုံးပါတယ်။ အသံထွက်မှန်က အော်တာနေးတစ်မဟုတ်ပါ။ “အော်ထဲနထစ်” ဆိုမှ Native Speaker အသံရမှာ ဖြစ်ပါတယ်။
“ submit ” ဆိုတဲ့စာလုံးက ဖောင်တင်တယ်၊ တင်သွင်းတယ်လို့ အဓိပ္ပာယ်ရပြီး “ waive ” ဆိုတာက မြန်မာတွေနဲ့စိမ်းပြီး အမေရိကန်ရုံးကိစ္စ၊ ကျောင်းကိစ္စ၊ ဘဏ်ကိစ္စတွေမှာ နားလည်ထားမှဖြစ်ရမယ့် စကားလုံးဖြစ်ပါတယ်။
မြန်မာခေတ်စကားနဲ့ အလွယ်နားလည်အောင်ပြောရရင် “ပြန်ပေးတယ်၊ လျှော်ပေးတယ်” လို့ အဓိပ္ပာယ်ရပါတယ် (ဒီစာပိုဒ်မှာ waiver လို့ သုံးထားတာကို ကြည့်ပါ)
နောက်ထပ် Passive Voice “ to avoid being automatically enrolled and charged ” နဲ့ “ cannot be reversed ” တို့ကို ဆက်လက်လေ့လာစေလိုပါတယ်။ “cannot( -V )” သုံးထားတဲ့ အပြီးသတ် စာပိုဒ်ဆုံးခါနီးလေးမှာ ရှေ့ပိုင်းနဲ့ ကြိယာမျှခြေဖြစ်အောင် “ open waiver period ” ရဲ့နောက်ကလိုက်တဲ့ ကြိယာ “ close ( V ) ” မှာ “ s ” ထည့်ထားတာကို အဆင့်မြင့်တဲ့ အရေးအသား သတိထားမှုအနေနဲ့
လေ့လာမိပါတယ်။
လာပါပြီ ... နောက်ဆုံးတစ်ပိုဒ်ပါ ... ////////// If you do not submit your SSHIP Waiver Form BEFORE September 30, 2015 , then you will continue to be enrolled in SSHIP at a cost of $ 2,170 annual premium and will not be allowed to waive the charge after the open enrollment waiver period. SSHIP coverage dates are effective August 21, 2015 - August 21, 2016.
(အကယ်၍ SSHIP Waiver Form ကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ မတင်လာဘူးဆိုရင် တစ်နှစ် (၂၁၇၀) ဒေါ်လာတန်ကြေးရှိတဲ့ ကျန်းမာရေးပရီမီယမ် (တစ်ကြိမ်) ကို ဆက်လက်စာရင်းသွင်းပေးသွားမှာဖြစ်ပြီး ရက်ကျော်သွားရင် ပြန်လည်ငြင်းပယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အခုပြောတဲ့ ကျန်းမာရေးကုသခွင့်ဟာ (၂၀၁၅) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ကနေ (၂၀၁၆) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်)
“ at a cost of … annual ” ဆိုတဲ့ အသုံးလေးဟာ သိပ်လှပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကုန်ကျစရိတ် - cost နဲ့ တစ်နှစ်စာလုံး တစ်ကြိမ် - a တို့အပြင် နှစ်စဉ် - annual ကို တွဲသုံးထားတာ အင်မတန် Professional ဆန်တယ်လို့ မြင်မိပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ( . ) Full Stop ကို ဒီမှာ “ period ” လို့ ဖတ်ပါတယ်။ အခုလက်ရှိ မြန်မာကျောင်းတွေမှာ ဘယ်လိုဖတ်သလဲတော့ အနေဝေးနေလို့ မသိတော့ပါဘူး။ အသံထွက်အမှန်က “ဖီးရီးယက်” ပါ။ ကန့်သတ်ထားတဲ့ အချိန်ကာလအပိုင်းအခြားလို့ ဆိုလိုပါတယ်။
“ effective ” ဆိုတာက “အသက်ဝင်သည်” လို့ ပြောတာပါ။ ဗဟုသုတအနေနဲ့ အမေရိကားမှာ အာမခံဝယ်ပြီးရင် (ငွေရှင်းပြီးတာနဲ့) မိနစ်ပိုင်းမခြား အကျုံးဝင်ပါတယ်။ ဥပမာ - ကားအာမခံဝယ်ထားရင် ငွေရှင်းပြီးတာနဲ့ ကားတိုက်မိရင်တောင် “ effective date ” သာ မှန်နေပါစေ ... အလျော်ရပါတယ်။
အထက်မှာပြောပြခဲ့သလို ဒီအီးမေးလ်က သမီးတက်နေတဲ့ တက္ကသိုလ်မှာ ဆေးကုသခွင့် အာမခံဝယ်ဖို့ (ဈေးရောင်းတဲ့) စာတစ်စောင်သာ ဖြစ်ပါတယ်။ ကျောင်းသားသစ်အနေနဲ့ မယူမနေရ၀ယ်ရမယ်ဆိုတဲ့ သဘောပါ။ ဥပဒေနဲ့ ကိုင်တုတ်ပြီးမရှိရင် ချိုးဖောက်တယ်ဆိုတာ ထင်ရှားတာသိပေသော်ငြားလည်း
ကျွန်တော့်လက်အောက်မှာ သမီးအတွက် ကျန်းမာရေးအာမခံ ၀ယ်ပြီးသားက အဆင်သင့်ရှိနေပါတယ်။
အဲဒီအထောက်အထားကို ဖောင်ဖြည့်ပြီး တင်ပြတဲ့အခါ ကျောင်းလခထဲက ကြိုတင်ယူထားတဲ့ (၂၁၇၀) ဒေါ်လာကို မဖြစ်မနေပြန်ပေးရပါလိမ့်မယ်။ ဒါကိုမတင်ပြရင် ဒါမှမဟုတ် အီးမေးလ်ကို သတိမထားမိရင်
ကျောင်းလခနဲ့ပေါင်းပြီး (၂၁၇၀) ဒေါ်လာကို ရှင်းရတော့မှာပါ။
တစ်လောက မြန်မာနိုင်ငံကနေ ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ယောက်ကလည်း ဒီလိုအဖြစ်မျိုးရင်ဆိုင်ရလို့ မေးလာပါသေးတယ်။ သူ့ကျတော့ ကျောင်းကအာမခံကို တစ်နှစ်စာ (၁၈၅၀) ဒေါ်လာနဲ့ ၀ယ်ခိုင်းတယ်လို့ ပြောပါတယ်။ အဲဒီကျောင်းသူလေးက ဒီမှာအမျိုးမရှိဘဲ တစ်ယောက်ထဲနေရတဲ့ အနေအထားမှာ တခြားအာမခံဝယ်ပေးမယ့်
ဆွေမျိုးအရင်းအချာမရှိပါဘူး
ဒါကြောင့်ပဲ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ မိသားစုအတွက် ၀ယ်ရတဲ့အာမခံကြေး - Premium နဲ့ နှိုင်းယှဉ်ပြီး ယူသင့်ယူထားမှ
ရမယ့်ဈေးနှုန်းဖြစ်တဲ့အကြောင်း အကြံပေးလိုက်ပါတယ်။
အခုလောက်ဆို အမေရိကားမှာ ကျောင်းတက်တော့ ကြိုမသိနိုင်တဲ့ အရေးပေါ်ငွေတွေ ကုန်ရတတ်တာတွေကို သိလောက်ပြီထင်ပါတယ် ... ဆင်ခြင်တတ်အောင်လည်း အီးမေးလ်ဆိုရင် မကြောက်ဘဲ သေသေချာချာ ဖတ်သင့်ပါတယ်။ တစ်ဆက်တည်းမှာလည်း အနည်းနဲ့ အများမဆို အခုဥပမာပေးထားတဲ့ အီးမေးလ်ကနေ အင်္ဂလိပ်စာသဒ္ဒါနဲ့ အရေးအသားကို လေ့လာမိပြီလို့ ယူဆပြီး စာကို ရပ်နားပါရစေ။

ကိုညီညီ (တောင်ကြီး)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com