Huawei က စွမ်းဆောင်ရည်မြင့် Honor 8 ကိုမိတ်ဆက်လိုက်ပါတယ်။ Honor
ဟာဈေးနှုန်းသက်သာတဲ့ Huawei ရဲ့ Sub-Brand ဖြစ်ပါတယ်။ Honor 8 ရဲ့
Specifications များဟာစွမ်းရည်မြင့် P9 နဲ့ ဆင်တူပါတယ်။ Honor 8 မှာ ၅.၂
လက်မ Full HD Display နဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးတပ်ဆင် ထားပါတယ်။
အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 4GB RAM, 64GB Internal Storage အထိရွေးချယ်နိုင် ပါတယ်။ P9 နဲ့ ကွာခြားချက်မှာ Chipset ဖြစ်ပါတယ်။ Honor 8 မှာ Kirin 950 နဲ့ P9 မှာ Kirin 955 တပ်ဆင် ထားပါတယ်။ 950 မှာ 2.3GHz Cortex-A72 Core ၄ လုံးနဲ့ 1.8GHz Cortex-A53 Core ၄ လုံးတပ်ဆင်ထားတဲ့ Octa-Core CPU ပါရှိပါတယ်။
4G LTE, Dual – SIM များကိုထောက်ပံ့ပေမယ့် SIM Slot တစ်ခုကိုmicroSD Card ဖြင့် မျှဝေ သုံးရမှာပါ။ 3000mAh Battery တပ်ဆင် ထားပြီး လျင်မြန်စွာအားသွင်းနိုင်တဲ့ USB Type-C Port ပါပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာတပ်ဆင်ထားပါတယ်။ Android 6.0 ကို Huawei EMUI 4.1 နဲ့ ပေါင်းစပ်ထားပါတယ်။
ဇူလိုင် ၁၉ ရက်မှာစတင် ရောင်းချပေးမှာ ဖြစ်ပြီးအရောင် ၅ မျိုးရွေးနိုင်ပါတယ်။ 3GB RAM, 32GB Storage ကို ဒေါ်လာ ၂၉၈၊ 4GB RAM, 32GB Model ကို ဒေါ်လာ ၃၄၃ ၊ 4GB RAM, 64GB Model ကိုဒေါ်လာ ၃၇၃ သတ်မှတ်ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com