ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ သုံးစွဲသူ ၁၀ သန်းကျော်ဟာ Poke’mon GO
စမတ်ဖုန်းအက်ပ်နဲ့  ချိတ်ဆက်ပြီး ကစားနေကြပါတယ်။ ဒီအက်ပလီကေးရှင်းဟာ GPS နဲ
့သင့်ဖုန်းကင်မရာကို သုံးပြီး သင့်ရဲ့ တကယ့် လက်ရှိပတ်ဝန်းကျင်ထဲက
အတုအယောင် Pokemon ကောင်လေးတွေရဲ့ အာရုံခံမြင်ကွင်းပြချက်တစ်ခုကို
ဖန်တီးပေးပါတယ်။ တစ်ပတ်မျှမကြာသေးခင်မှာပဲ လူတွေ စွဲလမ်းသွားတဲ့ ဒီဂိမ်းဟာ
Twitter နဲ့  Tinder တို့  ထက် ပုံမှန်သုံးစွဲတဲ့သူတွေ
ပိုပြီးများများလာပါတယ်။
သို့ သော်လည်း ဇူလိုင်လ ၁၂ ရက်နေ့ က PokemonGo ရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ပို့ စ်တစ်ခုမှာတော့ ဒီဂိမ်းကိုဖြန့် ချိဖို့ အတွက် ရွေးချယ်မထားတဲ့ နိုင်ငံအုပ်စုငယ်တွေထဲမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံအပါအဝင် ဖြစ်တယ်လို့ ဆိုထားပါတယ်။
“Pokemon GO ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ(ပြည်မကြီး) ၊ ကိုရီးယား(တောင်ကိုရီးယား) ၊ ထိုင်ဝမ် ၊ ကျူးဘား ၊ မြန်မာ နဲ့ ဆူဒန်ပြည်တို့ ကလွဲပြီး နိုင်ငံအားလုံးမှာ ကစားလို့ ရနိုင်ပါပြီ” လို့  အဲဒီပို့ စ်မှာ ဖော်ပြထား ပါတယ်။
အဲဒီပို့ စ်မှာပြောထားစဉ်က Pokemon GO ကို နိုင်ငံအားလုံးမှာ တကယ်ကစားလို့ မရနိုင်သေးပါ ဘူး။ အနောက်နိုင်ငံ လက်တစ်ဆုပ်စာမှာပဲ ကနဦးအနေနဲ့ ဆော့လို့ ရပါသေးတယ်။ ဒီဂိမ်းကို ထုတ်လုပ်တဲ့ Niantic အဖွဲ့ မှ ကြေငြာချက်တစ်ခုမှာဆိုရင် “ယခုထိတော့ နယူးဇီလန် ၊ သြစတြီးယား ၊ အမေရိကန် နဲ့  ဂျာမဏီ နိုင်ငံတို့ ကလွဲပြီး တစ်ခြားနိုင်ငံတွေအတွက် ဘာအစီအစဉ်မှ ကြေငြာထားတာမျိုးမရှိသေးပါဘူး” လို့  ဇူလိုင် ၁၄ ရက်နေ့ မှာ ဒွိဟဖြစ်ဖွယ် ဖေ့ဘွတ်ပို့ စ်တစ်ခု မှာပြောထားပါတယ်။
အဲသလိုကွဲလွဲနေတဲ့ ဖြစ်ရပ်ကို အချိုးချပေါင်းစပ်ပေးတာကတော့ သီတင်းပတ်အကုန် ဇူလိုင် ၁၆ ရက်နေ့ မှာ အရှေ့ဘက်နဲ့ မြောက်ဘက် ဥရောပနိုင်ငံ ၂၆ နိုင်ငံကို ဒီဂိမ်းရဲ့ဆာဗာတွေထဲကို ထပ်ထည့်လိုက်တာ ပါပဲ။
ဖေ့ဘွတ်ပို့ စ်မှာ ပြောထားတဲ့ တစ်ကမ္ဘာလုံးဖြန့် ချိမှု (အပေါ်ကစာရင်းပါနိုင်ငံတွေကလွဲပြီး)ကို လုပ်ဆောင်သွားမယ့်ပုံရှိပါတယ်။ အာရှမှ တွစ်တာ အသိုင်းအဝန်းကို ပွက်လောရိုက်စေတဲ့ ဇူလိုင် ၁၄ တရားဝင်ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ နှစ်ရက်က ထပ်ထည့်လိုက်တဲ့ နိုင်ငံသစ်တွေပါဝင်လာမှုကနေ ပြောစရာ ဖြစ်နေပါတယ်။
ကနဦ စတင်ထုတ်လုပ်ဖြန့် ချိခြင်းထက်လွန်ပြီး ချဲ့ ထွင်သွားဖို့ အစီအစဉ်များကို ရှင်းလင်းစွာချထားပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ လုပ်ဆောင်ထားကြပါတယ်။သို့ သော်လည်း အဲဒီအစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံ အတွက်ရော ပါပါ့မလား။
University of Lagos ဝန်းထဲ မှ တက္ကဆီတွေကြားထဲ လမ်းလျှောက်လာရင်း မိုဘိုင်းလ်ဖုန်းနဲ့  Pokemon GO အက်ပလီကေးရှင်းကို သုံးလာတဲ့ အသက် ၂၃ နှစ်အရွယ် ဆော့ဖ်ဝဲလ် developer Timi Ajiboye ကတော့ “မှတ်ချက်ပေးတာလေးနဲ့ တော့ Pokemon GO ဒီကို ရောက်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုပဲ ဒီဂိမ်းကိုကစားလို့ မရနိုင်တဲ့ အလားတူနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယားတွေဆီက မျှော်လင့်နေကြတဲ့ ဂိမ်းဝါသနာအိုးတွေကတော့ ဒီလိုစိတ်ပျက်စရာ သတင်းတွေကနေ သက်သာစရာရှိပါသေးတယ်။ အဲဒီက သုံးစွဲသူတွေကတော့ ဂျာကာတာနဲ့ လာဂို့ စ်မှာ Pokemon ရှာဖို့  ဒီဂိမ်းရဲ့ တရားမဝင်တဲ့ unofficial version ကိုပဲ ဒေါင်းလုပ်ဆွဲပြီး install လုပ်ထားကြပါတယ်။ ဒီဂိမ်းကို ဟက်ခ်လိုက်လို့ ဖုန်းတွေ နာနိုင်တဲ့ APK ဖိုင်တွေကတော့ မြန်မာနိုင်ငံမှာ အခုထိ ရမရ မသိရသေးပါဘူး။”လို့ ဆိုပါတယ်။
ဒီသတင်းကို ပေးပို့ သူကတော့ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲဖို့ အတွက် သူ့ ရဲ့ US AppleID ကို သုံးထားပါတယ်။ ဒါပေမယ့် အတွင်းဝန်ရုံးနားမှာ နာရီဝက်လောက် ကြာအောင် လှည့်သွားရင် သူက မေးခွန်းတစ်ခုပေးခဲ့ပါတယ်။ ရန်ကုန်မှာတော့ Pokemon က လူကြိုက်မများသေးပါဘူး။ ကြည့်ရတာ သင်ဟာ ဒိဂိမ်းကို ပထမဆုံး စပြီးဆော့တဲ့အခါမှာ စပြီးတွေ့ တဲ့ ပိုးကောင်က အပြင်မှာ အလိုလို ပေါ်နေလို့ ဖြစ်မယ်ထင်ပါတယ်။
ဒါဟာ ကောင်းတဲ့အချက်လား။
ဂိမ်းကစားနေစဉ်အတွင်းမှာ Pokemon GO သုံးစွဲသူတွေဟာ ဟိုဟိုဒီဒီသွားလာရင်း ဖုန်းမျက်နှာပြင်နဲ့  မျက်စိ မခွာတမ်းရှိ နေဖို့ လိုအပ်ပါတယ်။ အဲသလို ဖုန်းတစ်လုံးနဲ့ လျှောက်လိမ့်နေတဲ့ ဂိမ်းဂျိုးတွေဟာ ရာဇဝတ်မှု တွေ ၊ တိုးပွားလာတဲ့ ယာဉ်တိုက်မှုဖြစ်မယ့် အလားအလာတွေရှိလာကြပါတယ်။ ဘယ်သူမှ သူတို့ သွားနေတဲ့ နေရာကို စောင့်ကြည့်နေတာ မဟုတ်ပါဘူး။
UAE မှာဆို ဒီဂိမ်းက ဆော့လို့ အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း app store တွေမှာတော့ အခုထိ မရသေးပါဘူး။ အဘူဒါဘီမြို့ ခံရဲတွေကတော့ မြို့ ထဲကို လျှောက်သွားရင်း ဂိမ်းဆော့နေကြတဲ့ နိုင်ငံသားတွေကို သတိပေးထားကြပါတယ်။ ရာဇဝတ်မှု ထူပြောတဲ့ စည်းမဲ့ကမ်းမဲ့ ဆိုင်ကယ်သမားတွေ ခိုးဆိုးနှိုက်တွေနဲ့ ပြည့်နေတဲ့ လာဂို့ စ်မှာတော့ အဲသလို ဂိမ်းထဲကအကောင်တွေကို လိုက်မဖမ်းဖို့ အကြောင်းပြ ချက်ကောင်းတစ်ခု ဖြစ်ဟန်ရှိပါတယ်။ ဒါပေမယ့်လည်း နိုင်ဂျီးရီးယားမှ ဒီဂိမ်းကို ဆော့ဖို့ စိတ်အားထက်သန်နေ ကြသူတွေကတော့ Pokemon မှာ အနီကောင်နဲ့ အပြာကောင်လေးတွေကို ရွေးလို့ ရအောင် စပြီး ဆွဲရတဲ့ Squirtles တွေကို ရှာဖို့ Unofficial version ကို ဒေါင်းလုပ်ဆွဲနေကြပါတယ်။
“ဒါက Mad Max ကားထဲကလို အကြမ်းအရမ်းတွေချည်းပဲ။ ကိုယ့်ဘက်က သွက်မှ မဟုတ်ရင် ကိုယ်ပဲ ခံနေရမယ်”လို့  အသက် ၂၃နှစ်အရွယ် software developer တစ်ဦးဖြစ်တဲ့ Timi Ajiboye က AFP သတင်းဌာန ကို ပြောကြားပါတယ်။
“တစ်ခါတလေကြတော့လည်း ကိုယ့်ဖုန်းကို အပြင်ယူသွားတာ မလုံခြုံပါဘူး။ အဲသလိုယူသွားပြီဆိုရင် ခိုးမယ့်ကောင်က ယင်ကောင်တွေလို အုံပြီး ရောက်လာတာလေ” လို့ လည်း Ajiboye ရဲ့ ညီငယ် Tade က ထပ်လောင်းပြောပြပါတယ်။
နိုင်ဂျီးရီးယားမှာ ဂိမ်းကစားလို့ ရပေမယ့် ဒီဂိမ်းကို ကစားရတာဟာ အန္တရာယ်ရှိနိုင်ပါတယ် လို့  University of Lagos မှ အသက် ၁၉ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာကျောင်းသားတစ်ယောက် က ဆိုပါတယ်။
“ဒီမှာ Pokemon ကစားဖို့ က တရားဝင်ကစားလို့ ရတဲ့ နိုင်ငံမဟုတ်တော့ ရှားရှားပါးပါးဆော့ရတာပါ။ ကျွန်တော့်အဖို့ ကတော့ ကံကောင်းပါတယ်။” လို့ Tade ကပြောပြပါတယ်။
သူရှင်းပြတာကတော့ ဒိုင်နိုဆောလို အစိမ်းကောင်မျိုးတွေကို မဖမ်းနိုင်သေးပေမယ့် Bulbasaur နည်းနည်းတော့ တွေ့ နေပြီဆိုပါတယ်။ ဒီကောင်တွေက ဖမ်းရတာ သိပ်လက်ပေါက်ကပ်တာလို့ လည်း ဆိုပါတယ်။
Pokemon GO ဟာ ရန်ကုန်က ဂိမ်းသမားတွေ အတွက် ဘာလုပ်ပေးမလဲ။ ခေါင်းပေါ်မှာ ရှုပ်လိမ်နေတဲ့ ဝိုင်ယာခြံစည်းရိုးများ ၊ လူသွားလမ်းတစ်လျှောက်ဆီက ပွင့်နေတဲ့ မြောင်းပေါက်များနဲ့  ထိခိုက်ဒဏ်ရာအန္တရာယ် ကြီးပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် ဒေတာတွေရဲ့ ကုန်ကျစရိတ်ကလည်း ရှိသေးတယ်။ ဒီအက်ပလီကေးရှင်း က သင့်ရဲ့ တည်နေရာကို ရယူရမှာပါ။ တစ်ချိန်တည်းမှာ ကင်မရာကလည်း ပွင့်နေမှာဖြစ်ပြီး ဘက်ထရီအားက လည်း ကုန်တော့မယ့်အကြောင်း အချက်ပြမယ့်နှုန်းနဲ့ လုပ်ဆောင်နေမှာပါ။ ကျွန်တော့်ဖုန်းဘက်ထရီရဲ့သုံးပုံတစ်ပုံလောက်က မိနစ် ၃၀ အတွင်းမှာပဲ ပြုတ်သွားပြီး ဘာကောင်မှလည်း မဖမ်းမိလိုက်ပါဘူး။
အကောင်ဖမ်းတုန်း ကားမောင်းခြင်း
ဒီအတောအတွင်း သြစတြီးယားမှာ အသက် ၁၇ နှစ်ရွယ်လူငယ်နှစ်ယောက် ကို ဆစ်ဒနီမြို့ ဆင်ခြေဖုံးရပ် မှာ ကားမောင်းစဉ် ဂိမ်းကစားနေသည့်အတွက် ဒဏ်ရိုက်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ရက်ကြာ ပြီးနောက် ကင်းလှည့်ရဲကားတစ်စင်းဟာ ဂိမ်းကစားရင်း ဖုန်းကိုပဲ စိုက်ကြည့်လာတဲ့ မိန်းကလေးတစ်ယောက်ကို မတိုက်မိအောင် အသည်းအသန်ကွေ့ ရှောင်လိုက်ရတယ်လို့  သြစတြီးယား အနောက်ပိုင်းရဲစခန်းက ဆိုပါတယ်။
“ကျွန်တော်တို့ မှာ ကွေ့ ရှောင်လိုက်ပြီး သူမကို ပြောလိုက်ရတယ်။ကောင်မလေးက သူက ဂိမ်းကို စွဲနေလို့ ပါ တဲ့” လို့  တပ်ကြပ်ကြီး Daniel Fitzgeraldမှ ဒေသတွင်း သတင်းစာအဖွဲ့ ဖြစ်တဲ့ Perth သတင်းစာကို ပြောကြားခဲ့ပါတယ်။
“Pokemon က အန္တရာယ်ကြီးပါတယ်” လို့ ဒီကိစ္စဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ က ပြောဆိုခဲ့ပါတယ်။
အလားတူ စိတ်ပျက်ဖွယ်အဖြစ်တွေကို Tasmania ပြည်နယ်ရဲတပ်ဖွဲ့ မှလည်း ဖော်ပြခဲ့တယ်။ သံသယဖြစ်ဖွယ် ကားတွေ ၊ အပြုအမှုတွေ နဲ့ မိုဘိုင်းလ်ဖုန်းသုံးရင်း ကားမောင်းနေတဲ့လူတွေနဲ့  ပတ်သတ်ပြီး ဖုန်းနဲ့ တိုင်ကြားတာတွေက တိုး တိုးလာပါတယ်လို့ ပြောရင်း ကားမောင်းသမားတွေဆိုတာကတော့ Pokemon လိုက်ရှာနေတဲ့ လူတွေကိုဆိုပါတယ်လို့ လည်း ရှင်းပြပါတယ်။
“ရဲတွေကတော့ လူတွေကို Pokemon တစ်ကောင်တစ်လေ မိဖို့  ကားကို အန္တရာယ်တကြီး မောင်းနေကြတာ မတန်ဘူးလို့  ပြောဆိုအသိပေးတိုက်တွန်းနေရတာပါပဲ” လို့  Tasmania ရဲဌာန မှထပ်ပြောပါတယ်။
ဆစ်ဒနီအနောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေထဲက Rhodes ကျွန်းစုမှ ဒေသခံတွေက ရဲတွေကို တိုင်ကြားရာမှာ ဝရုန်းသုန်းကားနဲ့ ဗရုတ်သုက္ခဖြစ်နေတာတွေ ၊ ညနက်သန်းခေါင်နောက်ပိုင်း Pokemon ကစားတဲ့သူတွေနဲ့ ပန်းခြံမှာ တဝုန်းဝုန်းတဒိုင်းဒိုင်း ဆူညံနေတာတွေ ပါဝင်နေတယ်လို့  Sydney Morning Herald သတင်းစာက သတင်းပေးပို့ ထားပါတယ်။
နယူးဇီလန်နိုင်ငံသားလူငယ်တစ်ယောက်ကတော့ ကဖေးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေရာကနေ ထွက်လိုက်ပြီး နိုင်ငံအနှံ့ မှာရှိတဲ့ virtual Pokemon ဇာတ်ကောင်တွေ နောက်လိုက်နေတယ်လို့ ကြားရပါတယ်။
အသက် ၂၄ နှစ်အရွယ် Tom Currie က Media Works’ Newshub ကိုပြောကြားရာမှာ သူဟာ လမ်း တစ်လျှောက်မှာရှိတဲ့ အပျံစား Pokemon တွေကို ဖမ်းနိုင်သလောက် ဖမ်းလို့ ရအောင် ဘတ်စ်ကားခရီးစဉ်တွေ အများကြီး ကို ကြိုတင်လက်မှတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။
Ref: Myanmar Times (English Version)

www.pyaephyo.com