7/06/2016

♪ Huawei ရဲ့ နောက်ထွက်မယ့် Honor 8 အတွက်အချက်အလက်တချို့ပေါက်ကြားလာ ♫

Huawei ရဲ့ တန်ဖိုးသင့်ဖုန်းတွေထဲက အဓိကစမတ်ဖုန်း Honor 8 စမတ်ဖုန်းအတွက် အချက်အလက်တွေ ကို အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ ဒီပုံရိပ်တွေအရ ဖုန်းကို Huawei ဟာ အရောင်အသွေးတွေ အနေနဲ့ အဖြူတစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်တော့မှာလားလို့ ထင်မှတ်စရာ ဖြစ်လာခဲ့တာပါ။

ဒီသတင်းကို အွန်လိုင်းကောလဟာလ သတင်းတွေထုတ်ပြန်ရာမှာ နာမည်ကြီးတဲ့ TENAA က ပြီးခဲ့တဲ့လတုန်းက ထုတ်ဖော်ခဲ့တာပါ။ Honor Brand ရဲ့ Fan တွေအနေနဲ့ ဒီဖုန်းရဲ့မျက်နှာစာဟာ ယခင်က ထုတ်လုပ်ခဲ့တဲ့ Honor V8 စမတ်ဖုန်းနဲ့ တူညီတယ်ဆိုတာကို ပြောကြားခဲ့ကြပါတယ်။

huawei-honor-8-1

Honor 8 အတွက် အချက်အလက်တွေကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ Huawei က တရားဝင်ထုတ်ဖော်ဖို့ ရှိပြီး ဖုန်းမှာ Kirin 950 Soc နဲ့ ၅.၂ လက်မအရွယ် မျက်နှာပြင်၊ 3GB/4GB RAM နဲ့ 32GB/64GB/128GB ရှိတဲ့ Internal Memory တို့အပြင် ကင်မရာပိုင်းမှာ 12MP/8MP ကင်မရာ၊ A2900 mAh ဘက်ထရီတို့ ပါဝင်လာမယ်လို့ ယခင်တုန်းက သတင်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com