Google ကထုတ်လုပ်မယ့် Nexus ဖုန်းသစ် “Sailfish နဲ့ Marlin” အတွက်
ပုံရိပ်တွေ စတင်ပေါက်ကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကရင်း
ဒီနှစ်အတွင်းမှာ ထွက်ရှိမယ့် Nexus ဖုန်းသစ်ကို Google နဲ့အတူ HTC ကုမ္ပဏီက
ပူးပေါင်းပြီး ထုတ်လုပ်မယ်လို့ ကောလဟလသတင်းတွေထွက်လာခဲ့အပြီးမှာ
အခုလိုဖုန်းအတွက် ပုံရိပ်တွေ ထပ်မံထွက်ပေါ်လာခဲ့တာပါ။
HTC ကထုတ်လုပ်မယ်လို့ သတင်းထွက်နေတဲ့ ကုတ်နာမည်ကတော့ Sailfish နဲ့ Marlin ဆိုပြီး အမျိုးအစား နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Nexus ဖုန်းအနေနဲ့ Glass နဲ့ ဒါမှမဟုတ် Plastic နဲ့ ထုတ်လုပ်လာနိုင်ပြီး ဖုန်းရဲ့အနောက်ဘက်မှာ ‘G’ ဆိုတဲ့ Google ရဲ့ Logo ကို ထည့်သွင်းရိုက်နှိပ်ထားတာပါ။
Sailfish နဲ့ Marlin ဟာ အရွယ်အစားအနေနဲ့ အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ Nexus ဖုန်းတွေရဲ့ ဒီဇိုင်းအတိုင်းပဲ ထွက်ပေါ်လာနိုင်တယ်လို့လဲ သတင်းတွေကဖော်ပြနေကြတာပါ။ ဖုန်းနှစ်မျိုးလုံးဟာ အလျူမီနီယံကိုယ်ထည်ကို အသုံးပြုထားမှာဖြစ်ပြီး အရောင်အနေနဲ့ ငွေအလျူမီနီယံရောင်အပါအဝင် အရောင်မျိုးစုံကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ မျက်နှာပြင်ဖက်ကိုတော့ အဖြူနဲ့ အနက်ရောင်မျက်နှာပြင်တွေအပြင် အပြာရောင်တစ်မျိုးကိုလည်း ထည့်သွင်းလာနိုင်ခြေရှိနေပါတယ်။
ကျောဘက်မှတော့ လက်ဗွေရာလုံခြုံရေးစနစ်၊ ကင်မရာတို့ ပါဝင်တာဖြစ်ပါတယ်။
Nexus ဖုန်းသစ်အနေနဲ့ ပါဝင်မယ့် လုပ်ဆောင်ချက်တွေကတော့ Qualcomm Processor,
4GB RAM နဲ့ 32GB ကနေ 128GB ထိရှိမယ့် Storage ပမဏ၊ 12MP ကျောဘက်ကင်မရာ၊
8MP ရှေ့မျက်နှာကင်မရာနဲ့ 3,450 mAH ဘက်ထရီတို့ ပါဝင်မှာဖြစ်ပါတယ်။
စပီကာကို အောက်ဘက်မှာထည့်သွင်းထားတာဖြစ်ပြီး စပီကာနဲ့အတူ USB-C ပေါက်၊ နားကြပ်ပေါက်တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Sailfish ဟာ အကျယ် ၅လက်မ 1080p ရှိတဲ့မျက်နှာပြင် နဲ့ Marlin ကတော့ ၅.၅လက်မအကျယ်ရှိတဲ့ 2560×1440 AMOLED မျက်နှာပြင် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖော်ပြထားတဲ့ပုံအရ Google ရဲ့ Logo ဖြစ်တဲ့ ‘G’ ကိုဖုန်းရဲ့ ကျောဘက် အောက်ခြေနားမှာ ထည့်သွင်းထားတာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ သတင်းတွေအရ ဒီနှစ်အတွင်းမှာ ဖုန်းဟာ HTC နဲ့ အတူပူးပေါင်းထုတ်လုပ်မှုနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
HTC ကထုတ်လုပ်မယ်လို့ သတင်းထွက်နေတဲ့ ကုတ်နာမည်ကတော့ Sailfish နဲ့ Marlin ဆိုပြီး အမျိုးအစား နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Nexus ဖုန်းအနေနဲ့ Glass နဲ့ ဒါမှမဟုတ် Plastic နဲ့ ထုတ်လုပ်လာနိုင်ပြီး ဖုန်းရဲ့အနောက်ဘက်မှာ ‘G’ ဆိုတဲ့ Google ရဲ့ Logo ကို ထည့်သွင်းရိုက်နှိပ်ထားတာပါ။
Sailfish နဲ့ Marlin ဟာ အရွယ်အစားအနေနဲ့ အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ Nexus ဖုန်းတွေရဲ့ ဒီဇိုင်းအတိုင်းပဲ ထွက်ပေါ်လာနိုင်တယ်လို့လဲ သတင်းတွေကဖော်ပြနေကြတာပါ။ ဖုန်းနှစ်မျိုးလုံးဟာ အလျူမီနီယံကိုယ်ထည်ကို အသုံးပြုထားမှာဖြစ်ပြီး အရောင်အနေနဲ့ ငွေအလျူမီနီယံရောင်အပါအဝင် အရောင်မျိုးစုံကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ မျက်နှာပြင်ဖက်ကိုတော့ အဖြူနဲ့ အနက်ရောင်မျက်နှာပြင်တွေအပြင် အပြာရောင်တစ်မျိုးကိုလည်း ထည့်သွင်းလာနိုင်ခြေရှိနေပါတယ်။
စပီကာကို အောက်ဘက်မှာထည့်သွင်းထားတာဖြစ်ပြီး စပီကာနဲ့အတူ USB-C ပေါက်၊ နားကြပ်ပေါက်တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Sailfish ဟာ အကျယ် ၅လက်မ 1080p ရှိတဲ့မျက်နှာပြင် နဲ့ Marlin ကတော့ ၅.၅လက်မအကျယ်ရှိတဲ့ 2560×1440 AMOLED မျက်နှာပြင် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖော်ပြထားတဲ့ပုံအရ Google ရဲ့ Logo ဖြစ်တဲ့ ‘G’ ကိုဖုန်းရဲ့ ကျောဘက် အောက်ခြေနားမှာ ထည့်သွင်းထားတာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ သတင်းတွေအရ ဒီနှစ်အတွင်းမှာ ဖုန်းဟာ HTC နဲ့ အတူပူးပေါင်းထုတ်လုပ်မှုနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
www.pyaephyo.com