7/24/2016

♪ ရေစိမ်ခံစမ်းသပ်မှုကိုကျရှုံးခဲ့တဲ့ Galaxy S7 Active ဖုန်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီဖြစ်ကြောင်း Samsung ဆို ♫


Samsung ဟာ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်တုန်းက ရေစိမ်ခံတဲ့ စမ်းသပ်မှုမှာ ကျရှုံးခဲ့တဲ့ Samsung Galaxy S7 Active ဖုန်းကို ပြန်လည် ပြင်ဆင်ခဲ့ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Samsung အနေနဲ့ သူတို့ရဲ့ အကြမ်းခဲ့ဖုန်းအနေနဲ့ သီးသန့်ထုတ်လုပ်ထားခဲ့တဲ့ စမတ်ဖုန်းအမျိုးအစားကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Consumer Reports ကနေစမ်းသပ်ခဲ့တာဖြစ်ပြီး ကြော်ငြာ ထားသလို ရေစိမ်ခံခြင်းမရှိပဲ ပျက်သွားခဲ့တာပါ။ Samsung ဟာ ဒီပြသနာအပေါ် အရင်ဆုံး မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့ပေမယ့် ယခုတော့ သူတို့အနေနဲ့ ဒါဟာ ထုတ်လုပ်ရေးပိုင်းဆိုင်ရာမှာ ချို့ယွင်းချက်ရှိခဲ့လို့ဖြစ်ကြောင်း မှန်ကန်ကြောင်း ပြန်လည် ပြောဆိုခဲ့တာပါ။

Samsung Galaxy S7 Active ဖုန်းအသစ်တွေဟာ ယခုအခါမှာ ရေစိမ်ခံ အဆင့်သတ်မှတ်ချက် IP 68 စံနှုန်းနဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဒါဟာဆိုရင် ရေအောက်အနက် ၅ပေမှာ နာရီဝက်တိုင်တိုင် စိမ်ထားလို့ ရတဲ့သဘောပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ ပါတ်သက်ပြီး တခြားပြဿနာ တစ်စုံတစ်ရာရှိတဲ့အကြောင်းကိုတော့ အသေးစိတ်မပြောကြားခဲ့ပါဘူး။ ဒါပေမယ့်လဲပဲ Samsung အနေနဲ့ကတော့ ချွတ်ယွင်းချက်ရှိတဲ့ အပိုင်းပါဝင်သွားတဲ့ ဖုန်းတွေဟာ ပမာဏအနည်းငယ်သာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Samsung ဟာ AT&T နဲ့ ပူးပေါင်းပြီးတော့ ဒီပစ္စည်းတွေကို တစ်နှစ်အာမခံထပ်ပေး ထားပြီး ရေစိမ်/ရေစိုတာနဲ့ ပတ်သက်တဲ့ ဖုန်းထိခိုက်မှုတွေကို ပြန်လည်လဲလှယ်ပေး သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Consumer Reports ကတော့ Samsung အနေနဲ့ တစ်သက်တာအာမခံကို မပေးနိုင်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။

samsung-galaxy-s7-active1

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com