ပါကစ္စတန် ရဲများက ညီမကို သတ်တယ်လို့ ယူဆရတဲ့ လူတစ်ယောက်ကို
လိုက်လံဖမ်းဆီးနေပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက Facebook ပေါ် Sexy Photo
များ တင်လို့ ဖြစ်ပါတယ်။ အသက် (၂၅) နှစ်အရွယ် Qandeel Baloch လို့လည်း
သိကြတဲ့ Fauzia Azeem ကို သူ့အစ်ကို Wasim Azeem က လည်ပင်းညှစ်
သတ်လိုက်ပါတယ်။
သူတို့ရဲ့ ဖခင် Ahmad Azeem က သမီးဖြစ်သူ အသက်သေသွားတာကို သိရှိပြီးနောက်မှာ ရဲစခန်းကို တိုင်လိုက်ပါတယ်။ Ahmad က သူ့သားဟာ သမီးဖြစ်သူ လူမှုကွန်ရက်မှာ ဒီလိုပုံတွေ တင်နေတာကို တားဆီးခဲ့ပေမယ့် မလိုက်နာခဲ့ဘူးလို့ ပြောပါတယ်။
မိသားစုရဲ့ ဂုဏ်သိက္ခာမကျစေဖို့ Wasim က Qandeel ကို သတ်လိုက်တာ ဖြစ်ပါတယ်။ သူမဟာ Facebook မှာ ပါကစ္စတန်ရဲ့ ကင်မ်ကာဒါရှီယန်လို့ နာမည်ကြီးပါတယ်။

www.pyaephyo.com