7/16/2016

♪ Facebook Messenger မှာလည်း Instant Articles တွေ ဖတ်ရှုနိုင်ပြီ ♫


Facebook ဟာ ၎င်းတို့ရဲ့ Instant Articles ၀န်ဆောင်မှုကို Messenger မှာလည်း ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

Instant Articles ဆိုတာ လင့်ခ်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါ Facebook app အတွင်းက browser (သို့) အခြားမိုဘိုင်းဘရောက်ဆာနဲ့ ဖွင့်ပြီး၊ တခြားဝက်ဘ်ဆိုဒ်ထဲကို ဆွဲခေါ်သွားမှာမဟုတ်ဘဲ၊ Facebook ထဲမှာတင် web စာမျက်နှာတစ်ခုလုံး တန်းပေါ်လာမှာဖြစ်ပါတယ်။ Web စာမျက်နှာတစ်ခုကို load လုပ်ဖို့ ကြာချိန်တွေ မရှိတော့ဘဲ၊ သတင်းတိုက်ရိုက်တန်းဖတ်နိုင်မယ့်ဝန်ဆောင်မှုဖြစ်ပါတယ်။

အခုအခါမှာတော့ Instant Articles တွေကို Facebook ထဲမှာတင်မဟုတ်ဘဲ၊ Messenger ကနေလည်း ဖတ်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

https _blueprint-api-production.s3.amazonaws.com_uploads_card_image_145251_13700047_10157276382170195_2332215756329276420_n

Facebook ပေါ်ကအတိုင်းပဲ၊ Messenger ထဲက Instant Articles တွေမှာလည်း သတင်းလင့်ခ်တစ်ခုရဲ့ ခေါင်းစီးပုံညာဘက်ထောင့်မှာ ဒီလင့်ခ်က Instant Articles ဖြစ်ကြောင်း မိုးကြိုးသွားပုံလေး ပြပေးထားမှာဖြစ်ပါတယ်။

Messenger ထဲက Instant Articles ၀န်ဆောင်မှုကို လက်ရှိမှာ Android အသုံးပြုသူတွေပဲရရှိဦးမှာဖြစ်ပြီး၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ iOS ကိုလည်းထုတ်ပေးမှာဖြစ်ကြောင်း Facebook Messenger ဌာန အကြီးအကဲဖြစ်သူ David Marcus က သူ့ရဲ့ Facebook ပို့စ်မှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com