Facebook က Messenger မှာ Bot တွေကို အသုံးပြုနိုင်တဲ့ ပလက်ဖောင်းကို
ပြုလုပ်ပေးထားပါတယ်။ F8 မှာ Facebook Messenger အတွက် Bots တွေကို
မိတ်ဆက်အပြီး လအနည်းငယ် အကြာမှာပဲ Bots ပေါင်း ၁၁၀၀၀ ကျော်ကို
အသုံးပြုနေကြပါပြီ။ Bots တွေရဲ့ စွမ်းဆောင်ရည်တွေဟာလည်း
ပိုမိုများပြားလာနေပါပြီ။
Users တွေအတွက်လည်း Bots တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်များကိုလည်း ထည့်ပေးနေပါတယ်။ ဥပမာအားဖြင့် Notification မတွေ့ချင်တဲ့ Bot ကို Mute လုပ်နိုင်လာပါပြီ။ Bot Developers များကိုလည်း Users များက တိုက်ရိုက် မှတ်ချက်များ ပေးပို့နိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းများက သူတို့ရဲ့ Messenger အကောင့်အတွက် Bots များကို ဖန်တီးနိုင်ပါတယ်။ Bots များက Customers များ မေးမြန်းတာတွေကို အလိုအလျှောက် ပြန်လည် ဖြေကြားပေးနိုင်ပါတယ်။ အဲဒီအတွက် ၀န်ထမ်းများကို အလုပ်သက်သာစေပါတယ်။ အခုဆိုရင် Bots များဟာ Customers များအား GIFs, Videos, Audio Files နဲ့ အခြား ဖိုင်များကိုတောင် ပြသနိုင်ကြပါပြီ။ Facebook Messenger Bot Platform မှာ Signup လုပ်ထားတဲ့ Developer ပေါင်း ၂၃၀၀၀ ကျော်ရှိနေပါပြီ။

www.pyaephyo.com