7/15/2016

♪ ဘာကြောင့် ဈေးကြီးတဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးကို သင်မလိုအပ်သလဲ ♫


2016 နှစ်လယ်ပိုင်းကို ရောက်တာနဲ့ Android ဖုန်းထုတ်လုပ်သူအများစုဟာ အခုဆိုရင် သူတို့ ရဲ့ ရောင်းအားကို တွန်းတင်ပေးလိုက်မယ့် နောက်ဆုံးပေါ်အသစ်စက်စက် ဖုန်းတွေကို ထုတ်လာကြပါပြီ။ ဒီဖုန်းတွေဟာ 2017 အထိ ရောင်းအားကောင်းစေမယ့် နောက်ဆုံးထုတ်တွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့နောက်ဆုံးထွက် စမတ်ဖုန်းတွေလည်းရှိသလို ဈေးနှုန်းမြင့်မားပြီးစွမ်းဆောင်ရည်လည်းအလွန်ကောင်းမွန်တယ်ဆိုတဲ့စမတ်ဖုန်းတွေလည်း လတိုင်းလိုလိုထွက်ရှိလာပါတယ်။ ကျွန်တော်ကတော့ ဒီလို ဈေးကြီးတဲ့ Flagship Smartphone တွကို ဝယ်လောက်အောင် မက်လောက်စရာ အကြောင်းရင်းရယ်လို့ မရှိဘူးလို့ မြင်ပါတယ်။

သင့်စမတ်ဖုန်းပေါ်မှာ လျှပ်စစ်သံလိုက်စက်ကွင်းအရှိန်ကို မြှင့်ပေးတဲ့ ကိရိယာတစ်ခု ရှိစရာ မလိုပါဘူး

ဒီနှစ်အတွင်း ကျွန်တော်တို့ ဟာ မတူခြားနားတဲ့လုပ်ဆောင်ချက်တွေအတွက် တစ်ပိုင်းချင်းစီလုပ်ပေးတဲ့ အစိတ်အပိုင်းလေးတွေကို ကောင်းမွန်တဲ့ပုံစံ အခင်းအကျင်းနဲ့  အများကြီး စုစည်းနိုင်လာပါတယ်။ တစ်ပိုင်းချင်းစီမှာတော့ ချို့ ယွင်းချက်လေးတွေကတော့ ရှိနေဆဲပါ။ Samsung ဟာဆိုရင် ကွေးညွှတ်လို့ ရတဲ့ မျက်နှာပြင်ပုံစံနဲ့ စမတ်ဖုန်းတွေကို ဒီဇိုင်းထုတ်နေဆဲဖြစ်ပါတယ်။ လုပ်ဆောင်ချက်အများစုကတော့ မျက်နှာပြင်ပြား စမတ်ဖုန်းတွေမှာလိုပဲ လုပ်ဆောင်နိုင်မှာပါ။တစ်ချိန်တည်းမှာပဲ OnePlus 3 ဟာ သူ့ မှာပါတဲ့ RAM 6 GB ကိုတောင် အပြည့်အဝ မသုံးစွဲပါဘူး။(ဒီနေ့ ဆိုရင်တော့ အပြောင်းအလဲရှိနိုင်ပါတယ်။)

ဖုန်းတစ်လုံးမှာ သံလိုက်စက်ကွင်းအရှိန်ကို မြှင့်ပေးတဲ့ ကိရိယာတစ်ခု အသေပါလာဖို့ မလိုပါဘူး။ လေထီး တစ်ခုအဖြစ် ပြောင်းပေးစရာမလိုပါဘူး ။ သင့်အနေနဲ့  ဒါတွေပေါ်မှာ ပစ္စည်းတွေကို ထပ်တင်စရာ မလိုသလိုမျိုးပါပဲ။အကောင်းစားဖုန်းတွေနဲ့ အလတ်တန်းစား ဖုန်းတွေကြားက ခြားနားချက်ဟာ ဈေးနှုန်းအရ ကွာခြားချက်နည်းလာပါပြီး ကြားထဲက အဟန့် လောက်ပဲ ကျန်နေခဲ့ပါတယ်။



သင်အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး တစ်ခါတစ်လေမှ ဖတ်ရကြားရတယ်ဆိုပေမယ့် GPU ကောင်းကောင်းနဲ့  RAM ကို 2GB / 3GB ပါတဲ့ အလတ်တန်းစား processorပါဝင်တဲ့ ဖုန်းတစ်လုံးဟာ ဈေးကြီးတဲ့ဖုန်းတွေလိုပဲ နေ့ စဉ်လုပ်စရာလေးတွေကို လုပ်နိုင်ပါတယ်။

ကျွန်တော့်လိုပဲ သင့်ရဲ့နေ့ စဉ်စမတ်ဖုန်း ကိုအသုံးပြုခြင်းထဲမှာ မက်ဆေ့ခ်ျပို့ ခြင်း ၊ ရုပ်သံဖိုင်တိုတွေကို ကြည့်ရှုခြင်း ၊ အီးမေးလ်ပေးပို့ ခြင်း နဲ့  ဂိမ်းဆော့ခြင်းတွေ ပါရှိမယ်ဆိုရင် သင့်အနေနဲ့  ဒေါ်လာ ၂၀၀ ထက်မကုန်တဲ့ ဖုန်းတွေပေါ်မှာပဲ လုပ်နိုင်ပါတယ်။ ၉၅ရာခိုင်နှုန်းသောလူတွေ ၉၅ ရာခိုင်နှုန်းသောအချိန်မှာ လုပ်နေတဲ့ လုပ်ဆောင်မှုတွေဟာ သင့်အနေနဲ့ အပိုဒေါ်လာ ၅၀၀ သုံးမလား မသုံးဘူးလားဆိုတာနဲ့ အတူတူပါပဲ။

သင့်အနေနဲ့  အကောင်းဆုံးဓါတ်ပုံအတွက် ပူလစ်ဇာဆုရဖို့ မလိုပါဘူး။
သင်ဟာ ဓါတ်ပုံပညာအကြောင်းနဲ့ ပတ်သတ်ပြီး တကယ့်ကို အလေးအနက်ရှိတယ်ဆိုရင် စမတ်ဖုန်းသုံးပြီး ဓါတ်ပုံတွေ ရိုက်ယူမှာ မဟုတ်ပါဘူး။ အရည်အသွေးမြင့် စမတ်ဖုန်းကင်မရာတစ်လုံး ရှိထားတာ တကယ်ကောင်းပါတယ်။ တစ်ခါတစ်လေမှာတော့ အကောင်းဆုံးနဲ့ အကောင်းဆုံးနီးနီး ဆိုတာအကြားမှာ ပါးပါးလေးနဲ့ ခြားနားနေကြပါတယ်။ သုံးစွဲသူတွေကို စွဲမက်စေတဲ့ အဓိကအကြောင်းရင်းကတော့ အားလပ်ရက် တို့ ၊ ရှုခင်းလှလှလေးတို့ ၊ ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေတွေနဲ့ အတူရှိခဲ့တဲ့ အချိန်လေးတို့ နဲ သက်ဆိုင်တဲ့ပုံလေးတွေ ရိုက်လို့ ရတာ ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ် သက်ဝင်လှုပ်ရှားအဖြစ်အပျက်များ နဲ့  ပြိုင်ပွဲဝင်အရည်အသွေးမျိုးရဖို့  အရေးမကြီးတဲ့ အခြေအနေများကို မှတ်တမ်းတင်ရာလို့ ရတာဖြစ်ပါတယ်။
ပုဂ္ဂလိက အမြင်အရပြောရမယ်ဆိုရင် စမတ်ဖုန်းကင်မရာတွေဟာ ဖုန်းအသစ်ဝယ်တဲ့အခါ ကျွန်တော်အတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ အရင်ကိုင်ခဲ့တဲ့ဖုန်းနဲ့  RAM ဘယ်လောက် CPU / GPU ဘယ်လို ဆိုတာနဲ့  ဘက်ထရီစွမ်းရည်ဘယ်လောက် ကွာတယ် မကွာဘူးဆိုပြီး တကယ်တမ်းနှိုင်းယှဉ်ကြည့်တဲ့ Features က တစ်ခုတစ်လေပဲ ပါတာပါ။

ဒါပေမယ့်လည်း ကျွန်တော့်ဖုန်းအတွက် အဝေးကြည့်မှန်ပြောင်းတစ်ခု ကျွန်တော်မလိုပါဘူး။ ဆော့ဖ်ဝဲကောင်းကောင်းနဲ့ အတူ အမြင်ဆိုင်ရာ ပုံရိပ်ငြိမ်နှုန်းကောင်းမွန်ပါပြီး 12 MP ရှိတဲ့ ကင်မရာတစ်လုံးဆိုရင် အဆင်ပြေနေပါပြီ။ ရုပ်ထွက်ကောင်းဖို့ megapixel သုံး ထားခြင်းဟာဓါတ်ပုံတွေကို မြင်ကွင်းကျယ်မှာ လူမြင်အောင် တင်ပြထားဖို့ ကောင်းပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်တော်ဟာ ဓါတ်ပုံတွေကို စမတ်ဖုန်းပေါ်မှာဖြစ်ဖြစ် မော်နီတာပေါ်မှာပဲ ဖြစ်ဖြစ် ကြည့်လိုက်တာပါပဲ။ ဒီအခြေအနေတွေမှာဆိုထောင်နဲ့ ချီတဲ့ pixels အပိုတွေ အလဟဿ ဖြစ်သွားတာပါတယ်။

            သင့်မှာ iMax ရုပ်သံမျက်နှာပြင်တစ်ခု မလိုပါဘူး
            ဖုန်းတစ်လုံးမှာ QHD resolution (2560*1440 pixels) ရုပ်ထွက်ရှိတယ်လို့ ပြောတဲ့အခါ သင့်အနေနဲ့ ဘာအကျိုးထူးရှိမယ်လို့ တွေးလေ့ရှိပါသလဲ။ PhoneArena ဟာ ဒီ ကိစ္စနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ သုတေသနတစ်ခု တစ်ချို့ လုပ်ခဲ့ပါတယ်။ အဲဒီသုတေသနမှာဆိုရင် (Pixel တစ်ခုချင်းကို သတ်မှတ်နိုင်ခြင်း) လို့ ခေါ်တဲ့ Pixelation ဟာ လူတစ်ယောက်မှာ 20/20 အမြင်မျိုးရှိတယ်လို့ ယူဆပါက ၅ လက်မအကျယ် 1080 pixel ရှိဖုန်းနဲ့ သင့်မျက်လုံးကနေ ၇.၈ လက်မ အကွာမှာpixelation ဖြစ်ပေါ်သလို ၅.၅ လက်မအကျယ် QHD ရုပ်ထွက်ရှိသည့် ဖုန်းနဲ့ ၆.၄၄ လက်မ အကွာမှာလည်း ဖြစ်ပေါ်ပါတယ်။



ဆိုလိုတာကတော့ ဖုန်းဟာ သင့်မျက်လုံးနဲ့ တကယ့်ကို နီးကပ်မနေဘူးဆိုရင် ရုပ်အကြည်ပိုထွက်တာကို သတိထားမိမှာတောင် မဟုတ်ပါဘူး။ မျက်လုံးကနေ ၇.၈ လက်မအကွာအဝေးထားတာဟာ ဖုန်းကို ပုံမှန်ကြည့်နေကျအနေအထားထက် ပိုပြီးနီးနီးကပ်ကပ်ထားတာ ဖြစ်ပါတယ်။
QHD မီဒီယာကိုတော့ နေရာအတော်များများမှာ မတွေ့ ရသေးပါဘူး။ Netflix ပေါ်မှာ မတွေ့ ရပါဘူး။ YouTube သုံးသူနည်းနည်းလောက်ပဲ ဒါမျိုးသုံးတာပါ။ သင့်အနေနဲ့  တီဗွီ လိုင်းတွေနဲ့  ဝက်ဘ်ဆိုဒ်သစ်တွေပေါ်မှာ ဒါမျိုးသုံးတာ တွေ့ မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အရောင်ကောင်းကောင်း နဲ့ တောက်ပမှုအဆင့် မြင့်တဲ့HD ဖန်သားပြင်ပဲ သင့်အနေနဲ့  လိုအပ်တာဖြစ်ပါတယ်။
သင်ဟာ ဒေတာ သိုလှောင်ဖို့ 128 GB မလိုပါဘူး။
            ဒီအကြောင်းအရာကတော့ ဆွေးနွေးဖို့ အတွက် နည်းနည်းတော့ လက်ဝင်ပါတယ်။ဒေတာသိုလှောင်အား များလေလေ ငွေကုန်ကြေးကျများလေလေဖြစ်ပြီး အဲသလို storage များလာတော့ ပိုကောင်းလာပါသလား။ ကျွန်တော်ပြောခဲ့သလိုပဲ ဖုန်းတွေဟာ ပုံမှန်အားဖြင့် 16GB နဲ့  32 GBအ ကြား လာတတ်တာဖြစ်လို့  internal storage အနေနဲ့  64 GB / 128 GB ရဖို့ ဆိုရင် ကြေးကြီးကြီးတော့ ပေးရမှာ ဖြစ်ပါတယ်။
ဒါကိုဖြေရှင်းဖို့ ဆို microSD ကတ်တွေနဲ့  cloud ပေါ်မှာ သိမ်းတာမျိုးတွေ လုပ်လို့ ရပါတယ်။ Android fan တွေမှာ ညွှန်းထားသလို cloud နဲ့  external မှာသိမ်းတာမျိုးတွေဟာ internal storage space မှာ သိမ်းတာနဲ့ တော့ ဘယ်လိုမှ မတူပါဘူး။ ဒါပေမယ့်လည်း microSDမှာ သင့်ရဲ့ မီဒီယာပိုင်းနဲ့  အက်ပလီကေးရှင်းပိုင်းဆိုင်ရာဒေတာတွေအားလုံးကို ထည့်ထားနိုင်တာဖြစ်လို့ internal storage space ဟာ များသောအားဖြင့် အက်ပလီကေးရှင်းတွေအတွက်ပဲ ရှိထားတာဖြစ်ရပါမယ်။အဲဒီ အက်ပလီကေးရှင်းတွေအတွက် နဲ့ 64 GB /128 GB သုံးတယ်ဆိုတာကတော့ ရူးတာပါပဲ။

32 GB ရှိတဲ့ microSD ကတ်တစ်ခုဟာ တန်ဖိုးကြီးတဲ့ စမတ်ဖုန်းကိုဝယ်တာထက် အများကြီးကို သက်သာပါတယ်။ သုံးစွဲသူတွေအများစုကတော့ microSD မှာ data ထည့်လို့ ရတဲ့ ကွာခြားချက်နဲ့ နှိုင်းယှဉ်ပြီး သတိမပြုမိတတ်ပါဘူး။ ဒါ့ထက်ပိုတာကတော့ Google Photos နဲ့ တူတဲ့ ဝန်ဆောင်မှုတွေဟာ ပုံတွေရဲ့ အကန့် အသတ်မရှိတဲ့ သိုလှောင်မှုကို သတ်မှတ်ထားတဲ့ အရွယ်အစားအတိုင်းပဲ ခွင့်ပြုပေးပါတယ်။

နောက်ဆုံးအတွေးများ
            စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး ငွေအများကြီးပေးရတာကလွဲရင် ပြောစရာရယ်လို့ မရှိပါဘူး။ တကယ်တော့ သင်ဟာ ပုံမှန် ဆယ်လူလာဖုန်းတစ်လုံးကို ရွေးချယ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဈေးကြီးတဲ့ စမတ်ဖုန်းတစ်လုံးကိုပဲ ရွေးချယ်တာပဲဖြစ်ဖြစ် စမတ်ဖုန်းတစ်လုံးကတော့ ငွေပိုပေးရမှာ အမှန်ပါပဲ။အကြောင်းပြချက်ကတော့ ဒီဖုန်းနှစ်လုံးကြားက ကွာဟချက်က အလွန်ကိုသိသာမြင်သာနေပါတယ်။ စမတ်ဖုန်းတွေဟာ သူ့ အရင်က ဖုန်းတွေထက် လုံးဝကွဲပြားခြားနားတဲ့ အတွေ့ အကြုံမျိုးကို ပေးပါတယ်။
ဒါပေမယ် စမတ်ဖုန်းတွေအကြား ငွေကြေးနဲ့ အရည်အသွေးပိုင်းကွာခြားချက်မှာ သေးသေးလာပါတယ်။ 2016 ထဲမှာဆို အဲဒီစမတ်ဖုန်းတွေကြားက ခြားနားချက်ကို သိပ်မတွေ့ ရတော့ပါဘူး။

Wai Linn Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com