Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ အိုင်တီအခြေခံသင်တန်းဖြစ်သည့်  IT Essentials  သင်တန်းသစ်အား ဧပြီလအတွင်းတွင် အသစ်ထပ်မံလှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာ အထက်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ၊ အဆင့်မြင့် အိုင်တီပညာရပ်များကို စတင်လေ့လာလိုသူများ၊ အိုင်တီနည်းပညာကို  ပညာရေးအတွက် လက်တွေ့ကျကျ ပြန်လည်အသုံးချရန် ရည်ရွယ်သူများ၊ အိုင်တီပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်အတွက် အခြေခံကောင်းရရှိလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရပါသည်။

IT Essentials သင်တန်းတွင် ယနေ့ လူငယ်တိုင်း သင်ယူတတ်မြောက်ထားသင့်သော Microsoft Word ကို ကျွမ်းကျင်စွာ အသုံးပြုနည်း ၊ အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် စာရိုက်နည်း ၊ Power Point အသုံးပြုပြီး Presentation များပြုလုပ်နည်း ၊ Photoshop ဖြင့်  Graphic Design များ ဖန်တီးနည်း ၊ Adobe Dreamweaver ဖြင့် Web Page များ ရေးဆွဲဖန်တီးခြင်းများ Programming အခြေခံကို ပိုင်နိုင်စွာ နားလည်တတ်မြောက်စေရန် C++ ဘာသာဖြင့် လက်တွေ့ပြုလုပ်လေ့ကျင့်ပေးခြင်းများ ပါဝင်မည်ဖြစ်သည်။  ထို့ပြင် အင်တာနက်နှင့်အီးမေးလ် အသုံးပြုပုံတို့ကိုလည်း သင်ယူရမည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက ကျောင်းသား/သူများအနေဖြင့် အိုင်တီနည်းပညာများ၏ အခြေခံစနစ်များ အကြောင်း ကောင်းမွန်စွာသိရှိနားလည်သွားပြီး မည်သည့် အိုင်တီနည်းပညာလမ်းကြောင်းများကို ရွေးချယ် ရမည်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်စေမည်ဖြစ်သည်။

သင်တန်းချိန်မှာ တစ်ပတ်လျင်သုံးရက် (တနင်္လာ + ဗုဒ္ဓဟူး +သောကြာ) (နံနက် – ၉း၁၅ မှ ၁၂း၁၅)ထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁)လခွဲခန့်သာ ကြာမြင့်မည်ဖြစ်သည်။၎င်းတန်းခွဲတစ်ခုလျှင် သင်တန်းသား ၁၂ ဦးသာ ကန့်သတ်ထားရာ တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း ကြရမည်ဖြစ်သည်။

အဆိုပါသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Myanmar WWW Institute ၊ အဆောင် (၅)၊ အခန်း (၄)၊ MICT Park ၊  လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်မြို့။ (ဖုန်း) ၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉ ၉၇၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။