
ကောင်းနိုးရာရာစာသားများ၊မှ တ်သားလိုက်နာကျင့်သုံးဖွယ်ရာစကားစုများကိုအချို့သောဆို င်များ၊အိမ်၏ဧည့်ခန်းများတွ င်ကပ်ထား(သို့)ချိတ်ဆွဲထားတ တ် ကြပါသည်။ထိုစာသားများသည်စိတ်ဓာတ်ခွန်အားကိုဖြစ်စေသလို၊ အသိတရားများကိုလည်းတိုးပွား စေပါသည်။ပညာရေး၊လူမှုရေး၊စီး ပွားရေး၊ဘာသာရေး စသည်ဖြင့်ဘက်ပေါင်းစုံအတွက် အသိဥာဏ်ရစေမည့်စာသားများရှိ သလို၊မိဘများ၏ကျေးဇူးကိုသိတ တ်အောင် ဖော်ညွှန်းထားသောစာသားများ၊ နေ၀င်ချိန် ဘ၀များကိုစာနာသတိပြုမိစေမည့် စာသားများရှိပါသည်။မမျှော် မှန်းနိုင်သောအကြောင်း၊အကျိုးတရားများကြောင့်သာအချို့ေ သာသူများသည်အသက် အရွယ်ကြီးသည့်အချိန်အထိမနေရ ခြင်းဖြစ်ပါသည်။ပုံမှန်ဘ၀ခရီးလမ်းမှာ တော့လူငယ်မှသည်လူကြီး၊ထိုမှ တစ်ဆင့်သက်ကြီးရွယ်အိုအဖြစ် ရှင်သန် နေထိုင်ကြရပါသည်။နိုင်ငံတို င်း၊မြို့တိုင်းတွင်ဘ၀အထွေေ ထွ၊အရွယ်အမျိုးမျိုးသောလူများစွာတို့ရှင်သန် နေထိုင်သွားလာလှုပ်ရှားနေကြရာ ထိုသူတို့၏ လိုအပ်ချက်များစွာကိုသက်ဆို င်ရာနိုင်ငံများမှအစိုးရများကနည်းလမ်းမျိုးစုံဖြင့်အစွ မ်းရှိသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးနေကြပါသည်။အရပ်ဖက်အဖွဲ့ အစည်းများမှလည်းသက်ကြီးရွယ် အိုများကိုကူညီစောင့်ရှောက် ပေးကြပါ သည်။လူမှုရေးလုပ်ငန်းများ၊ပရ ဟိတလုပ်ငန်းများလုပ်ကိုင်မှု များပြားလာ သောအခါအားကိုးရာမဲ့သောအဘိုး ၊အဘွားများအခြေအနေတစ်ခုအထိ အဆင်ပြေကြပါသည်။ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများအတွက်သာ မဟုတ်ဘဲ အခြားသောအဘိုး၊အဘွားများ၏ နေထိုင်မှုပုံစံများအဆင်ပြေေ စရန် လုပ်ဆောင်ပေးခြင်းမျိုးလည်း ရှိပါသည်။
သွားလာရေးစနစ်တွင်သက်ကြီးရွ ယ်အိုများအဆင်ပြေမှုရှိစေရန် ဦးစားပေး ထိုင်ခုံများထားရှိပေးထားကြ ပါသည်။Bus စီးသည့်အခါသီးသန့် ထိုင်ခုံများ ထားရှိပေးသလို၊ မြေအောက်ရထားများစီးသည့်အခါ တွင်လည်းအ၀င်၊ အထွက်တံခါးပေါက်များနှင့်နီးသောနေရာများတွင်သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များ၊မသန်စွမ်းများထိုင်နိုင်ရန်စီစဉ်ပေးထားကြပါသည်။ကား ပေါ်သို့အတက်၊အဆင်းအဆင်ပြေစေ ရန်လည်းရွေ့လျားမတင်စက် အသေးစားများတပ်ဆင်အသုံးပြု ကပါသည်။ မြေအောက်ရထားများစီးနင်း သည့်အခါလူကြပ်ချိန်တွင်ရထား ပေါ်လိုက်ပါနိုင်ရေးအရင်ကြိုးစားတတ်ကြ ပါသည်။ထို့ကြောင့်လူစီးများ ချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာဝန်ထမ်းများက စောင့်ကြည့်ဖြေရှင်းကြပါသည် ။သွားလာရသည့် ဘူတာအကွာအဝေးပေါ်မူတည်၍ထိုင် ခုံနေရာသည်လည်းတစ်ခါတလေ အရေးပါပါသည်။သက်ကြီးသူများအ တွက်သတ်မှတ်ပေးထားသည့်ထိုင် ခုံများလွတ်နေပါက၀င်ရောက်ထိုင်တတ်ကြပြီး၊အချို့မှာစမတ် ဖုန်းသုံးခြင်း၊အိပ်ငိုက် ခြင်းများဖြစ်ပြီးနေရာဖယ်ပေးရမည်ကိုမသိရှိခြင်းမျိုးလည်း ဖြစ်တတ်ပါ သည်။အခြေအနေအရလူကြီးများမှ နေရာမဖယ်ခိုင်းတတ်ကြပါဘူး။ထို အတွက်နည်းပညာဖြင့်သတိပေးနို င်အောင်လုပ်ဆောင်နေပါသည်။အာ ရှတိုက်မှအင်အားကြီးနိုင်ငံ တစ်ခုသည်ဆင်ဆာစနစ်ပါရှိသောက တ်ပြားများကို ကိုယ်ဝန်ဆောင်များ၊သက်ကြီးရွယ်အိုများအတွက်ထုတ်လုပ်ပေး မှာဖြစ်ပါ သည်။ကားများ၊ရထားများတွင်ရှိသောသတ်မှတ်ထိုင်ခုံများအနီးတွင်လည်း ဆင်ဆာစနစ်များတပ်ဆင်ထားမြှာ ဖစ်ကာ၊ နေရာဖယ်ပေးရမည့်သူရောက်ရှိ လာပါကဆင်ဆာချင်းချိတ်ဆက်မြိ ပီးအချက်ပေးသံမြည်မှာဖြစ်ပါ သည်။ ထိုအခါနေရာဖယ်ပေးဖို့သတိရမှာဖြစ်ပါသည်။အသက်ကြီးပေမယ့် မပျက်စီး သေးဘူးဆိုသည့်စကားအတိုင်းအချို့သောသက်ကြီးသူများသည်အစိုးရ လုပ်ငန်းများ(သို့)ပုဂ္ဂလိကလုပ်ငန်းများမှအနားယူပေမယ့်ကိုယ်တတ် နိုင်သည့်အလုပ်တို့ကိုလုပ်ကိုင်ဆောင်ရွက်နေကြဆဲဖြစ်ပါသ ည်။ရွယ်တူချင်း စုပြီးရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းရှိသလို၊တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ခြင်းလည်းရှိပါသည်။အချို့ သောလူကြီးများကတော့ အပေါင်းအသင်းမများကြပါဘူး။ထိုသူများတစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် ဖြင့်ဖြတ်သန်းနေထိုင်နိုင်ေ စရန်လည်းသက်ကြီးရွယ်အိုများ ကိုတစ်နေ့တာ(သို့)အချိန်ပို င်းစောင့်ရှောက်ပေးသည့် နေရာများရှိပါသည်။အချို့သော သူများ ကတော့ရောဂါဝေဒနာများခံစားနေ ကြရပါသည်။ထို့ကြောင့်ဆရာဝန် ၊ ဆေးခန်းများနဲ့ဆက်သွယ်မှုပို ပြုကြရပါသည်။တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် လည်းသက်ကြီးရွယ်အိုများ၏လှုပ်ရှားမှုများကိုနည်းပညာစနစ်များဖြင့် လေ့လာမှတ်သားပြီးပိုမိုထောက်ပံ့ကူညီနိုင်အောင် ဆောင်ရွက်နေပါသည်။
သက်ကြီးရွယ်အိုများကားစီးနင်းသောအခါ၊ ဈေးဝယ်သည့်အခါအသုံးပြုသည့် ကတ်များပေါ်အခြေခံ၍အချက်အလက် များစုဆောင်းရယူခြင်းဖြစ်ပါ သည်။ လူဦးရေများပြားသောမြို့ပြများထဲတွင်တရုတ်နိုင်ငံမှမြို့ကြီးများလည်းပါဝင်ပါသည်။တိုးပွားလာသောလူဦးရေများထဲတွင်ပျမ်းမျှအသက်၆၀နှစ်ဖြင့် သတ်မှတ်ထားသောလူကြီးပိုင်းအ ရေအတွက်သည်ခန့်မှန်းခြေ3mil lion နီးပါး ရှိပါသည်။တရုတ်နိုင်ငံတွင်န ည်းပညာစနစ်ပိုင်းနဲ့ပတ်သက်၍ ကန့်သတ် ထိန်းချုပ်မှုရှိရာအခုကဲ့သို့ သောလုပ်ဆောင်မှုများနဲ့ပတ်သ က်၍Premier Li Keqiang ကဖွံ့ဖြိုးတိုးတက်မယ့်စီမံကိန်းအသစ်အတွက်အစပျိုးခြင်း ဖြစ်ကြောင်းမှတ်ချက်ပြုပါသည်။ထိုသို့သက်ရွယ်ကြီးသူများ နဲ့ သက်ဆိုင် သည့်အချက်အလက်များရယူရခြင်း မှာ နောင်အနာဂတ်တွင်မည်သို့သော ၀န်ဆောင်မှုများထပ်မံလိုအပ်မ ည်ဆိုသည်ကိုခန့်မှန်းရန်အတွ က်လည်းဖြစ်ပါသည်။ထိုသို့ကြိုတင်ပြင်ဆင်ထားခြင်းသည်ဘဏ္ဍာေ ရးဆိုင်ရာငွေကြေးကဏ္ဍအတွက်လည်းထိုက်သင့်သလောက်အဆင်ပြေစေပါသည်။Beijing Community Service Association ၏vice president ဖြစ်သူBai Qiang က
“ကျွန်တော်တို့အခုကောက်ယူသည့်အချက်အလက်အားလုံးထဲတွင် ပန်းခြံ သို့သွားလည်ခြင်း၊အများပြည် သူသုံးသယ်ယူပို့ဆောင်ရေးယာဥ်များစီးနင်း ခြင်း၊ ဈေးဝယ်ခြင်းကိစ္စရပ်များစသြ ဖင့်အားလုံးပါဝင်ပါတယ်။ အသက်ကြီး သူများမည်သည့်အချိန်တွင်သွားလာမှုနည်းပါးသွားသည်၊ဘယ်အချိန်မှာ လှုပ်ရှားမှုနှေးကွေးစေသည်ဆို တာကိုခန့်မှန်းနိုင်စေဖို့အ ဆိုပါအချက်အလက်များကကူညီနို င်ပါတယ်” ဟုပြောပါသည်။အချက်အလက်များအ ရသက်ကြီး တစ်ယောက်အနေဖြင့်ပန်းခြံသို့ သွားမှုနည်းလာခြင်း၊ကားစီးမှုနည်းလာခြင်း ဖြစ်လာပါကဆက်စပ်ပတ်သက်သောအေ ကြာင်းအရာများကိုစဉ်းစား၍အဆ င်ပြေညီညွတ်အောင်လုပ်ဆောင်ရ မှာဖြစ်ပါသည်။
ပန်းခြံများပိုမိုအဆင့်မြှင့်ရန်လို၊မလို စောင့်ရှောက်ရေးလုပ်ငန်းများတိုးမြှင့် ရန်လို၊မလိုကိုသုံးသပ်ကြရပါ မည်။နည်းပညာနဲ့အချက်အလက်များစုဆောင်း ရယူသည့်အခါအခွင့်အရေးချိုးေ ဖာက်ခံရခြင်းမျိုး၊ဟက်ကာများ၏ရန်ပြုခြင်းခံရခြင်းမျိုး ဖြစ်တတ်ပါသည်။ကတ်အသုံးပြုသောသက်ကြီးရွယ်အိုများကတော့သူ တို့၏အခွင့်အရေးဆုံးရှုံးရမှာကိုစိုးရိမ်မှုမရှိကြောင်း၊ အဆိုပါအစီအစဉ် အကောင်အထည်ဖော်ခြင်းကိုပင် ကျေနပ်ကြောင်းတွေ့ဆုံမေးမြန်းခြင်း အစီအစဉ်များတွင်မှတ်ချက်ပြု ပြောဆိုထားပါသည်။“အဘွားကတော့ စိုးရိမ် စိတ်မရှိပါဘူး။အသက်ကြီးသူတွေဆီမှာလျှို့ဝှက်ချက်မရှိပါ ဘူး”ဟု ဈေးဝယ် စင်တာအသေးတစ်ခုတွင်ကတ်နဲ့ ပေါင်မုန့်ဝယ်နေသောအသက်၈၄နှ စ် အရွယ်Liu Huizhen ကပြောပါသည်။နည်းပညာစနစ်သုံး ကတ်များရှိခြင်း သည် သက်ရွယ်ကြီးသူများအတွက်ကိစ္စ များစွာတွင်ပိုမိုအဆင်ပြေစေ ပါသည်။ ငွေစက္ကူသုံးခြင်းထက်ပိုမိုလွယ်ကူစေပါသည်။“လူကြီးများအတွက်အကြွေများ၊ ငွေစက္ကူများကို ရေတွက်သုံးရခြင်းဟာအခက်အခြဲ ဖစ်စေပါတယ်။ အခုတော့ ကတ်ကိုသက်ဆိုင်ရာစက်အနီးမှာ ကပ်ခြင်း (သို့)ပွတ်ဆွဲခြင်းဖြင့် လွယ်ကူစွာ သုံးနိုင်ပါတယ်”ဟုLiu ကပြောပါသည်။ကတ်ကိုအသုံးပြု ခင်းသည် ငွေစက္ကူ နဲ့ပတ်သက်သော ဘေးအန္တရာယ်များမှလည်းအထိုက် အလျောက်ကင်းလွတ် စေပါသည်။အဆိုပါကတ်များသည်ID သဘောမျိုးလည်းဖြစ်ကာ၊သွားလာ ရေးစနစ်နှင့်ပန်းခြံသို့ဝင် ရောက်ရာတွင်အခမဲ့အဖြစ်အသုံး ပြုနိုင်ပါသည်။အစိုးရမှအဘိုး၊အဘွားများအတွက်ကတ်ထဲသို့လ စဉ်ငွေကြေးထောက်ပံ့ပေးပါသေး သည်။ကတ်ကိုအသုံးပြု၍လည်းဘဏ် များနဲ့ချိတ်ဆက်၍ ငွေကြေးလွှဲပြောင်း ခြင်းပြုနိုင်ပါသေးသည်။Shan ghai မြို့မှာတော့အသက်၆၅နှစ်အရွယ် လူကြီးများအတွက်သတ်မှတ်ထားေ သာကတ်များသည်စားသောက်ဆိုင်များတွင်သုံးပါကလျှော့ဈေးရရှိနိုင်ပြီး၊သယ်ယူပို့ဆောင် ရေးစနစ်အတွက်လည်း အခမဲ့သုံးနိုင်ပါသည်။
အချက်အလက်စုဆောင်းမှုပြုလုပ် သည့်လုပ်ငန်းစဉ်ဖွံ့ဖြိုးမှု နဲ့ပတ်သက်ပြီး တရုတ်သည်အမေရိကန်၊ဗြိတိန်နှ င့်ဂျာမနီတို့ထက် နောက်ကျကြောင်း တရုတ်ရှိThe Boston Consulting Group ၏MD ဖြစ်သူZhang Yue မှတ်ချက်ပြုပါသည်။“အစိုးရပိုင်းကကူညီပေးမှသာထိရောက်သော လုပ်ငန်း စဉ်များလုပ်ဆောင်နိုင်မှာဖြ စ်ပါတယ်။အချက်အလက်ပိုင်းလည်းတိကျမှန်ကန်မှာဖြစ်ပြီး၊ထပ်တိုးဝန်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုပ်ငန်း ရှင်များနှင့်တွေ့ကာသက်ကြီး ရွယ်အိုများအတွက်အထူးအခွင့် အရေးများရရှိအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါ တယ်။ဥပမာ-ဈေးဝယ်သည့်အခါ၊ စားသောက်ဆိုင် တွင်စားသည့်အခါလူတန်းမစီရအောင်၊ လျှော့ဈေးရအောင် ဆောင်ရွက်ပေးခြင်းမျိုးပါ”ဟုBai ကမှတ်ချက်ပြုပါသေးသည်။အချို့ သော သက်ကြီးရွယ်အိုများသည်အိမ်ြ ပင်ထွက်၊သွားလာမှုနည်းပါးပြီးနေ့စဉ်နီးပါး အိမ်ထဲမှာပင်အချိန်ကုန်တတ်ြ ကပါသည်။ထိုအခါကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်တတ်ပါသ ည်။အချို့သောမိသားစုဝင်များ ကတော့အဘိုး၊အဘွားများကူဖော် လောင်ဖက်ရရှိစေရန်အဖော်သဘော မျိုးအမျိုးသား၊အမျိုးသမီးင ယ်များငှားရမ်းခန့်ထားကြပါသ ည်။လောင်းကစားဝိုင်းများသို့  သွားရောက်၍ နေ့စဉ်နီးပါးကစားနေသည့်သက်ြ ကီးရွယ်အိုများလည်းရှိပါ သည်။မည်သို့ပင်ဆိုစေကာမူလြူ ကီးများသည်သူတို့၏ပညာနှင့်အ တွေ့အကြုံ များကိုလူငယ်များအားသင်ကြား ပြသ၊လက်ဆင့်ကမ်းပေးတတ်ကြပြီး၊နုနယ်ပျိုမြစ်သည့်လူငယ်၊လူရွယ်များသည်လည်းတစ်ချိန်တွ င်အိုကြရမည်ဖြစ်ရာအချိန်ရှိ ခိုက်တွင်လုပ်သည့်လုပ်ထိုက် သောကောင်းမွန်သည့်အရာများကို ပြုမူ ဆောင်ရွက်ခဲ့မှသာ နောင်တစ်ချိန်အသက်အရွယ်ကြီး ချိန်တွင် တည်တည် ငြိမ်ငြိမ်ဖြင့်ဆည်းဆာချိန် ကိုကုန်ဆုံးနိုင်မှာဖြစ်ပါသ ည်။
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
သွားလာရေးစနစ်တွင်သက်ကြီးရွ
သက်ကြီးရွယ်အိုများကားစီးနင
“ကျွန်တော်တို့အခုကောက်ယူသည
ပန်းခြံများပိုမိုအဆင့်မြှင
အချက်အလက်စုဆောင်းမှုပြုလုပ်
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com